Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,041–31,060 of 34,671 words

    အ

    အန်သီး

    [ʔàɴθï]
    အလောင်းအစားရာမာ အသုံးပြုရေ ခြောက်ဘက် မျက်နှာဟိ အညီတုံး
    လောင်းကစားရာတွင် အသုံးပြုသော ခြောက်ဘက် မျက်နှာယှိ အညီတုံး
    dice
    နာမ်

    အန်းအန်း

    [ʔáɴʔáɴ]
    စိကေချေ ရမ်းသော
    အနည်းငယ် ရောင်ရမ်းသော
    swollen
    နာမဝိသေသန

    အနွံခံ

    [ʔnwံkʰံ]
    ဆင်းရဲ ပင်ပန်းမှုဟူသမျှကို ကြံ့ကြံ့ ခံရေ။ လူများအတွက် ကိုယ့်အကျိုးကို အဆုံးယှုံးခံသည်
    ဆင်းရဲ ပင်ပန်းမှုဟူသမျှကို ကြံ့ကြံ့ ခံသည်။ သူတစ်ပါးအတွက် မိမိအကျိုးကို အဆုံးရှုံးခံသည်
    tolerate
    ကြိယာ

    အနွမ်း

    [ʔnʊ̀ɴ]
    ၁၊ ညှိုးမှိန်သော။ အသစ် မဟုတ်ရေ။ ၂၊ အင်တန်ချေသုံးစွဲပြီးရေ။ အေဒယောက အသစ်ကမဟောက်၊ အနွမ်းရာ၊ ဇာပျင်ဖို့ လဲချင့် (အရပ်)
    ၁၊ ညှိုးမှိန်သော။ အသစ် မဟုတ်သော။ ၂၊ အသင့်အတင့် သုံးစွဲပြီးသော။ အေဒယောက အသစ်ကမဟောက်၊ အနွမ်းရာ၊ ဇာပျင်ဖို့ လဲချင့် (အရပ်)
    old
    နာမဝိသေသန

    အနွယ်စစ်

    [ʔnwɛ̀sɪʔ]
    တပါးသော အမျိုးအနွယ်ရို့နန့် ရောနှောခြင်းကို မပြုပဲ။ ဘိုးဖီး ဘီဘင်ရို့၏ လက်ထက်မှစပြီးကေ ဆင်းသက်လာရေ တမျိုးတည်းသော ဆွီမျိုးအစိုင် အဆက်
    တစ်ပါးသော အမျိုးအနွယ်တို့နှင့် ရောနှောခြင်းကို မပြုပဲ။ ဘိုးဘေး ဘီဘင်တို့၏ လက်ထက်မှစ၍ ဆင်းသက်လာသော တစ်မျိုးတည်းသော ဆွေမျိုးအစဉ် အဆက်
    none
    နာမ်

    အနွယ်စပ်

    [ʔnwɛ̀saʔ]
    မျိုးရင်းအုပ်စုတူ လူယောက်ျားနှင့် မမာ့
    မျိုးရင်းအုပ်စုတူ လူယောက်ျားနှင့် မိန်းမ
    none
    ကြိယာ

    အနွယ်ဆက်

    [ʔnwɛ̀sʰɛʔ]
    ဘိုးဖီး ဘီဘင် ရို့လက်ထက်မှစပြီးကေ ဆင်းသက်လာရေ ဆွီမျိုး အစိုင်အဆက်
    ဘိုးဘေး ဘီဘင် တို့လက်ထက်မှစ၍ ဆင်းသက်လာသော ဆွေမျိုး အစဉ်အဆက်
    generation
    နာမ်

    အနွယ်ဆက်၂

    [ʔnwɛ̀sʰɛʔ၂]
    တမျိုးနှင့် တမျိုး စုံဖက်ခြင်းနန့် ဆက်သွယ်သည်
    တစ်မျိုးနှင့် တစ်မျိုး ထိမ်းမြားခြင်းဖြင့် ဆက်သွယ်သည်
    marriage
    ကြိယာ

    အနွယ်အနယ်

    [ʔnwɛ̀ʔnɛ̀]
    ခွန်အား ကုန်ခန်းသော။ အလွန် ပင်ညှိုးငယ်သော။ အလွန်မှေးမိန် ညှိုးရော်သော
    ခွန်အား ကုန်ခန်းသော။ အလွန် ပင်ညှိုးငယ်သော။ အလွန်မှေးမိန် ညှိုးရော်သော
    tired
    နာမဝိသေသန

