Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,821–30,840 of 34,671 words

    အ

    အဒ၂

    [ʔd၂]
    ယင်းပိုင် အရွယ်ဟိရေ မမာ့ကြီးတိအား ရိုသီရေအနိန်နန့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    ယင်းသို့ အရွယ်ရှိသော မိန်းမကြီးများအား ရိုသေသော အားဖြင့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    grandmother
    နာမ်

    အဒိချက်အနာချက်

    [ʔdìɕɛʔʔnàɕɛʔ]
    နာကြင်စရာ ကောင်းလောက်ယောင်။ စိတ်နှလုံး ထိခိုက် နှိုင်လောက်ယောင်
    နာကျင်စရာ ကောင်းလောက်အောင်။ စိတ်နှလုံး ထိခိုက် နိုင်လောက်အောင်
    injure
    ကြိယာဝိသေသန

    အဒိချက်အနာချက်၂

    [ʔdìɕɛʔʔnàɕɛʔ၂]
    လိုရင်း ဖြစ်ရေ၊ အရီးကြီးရေ အရာ
    လိုရင်း ဖြစ်သော၊ အရေးကြီးသော အရာ
    point - essence
    နာမ်

    အဒိဇစ်

    [ʔdìzɪʔ]
    အကြောင်းအရာ။ အခြီခံ အချက်အလက်။ မွီးဖွားရာ အရပ်
    အကြောင်းအရာ။ အခြေခံ အချက်အလက်။ မွေးဖွားရာ အရပ်
    native - subject
    နာမ်

    အဒိဇာစ်အနာဇာစ်

    [ʔdìzàɪʔʔnàzàɪʔ]
    ဇာတ်မြစ်
    ဇာတ်မြစ်
    native
    နာမ်

    အဒိန်ဒိန်ဒိန်နင်းနင်း

    [ʔdèɪɴdèɪɴdèɪɴnɪ́ɴnɪ́ɴ]
    အဘုချေငယ်အား မောင်းရင်း နှစ်ဘက်ကို ကိုင်ကာ အရပ်ခိုင်းပြီး စိကေချေ ခြေနှစ်ဘက်ကို ကြွလောက်ရုံ ချီတုံ ချတုံပြုပြီး အဒိန်ဒိန် ဒိန်နင်းနင်း မိုးမရွာလို့ မကြီးသိ၊ မိုးရွာလက်တေ ကြီးတက်တေ၊ နီပူလတ်တေ ရင့်လတ်တေ ဆိုကာ ခြေကို ကြွတုံချတုံပြု စီရား ပြောဆိုရေ စကား
    ခလေးငယ်အား မောင်းရင်း နှစ်ဘက်ကို ကိုင်ကာ အရပ်ခိုင်းပြီး အနည်းငယ် ခြေနှစ်ဘက်ကို ကြွလောက်ရုံ ချီတုံ ချတုံပြုပြီး အဒိန်ဒိန် ဒိန်နင်းနင်း မိုးမရွာလို့ မကြီးသိ၊ မိုးရွာလက်တေ ကြီးတက်တေ၊ နီပူလတ်တေ ရင့်လတ်တေ ဆိုကာ ခြေကို ကြွတုံချတုံပြု စေပြီး ပြောဆိုသော စကား
    none
    နာမ်

    အဒီအဒါ

    [ʔdíʔdà]
    ဆွီမျိုး အစိုင်အဆက်။ ဆွေစဉ် မျိုးဆက်ကို ပြောသော စကားလုံး
    ဆွေမျိုး အစဉ်အဆက်။ ဆွေစဉ် မျိုးဆက်ကို ပြောသော စကားလုံး
    generation
    နာမ်

    အဒူမင်းညို

    [ʔdùmɪ́ɴɲÒ]
    ရခိုင်မင်းသမီး ဧချင်းကို ရီးစပ်သော စာဆိုရှင် တဦး၏ အမည်
    ရခိုင်မင်းသမီး ဧချင်းကို ရေးစပ်သော စာဆိုရှင် တစ်ဦး၏ အမည်
    poet
    နာမ်

    အဒေါ်ဂြီးမငါး

    [ʔdɔ̀dʑïmŋàး]
    အဒေါ်ကြီးမငါး ငါးတမျိုး၏ အမည်
    အဒေါ်ကြီးမငါး ငါးတစ်မျိုး၏ အမည်
    adaw gyi ma fish
    နာမ်

    အဒါကြီး

    [ʔdàt͡ɕï]
    အသက် အရွယ်ကြီး ရင့်သော မမာ့ကြီးတိအား ရိုသေသမှု အကြောင်းပြပြီးကေကေ ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    အသက် အရွယ်ကြီး ရင့်သော မိန်းမကြီးများအား ရိုသေသမှု အကြောင်းပြု၍ ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    aunt
    နာမ်

    အဒါထွီး

    [ʔdàtʰwï]
    အဘိုး၏ နှမထွေး အဘောင်မ၏ ညီမထွေး
    အဘိုး၏ နှမထွေး အဘွား၏ ညီမထွေး
    grandmother
    နာမ်

    အဒါဘောင်

    [ʔdàbʱàʊɴ]
    အသက်အရွယ် အိုမင်းသော မမာ့
    အသက်အရွယ် အိုမင်းသော မိန်းမ
    old lady
    နာမ်

