Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,301–31,320 of 34,671 words

    အ

    အပ်လိုက်

    [ʔaʔlaɪʔ]
    ထယ်တခေါက် ထိုးရား၊ နောက်တခေါက် ထပ်မံပနာ ထယ်ထိုးသည်
    ထယ်တစ်ကြိမ် ထိုးပြီး၊ နောက်တစ်ကြိမ် ထပ်မံ၍ ထယ်ထိုးသည်
    plow
    ကြိယာ

    အပ်လုံးကွဲ

    [ʔaʔlóʊɴkwɛ]
    လယ်တစွက်လုံး ထယ်ထိုး ပြီးသည်
    လယ်တစ်ကွက်လုံး ထယ်ထိုး ပြီးသည်
    plow
    ကြိယာ

    အပ်လုံးခွဲ

    [ʔaʔlóʊɴkʰwɛ]
    ထယ်ထိုးသည်
    ထယ်ထိုးသည်
    plow
    ကြိယာ

    အပ်သန်

    [ʔaʔθàɴ]
    ထယ်ကို နွားတပ်ပြီးကေ ဆွဲရန် တပ်ဆင်ထားရေ သစ်သားချောင်း
    ထယ်ကို နွားတပ်၍ ဆွဲရန် တပ်ဆင်ထားသော သစ်သားချောင်း
    shaft of a harrow
    နာမ်

    အပ်သပ်

    [ʔaʔθaʔ]
    ထယ်နှင့် ထယ်သန်အကြားဆို့ - ကျပ်သိပ်သည်းစီရန် ရိုက်သွင်း ရရေ သစ်သားငယ်
    ထယ်နှင့် ထယ်သန်အကြားဆို့ - ကျပ်သိပ်သည်းစေရန် ရိုက်သွင်း ရသော သစ်သားငယ်
    stick of a harrow
    နာမ်

    အပ်သွား

    [ʔaʔθWà]
    မြေမာ စူးဝင် ထိုးကော်ရန် ထယ်တုံးထိပ်မာ တပ်ရရေ သံပြားချွန်
    မြေတွင် စူးဝင် ထိုးကော်ရန် ထယ်တုံးထိပ်တွင် တပ်ရသော သံပြားချွန်
    tooth of a harrow
    နာမ်

    အပ်သွားစီ

    [ʔaʔθWàsí]
    ထယ်ရီး ထယ်ကြောင်းချင်း ထိစပ်ရေ
    ထယ်ရေး ထယ်ကြောင်းချင်း ထိစပ်သည်
    abut
    ကြိယာဝိသေသန

    အပ်အပ်စပ်စပ်

    [ʔaʔʔaʔsaʔsaʔ]
    ထယ်ရီး၊ ထယ်ကြောင်းချင်း ထိစပ်အောင် ထွန်သည်
    ထယ်ရေး၊ ထယ်ကြောင်းချင်း ထိစပ်အောင် ထွန်သည်
    plough
    ကြိယာ

    အပျ

    [ʔpr]
    ကပျက်ကလျော် အရသာ မဟိသော (စကား)။ အရသာ လျော့နည်းသော
    ပေါ့ပျက်ပျက် အရသာ မယှိသော (စကား)။ အရသာ လျော့နည်းသော
    tasteless
    နာမဝိသေသန

    အပျက်စကား

    [ʔprɛʔská]
    တိုင်း လီးနက်မှု မဟိသော အပြုအမူ၊ အပြောအဆို။ အပြုသဖောမဆောင်သော အပြုအမူ၊ အပြောအဆို
    တည်ငြိမ် လေးနက်မှု မယှိသော အပြုအမူ၊ အပြောအဆို။ အပြုသဘော မဆောင်သော အပြုအမူ၊ အပြောအဆို
    carelessly
    နာမ်

    အပျက်ပြ

    [ʔprɛʔpɹ]
    ဆောင်ရွက်ရဖို့့ တာဝန်၊ ဝတ္တရား မကျီမပွန် ဟိရေ။ တာဝန် လစ်ဟင်းသည်
    ဆောင်ရွက်ရမည့် တာဝန်၊ ဝတ္တရား မကျေမပွန် ယှိသည်။ တာဝန် လစ်ဟင်းသည်
    setback
    ကြိယာ

