Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,501–30,520 of 34,671 words

    အ

    အတိတ်၂

    [ʔteɪʔ၂]
    နောင်တချိန်မာ ဇာပိုင် ဖြစ်လှာမည့် အကြောင်းကို တင်ကူးပနာ သိရေ နိမိတ်
    နောင်တစ်ချိန်တွင် မည်သို့ ဖြစ်လာမည့် အကြောင်းကို တင်ကူး၍ သိသော နိမိတ်
    omen
    နာမ်

    အတိတ်ကောက်

    [ʔteɪʔkɔ́ɛʔ]
    တခုတရီ ဖြစ်ပျက်မှု အစဟိစွာရို့ကို တတ်သိ နားလည်ယောင် ရှာဖွီ စူးစမ်း မှတ်သား၍၊ နောင်အခါမှ ဇာပိုင် ဖြစ်လီဖို့ဟု လိုရင်းအဓိပ္ပါယ်ကို ဖော်ရေ။ လိုရင်းအချက်ကို ပြောရေ
    တစ်စုံတစ်ရာ ဖြစ်ပျက်မှု စသည်တို့ကို တတ်သိ နားလည်အောင် ရှာဖွေ စူးစမ်း မှတ်သား၍၊ နောင်အခါတွင် မည်သို့ ဖြစ်မည်ဟု လိုရင်းအဓိပ္ပါယ်ကို ဖော်သည်။ လိုရင်းအချက်ကို ပြောသည်
    interpret the sign or omen to predict the future
    ကြိယာ

    အတိတ်ကောက်၂

    [ʔteɪʔkɔ́ɛʔ၂]
    လိုရင်းအချက်ကို သတ်မှတ် ပြောဆိုရေ
    လိုရင်းအချက်ကို သတ်မှတ် ပြောဆိုသည်
    talk to the main point
    ကြိယာ

    အတိတ်ခိုး

    [ʔteɪʔkʰó]
    တိတ်တခိုး လျှို့လျှို့ ဝှက်ဝှက်နှင့် ပုန်းလျှိုး ကွယ်လျှိုး။ တတိန်းချေ ပုန်းဝှက်
    တိတ်တခိုး လျှို့လျှို့ ဝှက်ဝှက်နှင့် ပုန်းလျှိုး ကွယ်လျှိုး။ တိတ်တိတ်ပုန်း
    closet
    ကြိယာဝိသေသန

    အတိတ်ဆောင်

    [ʔteɪʔsʰàʊɴ]
    လွန်ခပြီးရေ ကာလက ဖြစ်ပျက်ခသမျှ အကြောင်းကို နောက်ထပ် ထုတ်ယူ ဖော်ပြရေ
    လွန်ခဲ့ပြီးသော ကာလက ဖြစ်ပျက်ခဲ့သမျှ အကြောင်းကို တဖန် ထုတ်ယူ ဖော်ပြသည်
    recall the past or refer to the past
    ကြိယာ

    အတိတ်နိမိတ်

    [ʔteɪʔnìmeɪʔ]
    နောင်တချိန်မာ ဇာပိုင်ဖြစ်လှာမည့် အကြောင်းကို တင်ကူးပနာ သိရေ နိမိတ်
    နောင်တစ်ချိန်တွင် မည်သို့ဖြစ်လာမည့် အကြောင်းကို တင်ကူး၍ သိသော နိမိတ်
    omen - portent
    နာမ်

    အတိတ်ပြ

    [ʔteɪʔpɹ]
    နောင်အခါ အောင်မြင်မည့် အကြောင်းကို တင်ကူး နိမိတ်ပြ ခံရရေ
    နောင်အခါ အောင်မြင်မည့် အကြောင်းကို တင်ကူး နိမိတ်ပြ ခံရသည်
    auspiciousness
    ကြိယာ

    အတိတ်ရာဇဝင်

    [ʔteɪʔɹàzwɪ̀ɴ]
    လွန်ခပြီးရေ အတိတ်ကာလမာ ဖောက်ပြန် ပြောင်းလဲခရေ အကြောင်းအရာ
    လွန်ခဲ့ပြီးသော အတိတ်ကာလ၌ ဖောက်ပြန် ပြောင်းလဲခဲ့သော အကြောင်းအရာ
    last event
    နာမ်

    အတိတ်အဆိတ်

    [ʔteɪʔʔsʰeɪʔ]
    ငြိမ်သက် တိတ်ဆတ်စွာ
    ငြိမ်သက် တိတ်ဆတ်စွာ
    quietly
    ကြိယာဝိသေသန

