Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,061–31,080 of 34,671 words

    အ

    အနှင်ခံ

    [ʔn̥ɪ̀ɴkʰံ]
    အိမ်က နှင်ထုတ်ခြင်းကို ခံရရေ
    အိမ်မှ နှင်ထုတ်ခြင်းကို ခံရသည်
    expel
    ကြိယာ

    အနှင်ခံ၂

    [ʔn̥ɪ̀ɴkʰံ၂]
    အိမ်က နှင်ထုတ်ခြင်းကို ခံရသူ
    အိမ်မှ နှင်ထုတ်ခြင်းကို ခံရသူ
    expel
    နာမ်

    အနှင်းမခံ

    [ʔn̥ɪ́ɴmkʰံ]
    တခုတရီသော ဝန်ကို ချီးမြှင့်ပီးအပ်ခြင်း၊ စောင့်ရှောက် ထိန်းသိမ်းရန် တာဝန်ပီးခြင်း၊ အပြီးအပိုင် ပေးခြင်း အစဟိစွာတိကို လက်မခံခြင်း ဖြစ်တေ
    တစ်စုံတစ်ခုသော ပစ္စည်းကို ချီးမြှင့်ပေးအပ်ခြင်း၊ စောင့်ရှောက် ထိန်းသိမ်းရန် တာဝန်ပေးခြင်း၊ အပြီးအပိုင် ပေးခြင်း စသည်များကို လက်မခံခြင်း ဖြစ်သည်
    reward
    ကြိယာ

    အနှင်ရွှင့်

    [ʔn̥ɪ̀ɴɹW̯ɪ̀ɴ့]
    ထွက်ခွာ လားလီရေ။ မောင်းထုတ်သည်
    ထွက်ခွာ သွားစေသည်။ မောင်းထုတ်သည်
    expel
    ကြိယာ

    အနှင်ရွှတ်

    [ʔn̥ɪ̀ɴɹW̯aʔ]
    (အိမ်စကပင်) ဆင်းလားလီရေ။ မောင်းထုတ်သည်
    (အိမ်စသည်မှ) ဆင်းသွားစေသည်။ မောင်းထုတ်သည်
    expel
    ကြိယာ

    အနှစ်ကာလ

    [ʔn̥ɪʔkàl]
    နှစ်ပေါင်းလပေါင်း ကြာမြင့်စွာ
    နှစ်ပေါင်းလပေါင်း ကြာမြင့်စွာ
    for years on end - over the years - for a long duration
    ကြိယာဝိသေသန

    အနှစ်ပုပ်

    [ʔn̥ɪʔpoʊʔ]
    လီးလံသော ဝန်ဝန်တိကို ထမ်းပိုးသယ်ယူရန် ဖန်တိအတွက်နန့် အားပျော့ ခြည့်နန့်ဗျာယ်။ ထောင်းထု ရိုက်နှက်ခံခရမှုကြောင့် ဒဏ်ရာ ဒဏ်ချက် ချပိသပိ ခံစားရဗျာယ်
    လေးလံသော ဝန်ပစ္စည်းများကို ထမ်းပိုးသယ်ယူရန် ဖန်များသောကြောင့် အားပျော့ ချည့်နဲ့လျက်။ ထောင်းထု ရိုက်နှက်ခံခဲ့ရမှုကြောင့် ဒဏ်ရာ ဒဏ်ချက် မချိမဆံ့ ခံစားရလျက်
    unbearable
    ကြိယာဝိသေသန

    အနှစ်ပျက်

    [ʔn̥ɪʔprɛʔ]
    အလုပ်တခုခုကို အရှည်အကြာ စူးစူးစိုက်စိုက် လုပ်ကိုင်ခရပြီးကေ ပင်ပန်း နွမ်းရိဗျာယ်။ တခုတရီကို ထိခိုက်ရဟိသော ဒဏ်ရာ ဒဏ်ချက်ရို့ကြောင့် မသက်မသာသော ရောဂါ ဝေဒနာ ခံစားရရေအနိန်နန့်
    အလုပ်တစ်ခုခုကို အရှည်အကြာ စူးစူးစိုက်စိုက် လုပ်ကိုင်ခဲ့ရ၍ ပင်ပန်း နွမ်းနယ်လျက်။ တစ်စုံတစ်ခုကို ထိခိုက်ရယှိသော ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် မသက်မသာသော ရောဂါ ဝေဒနာ ခံစားရသော အားဖြင့်
    unbearable
    ကြိယာဝိသေသန

    အနှစ်မသိ

    [ʔn̥ɪʔmθì]
    တစုံတရာ (တနည်း) တယောက်ယောက်၏ အကြောင်းကို နားလည် သဘောမပေါက် ဖြစ်တေ
    တစ်စုံတရာ (သို့မဟုတ်) တစ်စုံတစ်ဦး၏ အကြောင်းကို နားလည် သဘောမပေါက် ဖြစ်သည်
    misunderstand
    ကြိယာ

