Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,581–31,600 of 34,671 words

    အ

    အဖောက်မပြေစကားသွယ်

    [ʔpʰɔ́ɛʔmpɹèskáθwɛ̀]
    စကား ပြောဆိုရာမာ တစွန်းတစ လမ်းဝမရယောင် အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆိုတတ်အတွက်နန့် ပျက်ပြားအောင် အကြားမှ ဝင်ဖောက်၍ မရနှိုင်ဖြစ်တေ
    စကား ပြောဆိုရာ၌ တစ်စွန်းတစ ဝင်ပေါက်မရအောင် အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆိုတတ်သောကြောင့် ပျက်ပြားအောင် အကြားမှ ဝင်ဖောက်၍ မရနိုင်ဖြစ်သည်
    eloquence
    နာမ်

    အဖောက်မပြေစကားသွယ်၂

    [ʔpʰɔ́ɛʔmpɹèskáθwɛ̀၂]
    စကားပြောဆိုရာမာ တစွန်းတစ လမ်းဝမရယောင် အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆိုတတ်သူ။ စကားပြောဆိုရာမာ တတ်ကျွမ်း လိမ္မာသူ။ စကားသံကို ပင်ဖြစ်ဖြစ်၊ စကားအနက်ကို ပင်ဖြစ်ဖြစ်၊ တန်ဆာဆင်၍ မွမ်းမံ သွယ်တန်းစွာ နားဝင်ချိုအောင် ပြောဆိုတတ်သူ
    စကားပြောဆိုရာ၌ တစ်စွန်းတစ ဝင်ပေါက်မရအောင် အဆို့အပိတ် သိပ်သည်း ကျစ်လျစ်စွာ ပြောဆိုတတ်သူ။ စကားပြောဆိုရာတွင် ကျွမ်းကျင် လိမ္မာသူ။ စကားသံကို လည်းကောင်း၊ စကားအနက်ကို လည်းကောင်း၊ တန်ဆာဆင်၍ မွမ်းမံ သွယ်တန်းစွာ နားဝင်ချိုအောင် ပြောဆိုတတ်သူ
    eloquence
    နာမ်

    အဖောင်

    [ʔpʰàʊɴ]
    ဖခင်၏ညီ။ ဘထွေး
    ဖခင်၏ညီ။ ဘထွေး
    uncle
    နာမ်

    အဖောအရော

    [ʔpʰɔ́ʔɹɔ́]
    ရှင်းလင်း သန့်ရှင်းခြင်း မဟိ၊ ထွီးယှက် ရောပြွမ်းသော
    ရှင်းလင်း သန့်ရှင်းခြင်း မယှိ၊ ထွေးယှက် ရောပြွမ်းသော
    miscellaneous
    နာမဝိသေသန

    အဖောအရော၂

    [ʔpʰɔ́ʔɹɔ́၂]
    ဗြန်းစိကာရ။ ပရမ်းပတာ။ ကရားကထား အစီအစိုင် မကျ ပြန့်ကြဲဗျာယ်
    စည်းမဲ့ကမ်းမဲ့။ ပရမ်းပတာ။ ဖရိုဖရဲ အစီအစဉ် မကျ ပြန့်ကျဲလျက်
    haphazardly
    ကြိယာဝိသေသန

    အဖော်ကရော်

    [ʔpʰɔ̀kɹɔ̀]
    ကူညီမည့်သူ အဖြစ် ကိုယ့်နှင့်တတူတကွ ဟိနီသူ
    ကူညီမည့်သူ အဖြစ် မိမိနှင့်အတူတကွ ယှိနေသူ
    acquaintance
    နာမ်

    အဖော်မဟိ

    [ʔpʰɔ̀mhì]
    အဖေါ်မဟိ တကိုယ်တည်း ဖြစ်တေ
    အဖေါ်မယှိ တစ်ကိုယ်တည်း ဖြစ်သည်
    alone
    ကြိယာ

    အဖေါက်ခြည်

    [ʔpʰaʊʔkʰɹɛ]
    ရက်ကန်း ရက်ရာမာ တိုင်ခြည်ကို ကန့်လန့်ဖြတ် လျှိုသွင်း၍ ရက်လုပ်ရရေ ခြည်။ ဖောက်ခြည်
    ယက်ကန်း ရက်ရာတွင် တိုင်ချည်ကို ကန့်လန့်ဖြတ် လျှိုသွင်း၍ ရက်လုပ်ရသော ချည်။ ဖောက်ချည်
    thread
    နာမ်

    အဖေါ်ကျိုင်

    [ʔpʰɔ̀t͡ɕàɪɴ]
    ကိုယ့်နှင့် တတူတကွ နီထိုင်သော အပေါင်းအသင်း
    မိမိနှင့် အတူတကွ နေထိုင်သော အပေါင်းအသင်း
    acquaintance
    နာမ်

