Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,501–31,520 of 34,671 words

    အ

    အပြွမ်းထ

    [ʔpWɹáɴtʰ]
    အမြဲ ပိုင်ပင် သုံးစွဲခြင်းများ ပြုနေသနန့်
    အမြဲ လိုလိုပင် သုံးစွဲခြင်းများ ပြုနေသဖြင့်
    regularly
    ကြိယာဝိသေသန

    အပြွမ်းပြွမ်း

    [ʔpWɹáɴpWɹáɴ]
    အလွန်အကျွံ စုပြုံဗျာယ်
    အလွန်အမင်း စုပြုံလျက်
    clustered
    ကြိယာဝိသေသန

    အပွ

    [ʔpw]
    အလီးချိန် လျော့နည်းသော ဝန်။ ရသာဓါတ် လျော့နည်းသော စားသောက်ဖွယ်
    အလေးချိန် လျော့နည်းသော ပစ္စည်း။ ရသာဓါတ် လျော့နည်းသော စားသောက်ဖွယ်
    cheap
    နာမ်

    အပွစား

    [ʔpwsá]
    အရေ အသွီး ညံ့သော လူ (တနည်း) အရာဝတ္တု။ တန်ဖိုး လျော့နည်းသော အရာဝတ္တု ဝန်အစဟိစွာ
    အရေ အသွေး ညံ့သော လူ (သို့မဟုတ်) အရာဝတ္တု။ တန်ဖိုး လျော့နည်းသော အရာဝတ္တု ပစ္စည်းစသည်
    cheap
    နာမ်

    အပွတ်

    [ʔpwaʔ]
    ဆိုးညစ် ပေတေ သူ။ အကျင့် စာရိတ္တ ဆိုးညစ် သူ။ အံ၊ အိံ၊ အုံ အသံတိရယောင် အက္ခရာများ အထက်မာ တင်သော ပုလဲပေါက်။ သီးသီးတင်
    ဆိုးညစ် ပေတေ သူ။ အကျင့် စာရိတ္တ ဆိုးသွမ်း သူ။ အံ၊ အိံ၊ အုံ အသံများရအောင် အက္ခရာများ အထက်တွင် တင်သော အစက်အပြောက်။ သေးသေးတင်
    bad character
    နာမ်

    အပွတ်၂

    [ʔpwaʔ၂]
    အံ၊ အိံ၊ အုံ အသံတိရယောင် အက္ခရာများ အထက်မာ တင်သော ပုလဲပေါက်။ သီးသီးတင်။ ဗိန္ဓု။ နိဂ္ဂဟိတံ-အပွတ် ဖြစ်ရေ အံ အက္ခရာစွာကား၊ ဗုဒ္ဓဝံ သော-ဘုရားဝံရေ။ ဟောတိ-ဖြစ်တေ (ဂဝိဂန္ဓ)
    အံ၊ အိံ၊ အုံ အသံများရအောင် အက္ခရာများ အထက်တွင် တင်သော အစက်အပြောက်။ သေးသေးတင်။ ဗိန္ဓု။ နိဂ္ဂဟိတံ-အပွတ် ဖြစ်သော အံ အက္ခရာသည်ကား၊ ဗုဒ္ဓဝံ သော-ဘုရားဝံသည်။ ဟောတိ-ဖြစ်တေ (ဂဝိဂန္ဓ)
    none
    နာမ်

    အပွတ်ရာကျန်

    [ʔpwaʔɹàt͡ɕàɴ]
    အလုပ် ပင်ပန်းမှုကြောင့် အင်အားခြည့်နန့် အားပျော့ နွဲ့လျသည်
    အလုပ် ပင်ပန်းမှုကြောင့် အင်အားချည့်နဲ့ အားပျော့ နွဲ့လျသည်
    tired
    ကြိယာ

    အပွတ်သတ်

    [ʔpwaʔθaʔ]
    မျိုးက်ခြောက်ခြောက် မောင်းမဲသော စကားလုံး
    ခြိမ်းခြောက် မောင်းမဲသော စကားလုံး
    none
    နာမ်

