Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,181–31,200 of 34,671 words

    အ

    အပိုအလို

    [ʔpÒʔlÒ]
    အလိုဟိရေအခါ ရဟိစီရန် အတွက်ရာ
    အလိုယှိသောအခါ ရယှိစေရန် အလို့ငှာ
    definitely
    ကြိယာဝိသေသန

    အပိုအလှယော့

    [ʔpÒʔɬjɔ̰]
    လိုခြင်း၊ ပိုခြင်း မဟိရယောင် ချိန်ညှိခြင်းအနိန်နန့်
    လိုခြင်း၊ ပိုခြင်း မယှိရအောင် ချိန်ညှိခြင်း အားဖြင့်
    balance
    ကြိယာဝိသေသန

    အပီးစပ်မခံ

    [ʔpïsaʔmkʰံ]
    တဦးတယောက်အား စုံဖက် ထိမ်းမြားမှုကို မပြုလိုခြင်း ဖြစ်တေ
    တစ်ဦးတစ်ယောက်အား ထိမ်းမြား လက်ထပ်မှုကို မပြုလိုခြင်း ဖြစ်သည်
    not want to married
    ကြိယာ

    အပီးမလုပ်

    [ʔpïmloʊʔ]
    ရောနှော ပေါင်းသင်း ဆက်ဆံခြင်းကို ပြုလုပ်ခြင်းမဟိ ဖြစ်တေ။ ပိုင်အလာ ပြတ်ကင်းသည်
    ရောနှော ပေါင်းသင်း ဆက်ဆံခြင်းကို ပြုလုပ်ခြင်းမယှိ ဖြစ်သည်။ အသွားအလာ ပြတ်ကင်းသည်
    not added
    ကြိယာ

    အပီးအကမ်း

    [ʔpïʔkáɴ]
    လူတိအား ငွီကြီး အစဟိစွာ ထောက်ပံ့ ကူညီ ပီးကမ်းစွန့်ကြဲမှု
    သူတစ်ပါးအား ငွေကြေး စသည် ထောက်ပံ့ ကူညီ ပေးကမ်းစွန့်ကြဲမှု
    charity
    နာမ်

    အပု

    [ʔpoʊ]
    သားငယ် သမီးသျှေရို့အား ချစ်စနိုးဖြင့် ခေါ်သော စကားလုံး
    သားငယ် သမီးငယ်တို့အား ချစ်စနိုးဖြင့် ခေါ်သော စကားလုံး
    baby
    နာမ်

    အပုံ

    [ʔpòʊɴ]
    အပုံလိုက်ထားရေ အရာဝတ္တု
    စုပုံထားသော အရာဝတ္တု
    mound - heap - pile many
    နာမ်

    အပုတ်

    [ʔpoʊʔ]
    အစုလိုက် အစုလိုက် ပေါက်ရောက်နီသော အပင်၊ စပါးပင်အစဟိစွာ
    အစုလိုက် အစုလိုက် ပေါက်ရောက်နေသော သစ်ပင်၊ စပါးပင်စသည်
    bush
    နာမ်

    အပုတ်ပုတ်

    [ʔpoʊʔpoʊʔ]
    တပုတ်စီ တပုတ်စီ အပုတ်လိုက်အနိန်နန့်
    တစ်ပုတ်စီ တစ်ပုတ်စီ အပုတ်လိုက် အားဖြင့်
    batch
    ကြိယာဝိသေသန

    အပုန်းမလုံ

    [ʔpóʊɴmlòʊɴ]
    ဖီးအန္တရာယ် ကင်းလောက်ယောင် အကာအကွယ်မဟိ ဖြစ်တေ
    ဘေးအန္တရာယ် ကင်းလောက်အောင် အကာအကွယ်မယှိ ဖြစ်သည်
    without protection
    ကြိယာ

    အပုန်းမသီ

    [ʔpóʊɴmθí]
    ဖီး အန္တရာယ် ကင်းလောက်ယောင် အကာအကွယ် လုံခြုံမှု မဟိ ဖြစ်တေ
    ဘေး အန္တရာယ် ကင်းလောက်အောင် အကာအကွယ် လုံခြုံမှု မယှိ ဖြစ်သည်
    without protection
    ကြိယာ

    အပုံပုံ

    [ʔpòʊɴpòʊɴ]
    အပုံပေါင်း မြောက်များစွာ
    အပုံပေါင်း မြောက်များစွာ
    mound
    ကြိယာဝိသေသန

