Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,561–31,580 of 34,671 words

    အ

    အဖီး

    [ʔpʰï]
    အဘိုး၏ ဖခင်။ ကိုယ့် အထက် ဆွေခုနစ်ဆက်မာ သုံးဆက်မြောက် ဖြစ်ရေ ဆွီမျိုးဆက်။ ယင်းဆွီမျိုးဆက်ကို ခေါ်သော အမည်။ မောင်းဂါးသျှင်
    အဘိုး၏ ဖခင်။ မိမိ အထက် ဆွေခုနစ်ဆက်တွင် သုံးဆက်မြောက် ဖြစ်သော ဆွေမျိုးဆက်။ ယင်းဆွေမျိုးဆက်ကို ခေါ်သော အမည်။ အဘေး
    grandfather
    နာမ်

    အဖီး၂

    [ʔpʰï၂]
    အနာ ပျောက်လု ခါနီး၌ အနာ၏ ရပေါ်ဆီမာ ဖြစ်လှာသော အလွှာထပ်
    အနာ ပျောက်လု ခါနီး၌ အနာ၏ အပေါ်ယံတွင် ဖြစ်လာသော အလွှာထပ်
    scab (of a sore)
    နာမ်

    အဖီးကြီး

    [ʔpʰït͡ɕï]
    မောင်းဂါး(မောင်းဂါးသျှင်)၏ အကိုကြီးကို ခေါ်သော အာလုပ်စကား
    အဖီး(အဘေး)၏ အကိုကြီးကို ခေါ်သော အာလုပ်စကား
    brother of grandfather
    နာမ်

    အဖီးဖီး

    [ʔpʰïpʰï]
    အလွန်အကျွံ စုပြွမ်းရေ။ ကျီးငှက်များရို့၊ စားသုံးနီသည်၊ လုံးငယ်လုံးကြီး၊ မောင်းဂါးဖီးကေ၊ သစ်သီးမှည့်ဝါ၊ တွိသောခါ၌ (မျိုးက်)
    အလွန်အမင်း စုပြွမ်းသည်။ ကျီးငှက်များတို့၊ စားသုံးနေသည်၊ လုံးငယ်လုံးကြီး၊ အဖီးဖီးကေ၊ သစ်သီးမှည့်ဝါ၊ တွိသောခါ၌ (မျောက်)
    clustered
    ကြိယာ

    အဖီးဖီးအခိုင်ခိုင်

    [ʔpʰïpʰïʔkʰàɪɴkʰàɪɴ]
    အလွန်အကျွံ ပျစ်ဗျာယ်
    အလွန်အမင်း ပြွတ်သိပ်လျက်
    clustered
    ကြိယာဝိသေသန

    အဖီးမ

    [ʔpʰïm]
    အဘိုးအဘောင်မရို့၏ မိခင်ကို ခေါ်သော အာလုပ်စကား
    အဘိုးအဘွားတို့၏ မိခင်ကို ခေါ်သော အာလုပ်စကား
    grandmother
    နာမ်

    အဖီးသျှင်

    [ʔpʰïʃɪ̀ɴ]
    အဘိုးအဘောင်မရို့၏ ဖခင်ကိုခေါ်သော အာလုပ်စကား
    အဘိုးအဘွားတို့၏ ဖခင်ကိုခေါ်သော အာလုပ်စကား
    grandfather
    နာမ်

    အဖီးသျှင်မ

    [ʔpʰïʃɪ̀ɴm]
    အဘိုးအဘောင်မရို့၏ မိခင်ကိုခေါ်သော အာလုပ်စကား
    အဘိုးအဘွားတို့၏ မိခင်ကိုခေါ်သော အာလုပ်စကား
    grandmother
    နာမ်

    အဖုကရု

    [ʔpʰoʊkɹoʊ]
    အချေစု။ အရွယ် အမျိုးမျိုး ပါဝင်ရေ အသီးစား အရာဝတ္တုများ
    ကလေးငယ်စု။ အရွယ် အမျိုးမျိုး ပါဝင်သော အသေးစား အရာဝတ္တုများ
    children
    နာမ်

    အဖုတ်ယှုတ်

    [ʔpʰoʊʔʃoʊʔ]
    စိကေချေ အနှမ်းပဲ
    အနည်းငယ် စိတ်မနှံ့ပဲ
    mad
    ကြိယာဝိသေသန

