Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 30,921–30,940 of 34,671 words

    အ

    အနာပြန်ဖြစ်

    [ʔnàpɹàɴpʰɹɪʔ]
    နောက်ထပ် ယင်းပိုင် ရောဂါမျိုး ဖြစ်ပေါ်လှာရေ
    နောက်ထပ် ယင်းသို့ ရောဂါမျိုး ဖြစ်ပေါ်လာသည်
    disease
    ကြိယာ

    အနာပြုန်းအိုး

    [ʔnàpɹóʊɴʔó]
    အနား လက်ကိုင် မပါရေ အိုး
    အနား လက်ကိုင် မပါသော အိုး
    pan
    နာမ်

    အနာပွား

    [ʔnàpWà]
    အနာမှ ထွက်သော ပြည်၊ သား နံ့ရည် အစဟိစွာရို့ ရောက်ရေ့ နီရာမာ ယင်းနည်းပိုင် အနာများ ဖြစ်ပွား စီတတ်သည့် အနာတမျိုး
    အနာမှ ထွက်သော ပြည်၊ သား နံ့ရည် စသည်တို့ ရောက်သည့် နေရာတွင် အလားတူ အနာများ ဖြစ်ပွား စေတတ်သည့် အနာတစ်မျိုး
    fester
    နာမ်

    အနာဖီး

    [ʔnàpʰï]
    အနာ ပျောက်လုခါနီး၌ အနာ၏ ရပေါ်ဆီမာ ဖြစ်လှာသော အလွှာထပ်
    အနာ ပျောက်လုခါနီး၌ အနာ၏ အပေါ်ယံတွင် ဖြစ်လာသော အလွှာထပ်
    scab (of a sore)
    နာမ်

    အနားဖီး

    [ʔnápʰï]
    တောင်း၊ ပလုံး အစဟိစွာ့ရို့၏ နှုတ်ခမ်း တဖက်တချက်၌ တပ်ထားရေ ကွင်း
    တောင်း၊ ပလုံး စသည့်တို့၏ နှုတ်ခမ်း တစ်ဘက်တစ်ချက်၌ တပ်ထားသော ကွင်း
    none
    နာမ်

    အနာမနီ

    [ʔnàmní]
    လူရို့၏ ခြေသလုံး၊ ပေါင်၊ တင်သား အစဟိစွာရို့မာ များရွီတွက်နန့် ဖြစ်တတ်ရေ နာကြင် စေနှိုင်ရေ အနာအဖု အလုံးတမျိုး
    လူတို့၏ ခြေသလုံး၊ ပေါင်၊ တင်ပါး စသည်တို့၌ များသောအားဖြင့် ဖြစ်တတ်သော နာကျင် စေနိုင်သည့် အနာအဖု အလုံးတစ်မျိုး
    type of wound
    နာမ်

    အနာမရ

    [ʔnàmɹ]
    ကိုယ်မာ ထိခိုက် ဒဏ်ရာရမှု တခုတရီလည်း မဟိဖြစ်တေ
    ကိုယ်တွင် ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ခုလည်း မယှိဖြစ်သည်
    no injury
    ကြိယာ

    အနာရင့်

    [ʔnàɹɪ̀ɴ့]
    တဆတ်ဆတ် အနာရောဂါ အဟိန်အဟုန် မြင့်မားလာရေ
    တဖြည်းဖြည်း အနာရောဂါ အရှိန်အဟုန် မြင့်မားလာသည်
    (of sores) fester
    ကြိယာ

    အနာရင်း

    [ʔnàɹɪ́ɴ]
    မသင့်သော အစားအစာကို စားမိ၍ အနာတိုးလာရေ
    မသင့်သော အစားအစာကို စားမိ၍ အနာတိုးလာသည်
    (of sores) fester
    ကြိယာ

    အနာရာ

    [ʔnàɹà]
    အနာ ပျောက်ကင်း ပြီးကေ အသားအရီထက်မာ စွဲထင်ကျန်ခသော အမှတ်အသား
    အနာ ပျောက်ကင်း ပြီးနောက် အသားအရေပေါ်တွင် စွဲထင်ကျန်ခဲ့သော အမှတ်အသား
    scar
    နာမ်

    အနားလန်

    [ʔnálàɴ]
    အနားအစွန်း လန်တက်နိန်ရေ။ အထက်ကို ကွာဟ နိန်ရေ။ နှုတ်ခမ်း အနား အထက်ကို ထော်နိန်ရေ
    အနားအစွန်း လန်တက်နေသည်။ အပေါ်သို့ ကွာဟ နေသည်။ နှုတ်ခမ်း အနား အပေါ်သို့ ထော်နေသည်
    hem
    ကြိယာ