    အနွံအနစ်ခံ

    [ʔnwံʔnɪʔkʰံ]
    ဆင်းရဲ ပင်ပန်းမှု ဟူသမျှကို ကြံ့ကြံ့ ခံရေ။ လူများအတွက် ကိုယ့်အကျိုးကို အဆုံးယှုံးခံသည်
    ဆင်းရဲ ပင်ပန်းမှု ဟူသမျှကို ကြံ့ကြံ့ ခံသည်။ သူတစ်ပါးအတွက် မိမိအကျိုးကို အဆုံးရှုံးခံသည်
    tolerate
    ကြိယာဝိသေသန

    အနွီး

    [ʔnwï]
    စိကေချေ ပူသော အထိအတွိ ဟိသော
    အနည်းငယ် ပူသော အထိအတွေ့ ယှိသော
    warm
    နာမဝိသေသန

    အနွီးထည်

    [ʔnwïtʰɛ̀]
    အအီးဒဏ်ကို ခံနိုင်စီရန် ပိတ်ထူပိတ်စ၊ သိုးမွီးအစဟိစွာအနိန်နန့် ခြုပ်လုပ် ထားရေ အဝတ်အထည်
    အအေးဒဏ်ကို ခံနိုင်စေရန် ပိတ်ထူပိတ်စ၊ သိုးမွေးစသည်ဖြင့် ချုပ်လုပ် ထားသော အဝတ်အထည်
    warm clothing
    နာမ်

    အနွဲ့စက်စက်

    [ʔnwésɛʔsɛʔ]
    လုပ်ရိုးလုပ်စဉ်ထက်အီးတီအီးစက်ပျင်ဗျာယ်၊ စိတ်မပါ လက်မပါ
    လုပ်ရိုးလုပ်စဉ်ထက် နှေးကွေး လေးလံစွာ၊ စိတ်မပါ လက်မပါ
    in no mood for
    ကြိယာဝိသေသန

    အနွဲ့ဆွီး

    [ʔnwésʰwï]
    နွဲ့ဆိုး ဆိုးသည်
    နွဲ့ဆိုး ဆိုးသည်
    wheedle
    ကြိယာ

    အနွဲ့အစက်

    [ʔnwéʔsɛʔ]
    အေးသင့်စွာထက် ပိုပြီးကေ အေးစွာ။ လုပ်ရိုး လုပ်စဉ်ထက်အီးတီအီးစက်ပျင်ဗျာယ်။ စိတ်မပါ လက်မပါ
    အေးသင့်သည်ထက် ပို၍ အေးစွာ။ လုပ်ရိုး လုပ်စဉ်ထက် နှေးကွေး လေးလံစွာ။ စိတ်မပါ လက်မပါ
    in no mood for
    ကြိယာဝိသေသန

    အနွဲ့အယ

    [ʔnwéʔj]
    ပပျော့ပပျောင်း၊ နွဲ့နှောင်း ပျော့ပြောင်းသော အမူအရာနှင့်
    ပျော့ပျော့ပျောင်းပျောင်း၊ နွဲ့နှောင်း ပျော့ပြောင်းသော အမူအရာနှင့်
    graceful
    ကြိယာ

    အနွဲ့အယ၂

    [ʔnwéʔj၂]
    ငြိမ့်ညောင်းသာယာ နာပျော်ဖွယ် ဖြစ်ခြင်း
    ငြိမ့်ညောင်းသာယာ နာပျော်ဖွယ် ဖြစ်ခြင်း
    pleasant
    နာမ်

    အနွှဲ

    [ʔnW̯ɛ]
    ဂဏန်း ခြီမအစဟိစွာ အရေ သစ်လဲပနာ ပျော့ညံ့နိန်ရေ ကိုယ်ခန္ဓာ။ ပျော့ညံ့နိန်ရေ အရာ
    ဂဏန်း ခြေမစသည် အရေ သစ်လဲ၍ ပျော့ညံ့နေသော ကိုယ်ခန္ဓာ။ ပျော့ညံ့နေသော အရာ
    soft crab
    နာမ်

    အနွှဲ၂

    [ʔnW̯ɛ၂]
    ဂဏန်း၊ ခြီမအစဟိစွာ အရေ သစ်လဲပနာ ပျော့ညံ့နိန်ရေ
    ဂဏန်း၊ ခြေမစသည် အရေ သစ်လဲ၍ ပျော့ညံ့နေသော
    soft crab
    နာမဝိသေသန

    အနှက်ခံချင်လာ

    [ʔn̥ɛʔkʰံɕɪ̀ɴlà]
    ရိုက်မည် ပုတ်မည့်ပိုင် ကြိမ်းမောင်းဗျာယ်။ ရိုက်ပုတ်မည် တကဲကဲ ဗန်းပြင်ဗျာယ်
    ရိုက်မည် ပုတ်မည့်အလား ကြိမ်းမောင်းလျက်။ ရိုက်ပုတ်မည် တကဲကဲ ဟန်ပြင်လျက်
    scold
    ကြိယာဝိသေသန