    အနှစ်သက်

    [ʔn̥ɪʔθɛʔ]
    ကြိုက်ရေ။ သဘောကျရေ
    ကြိုက်သည်။ သဘောကျသည်
    like
    ကြိယာ

    အနှစ်သိ

    [ʔn̥ɪʔθì]
    တယောက်ယောက်၏ အကြောင်းကို နားလည် သဖောပေါက်သည်
    တစ်စုံတစ်ဦး၏ အကြောင်းကို နားလည် သဘောပေါက်သည်
    understand
    ကြိယာ

    အနှစ်သိ၂

    [ʔn̥ɪʔθì၂]
    စိတ်နီ သဖောထား အဖြစ်အပျက်ကို သိဟိနားလည်ရား ဖြစ်သူ
    စိတ်နေ သဘောထား အဖြစ်အပျက်ကို သိယှိနားလည်ပြီး ဖြစ်သူ
    one who is privy to personal and confidential matters
    နာမ်

    အနှစ်သိချင်း

    [ʔn̥ɪʔθìɕɪ́ɴ]
    အချင်းချင်း တဦးနှင့် တဦး အကြောင်းကို နားလည် သဖောပေါက်သည်
    အချင်းချင်း တစ်ဦးနှင့် တစ်ဦး အကြောင်းကို နားလည် သဘောပေါက်သည်
    understand
    ကြိယာ

    အနှပ်

    [ʔn̥aʔ]
    ဝါ လှည့်ဖြား ညာဝါး၍ စားသောသူ
    လိမ်လည် လှည့်ဖြား ညာဝါး၍ စားသောသူ
    crook
    နာမ်

    အနှပ်အနှမ်း

    [ʔn̥aʔʔn̥áɴ]
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသော။ အသိဉာဏ် မဟိရေ။ နုံချာသော။ စိတ်စိကေချေ ဖောက်ပြန်သော
    အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသော။ အသိဉာဏ် ကင်းမဲ့သော။ နုံချာသော။ စိတ်အနည်းငယ် ဖောက်ပြန်သော
    mad
    နာမဝိသေသန

    အနှမ်း

    [ʔn̥áɴ]
    မရင့်မီ ခုတ်ထားပနာ ပျောင် လျော့တွန့်လားရေ ဝါး
    မရင့်မီ ခုတ်ထား၍ ပိန်ရှုံ့ လျော့တွန့်သွားသော ဝါး
    none
    နာမ်

    အနှမ်း၂

    [ʔn̥áɴ၂]
    စိကေချေ ဖားကတ်လား။ စိတ်ဖောက်ပြန် ပေါ့သွပ်သူ။ လိမ္မာ အထာနပ်မှု ကင်းမဲ့သူ
    အနည်းငယ် စိတ်မနှံ့သူ။ စိတ်ဖောက်ပြန် ပေါ့သွပ်သူ။ လိမ္မာ ပါးနပ်မှု ကင်းမဲ့သူ
    fool
    နာမ်

    အနှမ်းဖွား

    [ʔn̥áɴpʰWà]
    မရင့်မီ ခုတ်ထားပနာ ပျောင်လျော့တွန့် လားရေ ဝါး။ စိကေချေ ဖားကတ်လား။ စိတ်ဖောက်ပြန် ပေါ့သွပ်သူ။ လိမ္မာ အထာနပ်မှု ကင်းမဲ့သူ။ လိမ္မာ အထာနပ်မှု ကင်းမဲ့သူ
    မရင့်မီ ခုတ်ထား၍ ပိန်ရှုံ့လျော့တွန့် သွားသော ဝါး။ အနည်းငယ် စိတ်မနှံ့သူ။ စိတ်ဖောက်ပြန် ပေါ့သွပ်သူ။ လိမ္မာ ပါးနပ်မှု ကင်းမဲ့သူ။ လိမ္မာ ပါးနပ်မှု ကင်းမဲ့သူ
    fool
    နာမ်

    အနှမ်းဖွား၂

    [ʔn̥áɴpʰWà၂]
    စိကေချေ အနှမ်းပဲ။ ရူးနှမ်းနှမ်း
    အနည်းငယ် စိတ်မနှံ့ပဲ။ ရူးနှမ်းနှမ်း
    mad
    ကြိယာဝိသေသန

    အနှိပ်တက်

    [ʔn̥ìaʔtɛʔ]
    နှိပ်နယ် ခြင်းနန့် အသက်မွီးသူ
    နှိပ်နယ် ခြင်းဖြင့် အသက်မွေးသူ
    masseur
    နာမ်