    အနာလုံး

    [ʔnàlóʊɴ]
    ကိုယ်ခန္ဓာ အသားအရီထက်မာ ဖြစ်ပေါ်သော နာကြင်စီတတ်သည့် အနာအဖု အလုံး
    ကိုယ်ခန္ဓာ အသားအရေပေါ်တွင် ဖြစ်ပေါ်သော နာကျင်စေတတ်သည့် အနာအဖု အလုံး
    bulbous profile of a sore
    နာမ်

    အနာဝယ်

    [ʔnàwɛ̀]
    တယောက်တလီသော သူ့ပါးမှ အနာရောဂါ ကူးစက် ယူလာရေ။ တခုတရီသော အပြစ်အနာ သင့်ရောက်စီနှိုင်ရေ အမှုကို လုပ်ကိုင်သည်
    တစ်စုံတစ်ယောက်သော သူထံမှ အနာရောဂါ ကူးစက် ယူလာသည်။ တစ်စုံတစ်ခုသော အပြစ်အနာ သင့်ရောက်စေနိုင်သည့် အမှုကို လုပ်ကိုင်သည်
    infect
    ကြိယာ

    အနာသည်

    [ʔnàθɛ̀]
    အနာရောဂါ ဖြစ်နီသူ
    အနာရောဂါ ဖြစ်နေသူ
    patient
    နာမ်

    အနားသတ်

    [ʔnáθaʔ]
    အနားကို သိမ်းကွပ်ရေ။ အစွန်းအနားကို ခေါက်၍ သီသပ်အောင် ပြုလုပ်ရေ။ ပြီးဆုံးစီရေ။ လတ်စသတ်ရေ။ အဆုံးသတ်ရေ
    အနားကို သိမ်းကွပ်သည်။ အစွန်းအနားကို ခေါက်၍ သေသပ်အောင် ပြုလုပ်သည်။ ပြီးဆုံးစေသည်။ လတ်စသတ်သည်။ အဆုံးသတ်သည်
    delimit
    ကြိယာ

    အနာသျှင်

    [ʔnàʃɪ̀ɴ]
    (ယောက်ျား၏ ဆွီမျိုးဆက်ကို ရည်၍) ကိုယ့်အထက် ဆွေခုနှစ်ဆက်မာ သတ္တမမြောက် ဆွီမျိုးဆက်။ ယင်းဆွီမျိုးဆက်ကို ခေါ်သော စကားလုံး
    (ယောက်ျား၏ ဆွေမျိုးဆက်ကို ရည်၍) မိမိအထက် ဆွေခုနှစ်ဆက်တွင် သတ္တမမြောက် ဆွေမျိုးဆက်။ ယင်းဆွေမျိုးဆက်ကို ခေါ်သော စကားလုံး
    none
    နာမ်

    အနာသျှင်မ

    [ʔnàʃɪ̀ɴm]
    (မမာ့၏ ဆွီမျိုး ဆက်ကို ရည်၍) အမိမှစပြီးကေ ဆွေခုနှစ်ဆက်မာ သတ္တမြောက် ဆွီမျိုးဆက်။ ယင်းဆွီမျိုး ဆက်ကို ခေါ်သော စကားလုံး
    (မိန်းမ၏ ဆွေမျိုး ဆက်ကို ရည်၍) အမိမှစ၍ ဆွေခုနှစ်ဆက်တွင် သတ္တမြောက် ဆွေမျိုးဆက်။ ယင်းဆွေမျိုး ဆက်ကို ခေါ်သော စကားလုံး
    none
    နာမ်

    အနားသျှေ

    [ʔnáʃè]
    မကွာမဝီး မလှမ်းမကမ်း ဖြစ်ရေ နီရာ။ နံဖီးအနား။ အစွန်အဖျား တနီရာ
    မကွာမဝေး မလှမ်းမကမ်း ဖြစ်သော နေရာ။ အနီးအနား။ အစွန်အဖျား တစ်နေရာ
    near
    နာမ်

    အနားဟပ်

    [ʔnáhaʔ]
    နံဖီးသို့ ချိုင်းကပ်၍။ နံဖီးသို့ ကပ်ပြီးကေ
    အနီးသို့ ချဉ်းကပ်၍။ အနီးသို့ ကပ်လျက်
    closely
    ကြိယာဝိသေသန

    အနာဟိန်

    [ʔnàhèɪɴ]
    အနာ ပြင်းထန်မှု၏ စွမ်းအား
    အနာ ပြင်းထန်မှု၏ စွမ်းအား
    erysipelas
    နာမ်