Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,441–31,460 of 34,671 words

    အ

    အပြိန်းအပြောက်

    [ʔpɹéɪɴʔpɹɔ́ɛʔ]
    အထည် ကိုယ်ထက်မာ ပိုပြီးကေ ကောင်းမွန်လှပအောင် တန်ဆာဆင်ခြင်း။ ယင်းပိုင် တန်ဆာ ဆင်ထားရေ အဆင်တန်ဆာ
    အထည် ကိုယ်ပေါ်တွင် ပို၍ ကောင်းမွန်လှပအောင် တန်ဆာဆင်ခြင်း။ ယင်းသို့ တန်ဆာ ဆင်ထားသော အဆင်တန်ဆာ
    ornament
    နာမ်

    အပြိုင်းပြိုင်း

    [ʔpɹáɪɴpɹáɪɴ]
    အစီအရီ၊ မကန်မဝှန်
    အစီအရီ၊ အများအပြား
    many
    ကြိယာဝိသေသန

    အပြိုင်အယှဉ်

    [ʔpɹàɪɴʔʃɪ̀ɴ]
    စွမ်းရည် သတ္တိ၊ ဂုဏ် အစဟိစွာ နိူင်းပြိုင်ဗျာယ်
    စွမ်းရည် သတ္တိ၊ ဂုဏ် စသည် ယှဉ်ပြိုင်လျက်
    compete
    ကြိယာဝိသေသန

    အပြိုင်အယှဉ်၂

    [ʔpɹàɪɴʔʃɪ̀ɴ၂]
    စွမ်းရည် သတ္တိ၊ ဂုဏ် အစဟိစွာ နိူင်းပြိုင်ခြင်း
    စွမ်းရည် သတ္တိ၊ ဂုဏ် စသည် ယှဉ်ပြိုင်ခြင်း
    compete
    နာမ်

    အပြီးမာ

    [ʔpɹïmà]
    (အဗြီး) ကကောင်းလျင်သည်
    (အပြေး) လျင်မြန်သည်
    quick
    ကြိယာ

    အပြီးရောက်

    [ʔpɹïɹɔ́ɛʔ]
    (အဗြီး) ကကောင်းလျင်သည် ပြီးဆုံးခြင်းသို့ ရောက်ရေ
    (အပြေး) လျင်မြန်သည် ပြီးဆုံးခြင်းသို့ ရောက်သည်
    come to the end
    ကြိယာ

    အပြီးရောက်၂

    [ʔpɹïɹɔ́ɛʔ၂]
    ပြီးဆုံးရေ့ ထိတောင်
    ပြီးဆုံးသည့် တိုင်အောင်
    finalize
    ကြိယာဝိသေသန

    အပြီးသန်

    [ʔpɹïθàɴ]
    (အဗြီး) ကကောင်းလျင်သည် ညောင်းညာခြင်း ဒဏ်ကို ခံနှိုင်ရေ။ တာရှည် ပြေးလွှားနှိုင်ရေ
    (အပြေး) လျင်မြန်သည် မောပန်းခြင်း ဒဏ်ကို ခံနိုင်သည်။ ကြာရှည်စွာ ပြေးလွှားနိုင်သည်
    run
    ကြိယာ

    အပြီးသား

    [ʔpɹïθá]
    အဆင်သင့်
    အဆင်သင့်
    ready
    ကြိယာ

    အပြီးအစီး

    [ʔpɹïʔsï]
    ပြီးဆုံးခြင်းသို့ ရောက်ယောင်။ အစမှအဆုံး ထိတောင်
    ပြီးဆုံးခြင်းသို့ ရောက်အောင်။ အစမှအဆုံး တိုင်အောင်
    come to the end
    ကြိယာဝိသေသန