    အဒါယေ

    [ʔdàjè]
    မိခင် ဖခင်ရို့၏ အမင်။ ၂၊ ယင်းရို့ကို ခေါ်သော အာလုပ်စကား။ ၃၊ ယင်းပိုင် အရွယ်ဟိရေ မမာ့ကြီးတိအား ရိုသီရေအနိန်နန့် ခေါ်ဝေါ်သုံးနှုန်းသော အာလုပ်စကား။ မြို့စွန်ဖျားမာ၊ ပန်းများဆက်ရ၊ အဒါယေလေ၊ ပန်းသည်မနှင့်၊ တွိရခါဝယ် (နာရဒ)။ ခုဝယ်ဖြာ၊ ငါအယပိုင်မာ ခဗျာကိုပင်၊
    မိခင် ဖခင်တို့၏ အမေ။ ၂၊ ယင်းတို့ကို ခေါ်သော အာလုပ်စကား။ ၃၊ ယင်းသို့ အရွယ်ရှိသော မိန်းမကြီးများအား ရိုသေသော အားဖြင့် ခေါ်ဝေါ်သုံးနှုန်းသော အာလုပ်စကား။ မြို့စွန်ဖျားမှာ၊ ပန်းများဆက်ရ၊ အဒါယေလေ၊ ပန်းသည်မနှင့်၊ တွေ့ရခါဝယ် (နာရဒ)။ ခုဝယ်ဖြာ၊ ငါအဒါမှာ ခဗျာကိုပင်၊
    grandmother
    နာမ်

    အဒါလျှင်

    [ʔdàʃɪ̀ɴ]
    မိခင် ဖခင်ရို့ အမင်။ အဘောင်မ
    မိခင် ဖခင်တို့ အမေ။ အဘွား
    grandmother - great grandmother
    နာမ်

    အဒါသျှင်မ

    [ʔdàʃɪ̀ɴm]
    အဘောင်မ၏ ညီမ။၂၊ အဘိုး၏ နှမ။ ၃၊ ယင်းရို့အား ခေါ်ဝေါ်သော အာလုပ်စကား။ ၄၊ ယင်းပိုင် အရွယ်ဟိရေ မမာ့ရို့အား ရိုသေသမှုဖြင့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    အဘွား၏ ညီမ။၂၊ အဘိုး၏ နှမ။ ၃၊ ယင်းတို့အား ခေါ်ဝေါ်သော အာလုပ်စကား။ ၄၊ ယင်းသို့ အရွယ်ရှိသော မိန်းမတို့အား ရိုသေသမှုဖြင့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    grandmother
    နာမ်

    အဒါသျှေ

    [ʔdàʃè]
    အဘောင်မ၏ ညီမ။၂၊ အဘိုး၏ နှမ။ ၃၊ ယင်းရို့အား ခေါ်ဝေါ်သော အာလုပ်စကား။ ၄၊ ယင်းပိုင် အရွယ်ဟိရေ မမာ့ရို့အား ရိုသေသမှုဖြင့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    အဘွား၏ ညီမ။၂၊ အဘိုး၏ နှမ။ ၃၊ ယင်းတို့အား ခေါ်ဝေါ်သော အာလုပ်စကား။ ၄၊ ယင်းသို့ အရွယ်ရှိသော မိန်းမတို့အား ရိုသေသမှုဖြင့် ခေါ်ဝေါ် သုံးနှုန်းသော အာလုပ်စကား
    grandmother
    နာမ်

    အဓလိ

    [ʔdʱlì]
    အခေါက်ခေါက် အထပ်ထပ် ကြိုးစား အားထုတ်ခြင်းကြောင့် ရဟိရေ အကျင့်၊၊ အမူအရာ။ အလိ။ အကျင့်။ အထုံ။ ဝါသနာ။ ထုံးစံ။ အလိအထ။ စရိုက်
    အကြိမ်ကြိမ် အထပ်ထပ် ကြိုးစား အားထုတ်ခြင်းကြောင့် ရရှိသော အကျင့်၊၊ အမူအရာ။ အလေ့။ အကျင့်။ အထုံ။ ဝါသနာ။ ထုံးစံ။ အလေ့အထ။ စရိုက်
    habit
    နာမ်

    အဓိက

    [ʔdʱìk]
    လိုရင်းဖြစ်ရေ အချက်။ အရီးကြီးရေ အချက်
    လိုရင်းဖြစ်သော အချက်။ အရေးကြီးသော အချက်
    that which is important significant - basic [as in လူသာ ~ဖြစ်-] predominant factor [as in တေဇောဓာတ် ~ ဖြစ်သော ရောဂါ] [ Pali အဓိက ]
    နာမ်

    အဓိကချက်

    [ʔdʱìkɕɛʔ]
    ဆိုလိုရင်း အဓိပ္ပာယ်။ ဆိုလိုရင်း အနက် သဘော
    ဆိုလိုရင်း အဓိပ္ပာယ်။ ဆိုလိုရင်း အနက် သဘော
    predominant factor
    နာမ်

    အဓိကရ

    [ʔdʱìkɹ]
    အလွန် ကြီးမားရေ။ ထင်ရှား ပေါ်လွင်သော
    အလွန် ကြီးမားသော။ ထင်ရှား ပေါ်လွင်သော
    prominent - notable - eminent - conspicuous [ Pali အဓိက +ဓရ ? ]
    နာမဝိသေသန