    အဖုံဖုံနှီး

    [ʔpʰòʊɴpʰòʊɴn̥ï]
    သနပ်ခါး၊ ပေါင်ဒါ စစွာကို အဝီးကပင် မြင်သာယောင် ထထူ နှိမ်းထားရေ
    သနပ်ခါး၊ ပေါင်ဒါ စသည်ကို အဝေးကပင် မြင်သာအောင် ထူထူ လိမ်းကျံထားသည်
    apply
    ကြိယာ

    အဖုံးလုံး

    [ʔpʰóʊɴlóʊɴ]
    စပါးပင်၌ ရွက်ခွံနု အုပ်ထားရေ အသီးနုများ စတင် ထွက်လှာမည့် ရွက်လိပ်ရွက်ဖူး
    စပါးပင်၌ ရွက်ခွံနု အုပ်ထားသော အသီးနုများ စတင် ထွက်လာမည့် ရွက်လိပ်ရွက်ဖူး
    none
    နာမ်

    အဖုအထု

    [ʔpʰoʊʔtʰoʊ]
    ခန္ဓာကိုယ် တခုခုမာ စူထွက် မို့ဖောင်းနိန်ရေ အရာ။ အရီပြား ထက်မာ ဖြစ်ပေါ်သော ဖောင်းမို့ ရမ်းသော အဖု
    ခန္ဓာကိုယ် တစ်ခုခုတွင် စူထွက် မို့ဖောင်းနေသော အရာ။ အရေပြား ပေါ်တွင် ဖြစ်ပေါ်သော ဖောင်းမို့ ရောင်ရမ်းသော အဖု
    knot
    နာမ်

    အဖုံးအဖိ

    [ʔpʰóʊɴʔpʰì]
    အပေါက်၊ အခေါင်း အစဟိစွာရို့ကို အပေါ်မှ ဖုံးအုပ်ထားရေ အရာ
    အပေါက်၊ အခေါင်း စသည်တို့ကို အပေါ်မှ ဖုံးအုပ်ထားသော အရာ
    cover
    နာမ်

    အဖုအရု

    [ʔpʰoʊʔɹoʊ]
    အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ
    အမျိုးအမည် အရေအတွက် စသည် များပြားစွာ
    various
    ကြိယာဝိသေသန

    အဖုံအရုံ

    [ʔpʰòʊɴʔɹòʊɴ]
    အရသာ ကပျက်ကလျော် ဟိသော။ အရသာ လျော့နည်းသော
    အရသာ ပေါ့ပျက်ပျက် ယှိသော။ အရသာ လျော့နည်းသော
    mild
    နာမဝိသေသန

    အံဖူး

    [ʔံpʰùး]
    ကြာငုံနှင့် တူသော အံသွား တမျိုး
    ကြာငုံနှင့် တူသော အံသွား တစ်မျိုး
    molar
    နာမ်

    အဖူးမုံ

    [ʔpʰùးmòʊɴ]
    အပွင့်အဖြစ် ပွင့်လာမည့် အပွင့်လောင်း။ အငုံအပွင့် ဖြစ်ပေါ်လှာစီဖို့့ ပွင့်လောင်း အဖုအလုံး
    အပွင့်အဖြစ် ပွင့်လာမည့် အပွင့်လောင်း။ အငုံအပွင့် ဖြစ်ပေါ်လာစေမည့် ပွင့်လောင်း အဖုအလုံး
    bug
    နာမ်

    အဖူးအရောင်

    [ʔpʰùးʔɹàʊɴ]
    အသားစိုင်များ မလိုလားဖွယ် ဖောင်းကြွရေ။ ဝေဒနာ တခုခုကြောင့် ကိုယ်ခန္ဓာ အသားအရီ ဖောင်းကြွ စူမို့သည်
    အသားစိုင်များ မလိုလားဖွယ် ဖောင်းကြွသည်။ ဝေဒနာ တစ်ခုခုကြောင့် ကိုယ်ခန္ဓာ အသားအရေ ဖောင်းကြွ စူမို့သည်
    badly
    ကြိယာ

    အဖောက်မပြေ

    [ʔpʰɔ́ɛʔmpɹè]
    စကား ပြောဆိုရာမာ အချီအချ အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆို တတ်အတွက်နန့် ပျက်ပြားအောင် အကြားမှ ဝင်ဖောက်၍ မရနှိုင် ဖြစ်တေ
    စကား ပြောဆိုရာတွင် အချီအချ အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆို တတ်သောကြောင့် ပျက်ပြားအောင် အကြားမှ ဝင်ဖောက်၍ မရနိုင် ဖြစ်သည်
    eloquence
    ကြိယာ