    အဖေါ်ချင်း

    [ʔpʰɔ̀ɕɪ́ɴ]
    ငယ်ရွယ်စဉ် ကပင် ချစ်ခင်ရင်းနှီးစွာ ပေါင်းဖေါ်ခသူ။ ရင်းနှီးကျွမ်းသော မိတ်ဆွီ
    ငယ်ရွယ်စဉ် ကတည်းက ချစ်ခင်ရင်းနှီးစွာ ပေါင်းဖေါ်ခဲ့သူ။ ရင်းနှီးကျွမ်းသော မိတ်ဆွေ
    childhood friend
    နာမ်

    အဖေါ်ညဉ့်

    [ʔpʰɔ̀ɲɪ̀ɴ့]
    ပြုဖွယ် ကိစ္စတခုခုကို ကိုယ့်နှင့်တတူ ပြုလုပ် ဆောင်ရွက်ရန် တယောက်တလီအား ပြောဆိုရေ
    ပြုဖွယ် ကိစ္စတစ်ခုခုကို မိမိနှင့်အတူ ပြုလုပ် ဆောင်ရွက်ရန် တစ်စုံတစ်ယောက်အား ပြောဆိုသည်
    ask someone to join in an undertaking
    ကြိယာ

    အဖေါ်သား

    [ʔpʰɔ̀θá]
    မိတ်ဆွီအဖြစ် ပေါင်းသင်း ဆက်ဆံသူ
    မိတ်ဆွေအဖြစ် ပေါင်းသင်း ဆက်ဆံသူ
    acquaintance
    နာမ်

    အဖေါ်အရွီ

    [ʔpʰɔ̀ʔɹwí]
    အီးတတူ ပူအမျှ ကိုယ့်နှင့် တတူတကွ ဟိနီသူ။ မိတ်ဆွီ အပေါင်းအသင်း
    အေးအတူ ပူအမျှ မိမိနှင့် အတူတကွ ယှိနေသူ။ မိတ်ဆွေ အပေါင်းအသင်း
    acquaintance
    နာမ်

    အဖဲ့

    [ʔpʰé]
    အစိုင်အခဲမှ အစိတ်အပိုင်း တစုံ တရာ။ ဖြတ်တောက် ပိုင်းထားရေ အရာ
    အစိုင်အခဲမှ အစိတ်အပိုင်း တစ်စုံ တရာ။ ဖြတ်တောက် ပိုင်းထားသော အရာ
    part
    နာမ်

    အဖဲ့ဖဲ့

    [ʔpʰépʰé]
    တခုတရီသော အရာကို စိကေချေအောင် ပြုလုပ်ထားရေ အရာ။ အစု (တနည်း) အစိုင်အခဲမှ ခွာဖြတ်ပနာ တခုကျ တခုကျ
    တစ်စုံတစ်ခုသော အရာကို သေးနုပ်အောင် ပြုလုပ်ထားသော အရာ။ အစု (သို့မဟုတ်) အစိုင်အခဲမှ ခွာဖြတ်၍ တစ်ခုစီ တစ်ခုစီ
    part
    နာမ်

    အဖဲ့သျှေ

    [ʔpʰéʃè]
    အစိုင်အခဲမှ အစိတ်အပိုင်း တစုံတရာ ခွာဖြတ်ထားရေ စိုးစဉ်း ချေသော (အရာ)
    အစိုင်အခဲမှ အစိတ်အပိုင်း တစ်စုံတရာ ခွာဖြတ်ထားသော စိုးစဉ်း ငယ်မျှသော (အရာ)
    part
    နာမဝိသေသန

    အဖဲ့သျှေအတစ်သျှေ

    [ʔpʰéʃèʔtɪʔʃè]
    စိကေချေအောင် တခုတခုကျ ခုတ်ဖြတ်ထားရေ အရာ
    သေးနုပ်အောင် တစ်ခုတစ်ခုစီ ခုတ်ဖြတ်ထားသော အရာ
    parts
    နာမ်

    အဖဲ့အတစ်

    [ʔpʰéʔtɪʔ]
    စိကေချေအောင် ပြုပျင်ခြင်း မဟိပဲ မူလအတုံးအခဲ အတိုင်း
    သေးနုပ်အောင် ပြုပြင်ခြင်း မယှိပဲ မူလအတုံးအခဲ အတိုင်း
    in chunks
    ကြိယာဝိသေသန

    အဖဲ့အယွဲ့

    [ʔpʰéʔjwé]
    အစိတ်အပိုင်း တခုခုကို ပြတ်ကွာ ထွက်အောင် ပြုသည်
    အစိတ်အပိုင်း တစ်ခုခုကို ပြတ်ကွာ ထွက်အောင် ပြုသည်
    bread off
    ကြိယာဝိသေသန

    အဖျင်း

    [ʔpʰrɪ́ɴ]
    ပြုလုပ်ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်းဉာဏ်စွမ်း မဟိခြင်း။ အရည် အသွီးညံ့သူ
    ပြုလုပ်ဆောင်ရွက်နိုင်သော ကိုယ်စွမ်းဉာဏ်စွမ်း မယှိခြင်း။ အရည် အသွေးညံ့သူ
    chaff
    နာမ်