Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,621–30,640 of 34,671 words

    အ

    အတွင်းခံ

    [ʔtwɪ́ɴkʰံ]
    အသားနှင့်ကပ်၍ ဝတ်ရရေ အင်္ကျီ၊ ပေါင်ဖ၊ ထဘီအစဟိစွာ
    အသားနှင့်ကပ်၍ ဝတ်ရသော အင်္ကျီ၊ ဘောင်းဘီ၊ ထဘီစသည်
    underwear
    နာမ်

    အတွင်းစကား

    [ʔtwɪ́ɴská]
    လျှို့ဝှက် ထားသင့်သော စကား
    လျှို့ဝှက် ထားသင့်သော စကား
    secret intimate words
    နာမ်

    အတွင်းဆောင်

    [ʔtwɪ́ɴsʰàʊɴ]
    လူရို့၏ အိမ်အထဲဘက်ဟိ တိုက်ခန်း အဆောင်။ နန်းတော်၏ အထဲဘက်ဟိ မင်းမိဖုရားရို့၏ နေတော်မူရာ အခန်းဆောင်
    လူတို့၏ အိမ်အတွင်းဘက်ယှိ တိုက်ခန်း အဆောင်။ နန်းတော်၏ အတွင်းဘက်ယှိ မင်းမိဖုရားတို့၏ နေတော်မူရာ အခန်းဆောင်
    the palace inner chamber (queen’s residence)
    နာမ်

    အတွင်းဆွီး

    [ʔtwɪ́ɴsʰwï]
    ရပေါ်ဆီ အပြုအမူ ဟန်ပန် ကောင်းမွန်ပြီး စိတ်နီ သဖောထား မကောင်းခြင်း
    အပေါ်ယံ အပြုအမူ ဟန်ပန် ကောင်းမွန်ပြီး စိတ်နေ သဘောထား မကောင်းခြင်း
    innate bad nature - secret sorrow - private sorrow
    နာမ်

    အတွင်းပစ္စည်း

    [ʔtwɪ́ɴpsɪ́səɛ́]
    တယောက်ယောက်၏ ပိုင်ဆိုင်ရေ ရွှီ၊ ငွီ၊ လက်ဝတ်လက်စား အစဟိစွာ
    တစ်စုံတစ်ဦး၏ ပိုင်ဆိုင်သော ရွှေ၊ ငွေ၊ လက်ဝတ်လက်စား စသည်
    gold and jewelery owned by a person
    နာမ်

    အတွင်းမီး

    [ʔtwɪ́ɴmï]
    အိမ်၏ အထဲမာ မိသားစု အချင်းချင်း မသင့်မတင့် ဖြစ်ပွားနိန်ရေ ခိုက်ရန် ဒေါသအစဟိစွာ
    အိမ်၏ အတွင်း၌ မိသားစု အချင်းချင်း မသင့်မတင့် ဖြစ်ပွားနေသော ခိုက်ရန် ဒေါသစသည်
    [ fig ] internal dissension within community personal woes
    နာမ်

    အတွင်းရန်

    [ʔtwɪ́ɴɹàɴ]
    ချစ်ခင် ရင်းနှီးသူရို့က ပြုလာရေ ရန်
    ချစ်ခင် ရင်းနှီးသူတို့က ပြုလာသော ရန်
    betrayal - treachery (of trusted persons ) enemy within
    နာမ်

    အတွင်းလူ

    [ʔtwɪ́ɴlù]
    လူပုဂ္ဂိုလ် တဦးတယောက်အား ယုံကြည် စိတ်ချရသူဟု အသိအမှတ် ပြုထားခြင်း ခံရသူ
    လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ယုံကြည် စိတ်ချရသူဟု အသိအမှတ် ပြုထားခြင်း ခံရသူ
    trusted person
    နာမ်

    အတွင်းဝင်

    [ʔtwɪ́ɴwɪ̀ɴ]
    အကျုံးဝင်ရေ။ သက်ဆိုင် ပါဝင်ရေ
    အကျုံးဝင်သည်။ သက်ဆိုင် ပါဝင်သည်
    relevant
    ကြိယာဝိသေသန

    အတွင်းဝင်ပြင်ထွက်

    [ʔtwɪ́ɴwɪ̀ɴpɹɪ̀ɴtʰwɛʔ]
    အလွန် ခင်မင် ရင်းနှီး ချစ်ကျွမ်းဝင်သူ
    အလွန် ခင်မင် ရင်းနှီး ချစ်ကျွမ်းဝင်သူ
    lover
    နာမ်