    အပုပ်ကျ

    [ʔpoʊʔt͡ɕ]
    ဆီးဝါး စားခြင်းနန့် ဝမ်းမားဟိသွီးပုပ် လေပုပ် အပူပုပ် အစဟိစွာရို့ ဆင်းသက်ရေ။ (ကိုယ့်မာ အပြစ်မဟိကေလေ့) အကြောင်းအနိန်နန့် လူများ ယိုးစွပ်ချက်ကြောင့် ပါဝင်သက်ဆိုင်သည့် အဖြစ်ကို ခံခရရေ
    ဆေးဝါး စားခြင်းဖြင့် ဝမ်းတွင်းယှိ သွေးပုပ် လေပုပ် အပူပုပ် စသည်တို့ သက်ဆင်းသည်။ (မိမိတွင် အပြစ်မယှိသော်လည်း) အကြောင်းအားလျော်စွာ သူတစ်ပါး စွပ်စွဲချက်ကြောင့် ပါဝင်သက်ဆိုင်သည့် အဖြစ်ကို ခံခဲ့ရသည်
    purge
    ကြိယာ

    အပုပ်ကျခံ

    [ʔpoʊʔt͡ɕkʰံ]
    ဆီးဝါး စားခြင်းနန့် ဝမ်းမားဟိသွီးပုပ် လေပုပ်အပူပုပ် အစဟိစွာရို့ ဆင်းသက်ရေ။ (ကိုယ့်မာ အပြစ်မဟိကေလေ့) အကြောင်း အနိန်နန့် လူများ ယိုးစွပ်ချက်ကြောင့် ပါဝင်သက်ဆိုင်သည့် အဖြစ်ကို ခံခရရေ
    ဆေးဝါး စားခြင်းဖြင့် ဝမ်းတွင်းယှိ သွေးပုပ် လေပုပ်အပူပုပ် စသည်တို့ သက်ဆင်းသည်။ (မိမိတွင် အပြစ်မယှိသော်လည်း) အကြောင်း အားလျော်စွာ သူတစ်ပါး စွပ်စွဲချက်ကြောင့် ပါဝင်သက်ဆိုင်သည့် အဖြစ်ကို ခံခဲ့ရသည်
    purge
    ကြိယာ

    အပုပ်စို

    [ʔpoʊʔsÒ]
    သိုးအူအောင်အနံ့။ ပုတ်ဟောင်သောအနံ့။ မကောင်းရေ သတင်းဆိုး
    သိုးအူအောင်အနံ့။ ပုတ်ဟောင်သောအနံ့။ မကောင်းသော သတင်းဆိုး
    foul smell
    နာမ်

    အပုပ်တက်

    [ʔpoʊʔtɛʔ]
    ကိုယ်ခန္ဓာ အထဲဟိ အပူအပုပ် အသိုးရို့ အထက်ကို ဆန်တက်ရေ
    ကိုယ်ခန္ဓာ အတွင်းယှိ အပူအပုပ် အသိုးတို့ အထက်သို့ ဆန်တက်သည်
    none
    ကြိယာ

    အပုပ်နှုတ်ကစပ်တမ်း

    [ʔpoʊʔn̥oʊʔksaʔtáɴ]
    ဒုတ်တံငယ်တိကို တချောင်းအတိုထားပနာ ကျန်ဒုတ်တံတိကို အညီ ထားဗျာယ် တဦးတချောင်းစီ နှုတ်ယူကတ်ရာ အတိုချောင်းကျသူ (ရခိုင်အသုံးဖြင့် အပုပ်) အပုပ် လုပ်ရရေ ကစပ်နည်း တမျိုး
    ဒုတ်တံငယ်များကို တစ်ချောင်းအတိုထား၍ ကျန်ဒုတ်တံများကို အညီ ထားလျက် တစ်ဦးတစ်ချောင်းစီ နှုတ်ယူကြရာ အတိုချောင်းကျသူ (ရခိုင်အသုံးဖြင့် အပုပ်) အပုပ် လုပ်ရသည့် ကစားနည်း တစ်မျိုး
    none
    နာမ်

    အပုပ်အဟောင်

    [ʔpoʊʔʔhàʊɴ]
    ပုပ်ဟောင်သော အညစ် အကြီး။ ပုပ်ဟောင်သော အနံ့အသက်
    ပုပ်ဟောင်သော အညစ် အကြေး။ ပုပ်ဟောင်သော အနံ့အသက်
    foul smell
    နာမ်

    အပုံပြတ်

    [ʔpòʊɴpɹaʔ]
    မကန်မဝှန်။ အရွီအတွက် များပြားစွာ။ အလွန်တရာ။ အလွန် များပြားစွာ
    အများအပြား။ အရေအတွက် များပြားစွာ။ အလွန်တရာ။ အလွန် များပြားစွာ
    very
    ကြိယာဝိသေသန

    အပုမေ

    [ʔpoʊmè]
    သမီးသျှေအား ချစ်စနိုးဖြင့် ခေါ်သော စကား
    သမီးငယ်အား ချစ်စနိုးဖြင့် ခေါ်သော စကား
    baby
    နာမ်