    အပွန်

    [ʔpʊ̀ɴ]
    လူတိအား ပီးကမ်းရန် နှမြိုး တွန်တိုသော။ ချမ်းသာ တခုတရီကို လူတိအား မရစီလိုရေ
    သူတစ်ပါးအား ပေးကမ်းရန် နှမြော တွန်တိုသော။ ချမ်းသာ တစ်စုံတစ်ရာကို သူတစ်ပါးအား မရစေလိုသော
    begrudging
    နာမဝိသေသန

    အပွန်၂

    [ʔpʊ̀ɴ၂]
    နှမြိုး တွန်တိုခြင်း။ လူများ မရစီလိုခြင်း
    နှမြော တွန်တိုခြင်း။ သူတစ်ပါး မရစေလိုခြင်း
    close
    နာမ်

    အပွန်းကျ

    [ʔpʊ́ɴt͡ɕ]
    ပညာရပ် တခုခု၌ လိမ္မာရီးခြာရေ။ တတ်မြောက်ရေ။ တတ်ကျွမ်း နှံ့စပ်ရေ
    ပညာရပ် တစ်ခုခု၌ လိမ္မာရေးခြားသည်။ တတ်မြောက်သည်။ ကျွမ်းကျင် နှံ့စပ်သည်
    expert
    ကြိယာ

    အပွန်းကျ၂

    [ʔpʊ́ɴt͡ɕ၂]
    လူအသုံး များတွက်နန့် ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် ပွန်းပဲ့ စုတ်ပြတ် ပြုတ်ထွက်သည်
    လူအသုံး များ၍ ထိခိုက် ပွတ်တိုက်မိခြင်းကြောင့် ပွန်းပဲ့ စုတ်ပြတ် ပြုတ်ထွက်သည်
    none
    ကြိယာ

    အပွားမရ

    [ʔpWàmɹ]
    တိုးတက် ဖြစ်ထွန်းမှု မဟိ ဖြစ်တေ။ တိုးတက် များပြားလာရေ
    တိုးတက် ဖြစ်ထွန်းမှု မယှိ ဖြစ်သည်။ တိုးတက် များပြားလာသည်
    develop
    ကြိယာ

    အပွားလုပ်

    [ʔpWàloʊʔ]
    ပွားစီး တိုးတက် ဖြစ်ထွန်းစီရေ
    ပွားစီး တိုးတက် ဖြစ်ထွန်းစေသည်
    thrive
    ကြိယာ

    အပွီ

    [ʔpwí]
    အကျင့် ဆိုးညစ်ရေ။ လည်ပတ် မွီနှောက် လားလာ လုပ်ကိုင်ရေ။ ခြူအောင် လုပ်ရေ
    အကျင့် ဆိုးသွမ်းသည်။ လည်ပတ် မွှေနှောက် သွားလာ လုပ်ကိုင်သည်။ ရှုပ်ပွေအောင် လုပ်သည်
    cause trouble
    ကြိယာ

    အပွီး

    [ʔpwï]
    အပင် အခွံ အခေါက်ရို့၏ ရပေါ်ဆီ အလွှာပြင်
    သစ်ပင် အခွံ အခေါက်တို့၏ အပေါ်ယံ အလွှာပြင်
    bark
    နာမ်

    အပွီလုပ်

    [ʔpwíloʊʔ]
    လူသည် လုပ်ရေ။ လှည့်စား အမြတ်ထုတ်သည်
    လူသည် လုပ်သည်။ လှည့်စား အမြတ်ထုတ်သည်
    exploit
    ကြိယာ

    အဖ

    [ʔpʰ]
    အဖေ။ ဖခင်
    အဖေ။ ဖခင်
    father
    နာမ်

    အဖ၂

    [ʔpʰ၂]
    မိဘနှစ်ပါးအနက် ယောက်ျား
    မိဘနှစ်ပါးအနက် ယောက်ျား
    father
    နာမ်

    အဖက်

    [ʔpʰɛʔ]
    တဦးတဖက်ထက် ပိုပြီးကေ ပေါင်းဖွဲ ရင်းနှီး ထုတ်လုပ်သော လုပ်ငန်း
    တစ်ဦးတစ်ဘက်ထက် ပို၍ ပေါင်းဖွဲ ရင်းနှီး ထုတ်လုပ်သော လုပ်ငန်း
    organization
    နာမ်