    အတွင်းသား

    [ʔtwɪ́ɴθá]
    မျိုးနွယ်မပျက် ဆင်းသက်လာရေ ညီအစ်ကို မောင်နှမ ဆွီမျိုးသားချင်း
    မျိုးနွယ်မပျက် ဆင်းသက်လာသော ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်း
    courtier Also နန်းတွင်းသူ နန်းတွင်းသား confidantinnards (of a book)
    နာမ်

    အတွင်းသိ

    [ʔtwɪ́ɴθì]
    သူတိတိုင်း မသိနှိုင်ရေ အကြောင်းကိစ္စ အဝဝကို (ကိုယ့်က) သေချာ ကျနစွာ သိထားခြင်း
    သူများတကာ မသိနိုင်သော အကြောင်းကိစ္စ အဝဝကို (မိမိက) သေချာ ကျနစွာ သိထားခြင်း
    one who is privy to personal and confidential matters
    နာမ်

    အတွင်းသိအကြောင်းသိ

    [ʔtwɪ́ɴθìʔt͡ɕáʊɴθì]
    သူတိတိုင်း မသိနှိုင်ရေ အကြောင်းကိစ္စ အဝဝကို (ကိုယ့်က) သေချာ ကျနစွာ သိထားခြင်း
    သူများတကာ မသိနိုင်သော အကြောင်းကိစ္စ အဝဝကို (မိမိက) သေချာ ကျနစွာ သိထားခြင်း
    one who knows the ins and outs of somebody’s affairs
    နာမ်

    အတွတ်တွတ်

    [ʔtwaʔtwaʔ]
    နားထောင်ချင်စဖွယ် ခရာတာတာ ရက်ပြတ် ပြောဆိုဗျာယ်
    နားထောင်ချင်စဖွယ် ခရာတာတာ အဆက်မပြတ် ပြောဆိုလျက်
    repeatedly
    ကြိယာဝိသေသန

    အတွန့်

    [ʔtʊ̀ɴ့]
    အနိမ့်အမြင့် အကွိ့အကောက် အထပ်အဆင့် အစဟိစွာ ဖြစ်ပေါ်နိန်ရေ အရာ
    အနိမ့်အမြင့် အကွေ့အကောက် အထပ်အဆင့် စသည် ဖြစ်ပေါ်နေသော အရာ
    smocking - kink - wave - pleat - crease - wrinkle
    နာမ်

    အတွန့်တက်

    [ʔtʊ̀ɴ့tɛʔ]
    ဣန္ဒြေကင်း ဖောက်ပြန်သည်
    ဣန္ဒြေမဲ့ လော်လည်သည်
    be argumentative Also ကျစ်တွန့်တက်
    ကြိယာ

    အတွန့်အညွန့်

    [ʔtʊ̀ɴ့ʔɲʊ̀ɴ့]
    ကိုယ့် ပြောဆိုချက်ကို ခိုင်မြဲအောင် ထပ်မံ ပြောဆိုရေ
    မိမိ ပြောဆိုချက်ကို ခိုင်မြဲအောင် ထပ်မံ ပြောဆိုသည်
    talk repeatedly
    ကြိယာ

    အတွန့်အတွန့်

    [ʔtʊ̀ɴ့ʔtʊ̰ɴ]
    ထပ်၍ ထပ်၍ ခေါက်ချိုးထားရေ အရာ ဖြစ်ပေါ်ဗျာယ်
    ထပ်၍ ထပ်၍ ခေါက်ချိုးထားသော အရာ ဖြစ်ပေါ်လျက်
    crinkly
    ကြိယာဝိသေသန

    အတွန့်အရွံ့

    [ʔtʊ̰ɴʔɹwံ့]
    စက်ဆုတ်သောအနိန်နန့် ရွံကြောက်ဗျာယ်
    စက်ဆုတ်သော အားဖြင့် ရွံကြောက်လျက်
    fear with loathing
    ကြိယာဝိသေသန

    အတွိ

    [ʔtwì]
    ကိုယ်နှင့် တခုတရီ ထိတွိမှုကြောင့် ခံစားရမှု သဘော
    ကိုယ်နှင့် တစ်စုံတစ်ခု ထိတွေ့မှုကြောင့် ခံစားရမှု သဘော
    feeling - touch
    နာမ်