    အပျက်လုပ်

    [ʔprɛʔloʊʔ]
    ပျက်စီးအောင် ဖန်တီးရေ။ ဆောင်ရွက်ရဖို့့ တာဝန် ဝတ္တရားကို မဆောင်ရွက်ပဲ သွေဖည်နိန်ရေ
    ပျက်စီးအောင် ဖန်တီးသည်။ ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားကို မဆောင်ရွက်ပဲ သွေဖည်နေသည်
    avoid
    ကြိယာ

    အပျက်သဘော

    [ʔprɛʔθbʱɔ́]
    တည်ကြည် လီးနက်မှု မဟိသော အပြုအမူ၊ အပြောအဆို
    တည်ကြည် လေးနက်မှု မယှိသော အပြုအမူ၊ အပြောအဆို
    carelessly
    နာမ်

    အပျက်အဆီး

    [ʔprɛʔʔsʰï]
    ပျက်စီးအောင် ဖျက်ဆီးရေ။ ပျက်စီးအောင် ပြုလုပ်ရေ
    ပျက်စီးအောင် ဖျက်ဆီးသည်။ ပျက်စီးအောင် ပြုလုပ်သည်
    maliciously
    ကြိယာ

    အပျက်အသိ

    [ʔprɛʔʔθì]
    အပြောအဆို အရီးအသား၌ အနှစ်သာရ ဟိသည် မဟုတ်ဘဲ။ မောင်သာဖြူစကား ပြောစွာမာ အလီးအနက် အသားက မပါ အပျက်အသိရာ။ ၂၊ အရသာပေါ့လျော့စွာ။ စားပစ်လို့ကမကောင်း၊ အရသာ အပျက်အသိရာ
    အပြောအဆို အရေးအသား၌ အနှစ်သာရ ယှိသည် မဟုတ်ပဲ။ မောင်သာဖြူစကား ပြောစွာမှာ အလေးအနက် အသားက မပါ အပျက်အသိရာ။ ၂၊ အရသာပေါ့လျော့စွာ။ စားလို့ကမကောင်း၊ အရသာ အပျက်အသိရာ
    carelessly
    ကြိယာဝိသေသန

    အပျက်အသိ၂

    [ʔprɛʔʔθì၂]
    ရယ်မောခြင်းကို ဖြစ်စီသော အကြောင်းအရာ၊ အပြုအမူ။ မောင်လှဖြူ စကားပြောကေ အပျက်အသိရယ်ဖို့စွာ ကျည်းဗျာယ် မြင်ရေ (အရပ်)
    ရယ်မောခြင်းကို ဖြစ်စေသော အကြောင်းအရာ၊ အပြုအမူ။ မောင်လှဖြူ စကားပြောကေ အပျက်အသိရယ်ဖို့စွာ ကျည်းဗျာယ် မြင်ရေ (အရပ်)
    fun
    ကြိယာဝိသေသန

    အပျင်

    [ʔprɪ̀ɴ]
    ပြုပျင်ဖန်တီး လုပ်ကိုင်မှု
    ပြုပြင်ဖန်တီး လုပ်ကိုင်မှု
    creation
    နာမ်

    အပျင်ကောင်း

    [ʔprɪ̀ɴkáʊɴ]
    ပြုပျင် လုပ်ဆောင်မှု သင့်လျော် လျောက်ပတ်သည်
    ပြုပြင် လုပ်ဆောင်မှု သင့်လျော် လျောက်ပတ်သည်
    appropriate
    ကြိယာ

    အပျင်းချီး

    [ʔprɪ́ɴɕï]
    ပျင်းရိမှု လွန်ကဲသည်
    ပျင်းရိမှု လွန်ကဲသည်
    lazy
    ကြိယာ

    အပျင်းညှည့်

    [ʔprɪ́ɴɲ̯ɛ့̀]
    ငြီးငွိ့ ထိုင်းမှိုင်းသနန့် လက်၊ ခြေစစွာကို နင်လားငါလား ဆန်တန်း လိုက်ရေ
    ငြီးငွေ့ ထိုင်းမှိုင်းသဖြင့် လက်၊ ခြေစသည်ကို တအား ဆန်တန်း လိုက်သည်
    stretch to relieve boredom
    ကြိယာ