    အတိမ်

    [ʔtèɪɴ]
    စောက်မိုးသောက်ဖက်ရေ။ အရည်အခြင်း အစွမ်းသတ္တိ မဟိသော
    စောက်မနက်သော။ အရည်အချင်း အစွမ်းသတ္တိ မယှိသော
    shallow
    နာမဝိသေသန

    အတိမ်း

    [ʔtéɪɴ]
    စောင်းရေ။ ယိမ်းရေ။ ယိုင်ရေ။ ဖြောင့်မတ်ခြင်း မဟိပဲ အမှန်ရို့မှ သွေဖည်သည်
    စောင်းသည်။ ယိမ်းသည်။ ယိုင်သည်။ ဖြောင့်မတ်ခြင်း မယှိပဲ အမှန်တို့မှ သွေဖည်သည်
    incline
    ကြိယာ

    အတိမ်အနက်

    [ʔtèɪɴʔnɛʔ]
    တခုတရီ၏ အရီးထား လောက်ဖွယ် အတိုင်း အတာ ပမာဏ
    တစ်စုံတစ်ခု၏ အရေးထား လောက်ဖွယ် အတိုင်း အတာ ပမာဏ
    depth - emphasis
    နာမ်

    အတိမ်အမြုပ်

    [ʔtèɪɴʔmɹoʊʔ]
    ပေါ်လှာခြင်း မဟိ ကွယ်ပျောက် လားရေ။ လျှိုးငုပ် ကွယ်ဝှက် လားရေ။ ထင်ရှား ပေါ်လှာခြင်း ကင်းသည်
    ပေါ်လာခြင်း မယှိ ပျောက်ကွယ် သွားသည်။ လျှိုးငုပ် ကွယ်ဝှက် သွားသည်။ ထင်ရှား ပေါ်လာခြင်း ကင်းသည်
    disappear
    ကြိယာ

    အတိမ်းအယိမ်း

    [ʔtéɪɴʔjéɪɴ]
    တဖက်ဘက်ကို ယိမ်းယိုင်ခြင်း။ လွဲမားချွတ်ချော်ခြင်း
    တစ်ဘက်ဘက်သို့ ယိမ်းယိုင်ခြင်း။ လွဲမှားချွတ်ချော်ခြင်း
    slip-up - mistake made inadvertently deviation swaying motion
    နာမ်

    အတိမ်းအယိမ်း

    [ʔtéɪɴʔjéɪɴ]
    မတည်မငြိမ် တိမ်းစောင်း လှုပ်ရှားသည်
    မတည်မငြိမ် တိမ်းစောင်း လှုပ်ရှားသည်
    tilt
    ကြိယာ

    အတိမ်းအယှောင်

    [ʔtéɪɴʔʃàʊɴ]
    တခုတရီ ရွတ်မြောက်ရာသို့ ဖဲခွာ လားရေ
    တစ်စုံတစ်ခု လွတ်ကင်းရာသို့ ဖဲခွာ သွားသည်
    avoid
    ကြိယာ

    အတိအကျ

    [ʔtìʔt͡ɕ]
    မပိုမလို။ စိသားကိုက်။ သေချာကျနစွာ
    မပိုမလို။ တိတိကျကျ။ သေချာကျနစွာ
    definitely precisely
    ကြိယာဝိသေသန

    အတိအရှိ

    [ʔtìʔʃḭ]
    အရွီအတွက် ပမာဏ အစဟိစွာ ပိုခြင်းလိုခြင်း မဟိ၊ တူမျှစွာ။ တန်းတူ
    အရေအတွက် ပမာဏ စသည် ပိုခြင်းလိုခြင်း မယှိ၊ တူမျှစွာ။ တန်းတူ
    equally
    ကြိယာဝိသေသန

    အတိအလင်း

    [ʔtìʔlɪ́ɴ]
    ရှင်းလင်း ပြတ်သားစွာ။ မကွယ်မဝှက် ပွင့်လင်းစွာ
    ရှင်းလင်း ပြတ်သားစွာ။ မကွယ်မဝှက် ပွင့်လင်းစွာ
    openly - plainly - frankly
    ကြိယာဝိသေသန

    အတို

    [ʔtÒ]
    ဟိသင့်သော အမြင့်အောက် နိမ့်ပျပ်သော
    ယှိသင့်သော အမြင့်အောက် နိမ့်ပျပ်သော
    short
    နာမဝိသေသန