    အပြီးအပြတ်

    [ʔpɹïʔpɹaʔ]
    ပြီးဆုံးစီရေ။ အဆုံးသတ်ရေ။ နောက်ထပ် လုပ်ဖို့စွာ မလိုဗျာယ်၊ ငန်းဆုံးတိုက် လုပ်ပစ်ခဗျာယ်။ အကျွန် အေရွာမာ မနီပါဗျာယ်၊ စစ်တွေမြို့ကို ငန်းဆုံးတိုက် ပြောင်းပါဖို့ဗျာယ် (အရပ်)
    ပြီးဆုံးစေသည်။ အဆုံးသတ်သည်။ နောက်ထပ် လုပ်စရာ မလိုဗျာယ်၊ အပြီးအပြတ် လုပ်ပစ်ခဗျာယ်။ အကျွန် အေရွာမှာ မနီပါဗျာယ်၊ စစ်တွေမြို့ကို အပြီးအပြတ် ပြောင်းပါဖို့ဗျာယ် (အရပ်)
    definitely - conclusively [as in ~ပြော]
    ကြိယာဝိသေသန

    အပြုံး

    [ʔpɹóʊɴ]
    အသံမထွက်ပဲ ရယ်ယောင်ပြုရေ မျက်နှာ အမူအရာ။ နှစ်သက် ကြည်နူးဖွယ်ကို ပြသော မျက်ကြော အမူအရာ
    အသံမထွက်ပဲ ရယ်ယောင်ပြုသော မျက်နှာ အမူအရာ။ နှစ်သက် ကြည်နူးဖွယ်ကို ပြသော မျက်နှာထား အမူအရာ
    smile
    နာမ်

    အပြုံးခသွင်

    [ʔpɹóʊɴkʰθwɪ̀ɴ]
    နှုတ်ခမ်းကို စိ၍ ပြုံးဗျာယ်
    နှုတ်ခမ်းကို စေ့၍ ပြုံးလျက်
    smile
    ကြိယာဝိသေသန

    အပြုတ်

    [ʔpɹoʊʔ]
    (သွီးသားကြောင့် ဖြစ်စီ၊ အဆိပ်ကြောင့် ဖြစ်စီ) အရီပြားထက်မာ ဖြစ်ပေါ်သော အပျိုင်၊ အဖု
    (သွေးသားကြောင့် ဖြစ်စေ၊ အဆိပ်ကြောင့် ဖြစ်စေ) အရေပြားပေါ်တွင် ဖြစ်ပေါ်သော အပျဉ်၊ အဖု
    knob
    နာမ်

    အပြုတ်ချ

    [ʔpɹoʊʔɕ]
    လုံးဝ လက်စတုံးအောင် ပျက်ပြားအောင် နှိမ်နင်း ဖျက်ဆီးသည်
    လုံးဝ လက်စတုံးအောင် ပျက်ပြားအောင် နှိမ်နင်း ဖျက်ဆီးသည်
    counteract
    ကြိယာ

    အပြုတ်ထ

    [ʔpɹoʊʔtʰ]
    အရီပြားထက်မာ အပိမ့်ဖြစ်တေ
    အရေပြားပေါ်တွင် အပိမ့်ဖြစ်သည်
    knob
    ကြိယာ

    အပြုတ်ပြုတ်

    [ʔpɹoʊʔpɹoʊʔ]
    ကိုယ်ရီပြားထက်မာ စူထွက် မို့ဖောင်းနိန်ရေ အဖုအချေ များ
    ကိုယ်ရေပြားပေါ်တွင် စူထွက် မို့ဖောင်းနေသော အဖုကလေး များ
    knobs
    ကြိယာဝိသေသန

    အပြုတ်သျှပ်သျှပ်

    [ʔpɹoʊʔʃaʔʃaʔ]
    အရီပြားထက်မာ အပိမ့်ဖြစ်တေ
    အရေပြားပေါ်တွင် အပိမ့်ဖြစ်သည်
    knob
    ကြိယာဝိသေသန

    အပြုတ်အပြုန်း

    [ʔpɹoʊʔʔpɹóʊɴ]
    လုံးဝ လက်စတုံးအောင် ပျက်ပြားအောင် နှိမ်နင်း ဖျက်ဆီးသည်
    လုံးဝ လက်စတုံးအောင် ပျက်ပြားအောင် နှိမ်နင်း ဖျက်ဆီးသည်
    counteract
    ကြိယာ

    အပြုတ်အသျှပ်

    [ʔpɹoʊʔʔʃaʔ]
    ခန္ဓာကိုယ် အရေအပြားမာ စူထွက်မို့ဖောင်းနိန်ရေ အရာ
    ခန္ဓာကိုယ် အရေအပြားတွင် စူထွက်မို့ဖောင်းနေသော အရာ
    knob
    နာမ်