Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 31,681–31,700 of 34,671 words

    အ

    အဖွားအသီ

    [ʔpʰWàʔθí]
    များပြားစွာ။ လောက်ငှ လောက်စွာ။ ဖောဖောသီသီ
    များပြားစွာ။ လုံလောက် ပြည့်ဝစွာ။ ဖောဖောသီသီ
    plenty
    ကြိယာဝိသေသန

    အဖွီးဖြူ

    [ʔpʰwïpʰɹù]
    ဖြူဖွေး များပြားစွာ။ မကန်မဝှန်
    ဖြူဖွေး များပြားစွာ။ အများအပြား
    many
    ကြိယာဝိသေသန

    အဗျတ်ကယတ်ဗျတ်ကယက်

    [ʔbraʔkjaʔbraʔkjɛʔ]
    ပျက်ချိပျက်ချော်။ မကောင်းမမွန်။ ဖာလိဖာလာ
    ပေါ့ပေါ့တန်တန်။ မကောင်းမမွန်။ ဖြစ်ကတတ်ဆန်း
    haphazardly
    ကြိယာဝိသေသန

    အဗျာကယာ

    [ʔbràkjà]
    အမြမြန်ဆဆန်။ ကမန်းကတန်း
    အဆောတလျင်။ အလျင်စလို
    hurry up
    ကြိယာဝိသေသန

    အဗျာကယာဗျာကယာ

    [ʔbràkjàbràkjà]
    ဆုတ်ကိုင်ရာမရ ဖြစ်ဗျာယ်။ ခြီမကိုင်မိ လက်မကိုင်မိ ဗျာများဗျာယ်
    ဆောက်တည်ရာမရ ဖြစ်လျက်။ ခြေမကိုင်မိ လက်မကိုင်မိ ဗျာများလျက်
    be full of worries
    ကြိယာဝိသေသန

    အဗျာကရို

    [ʔbràkɹÒ]
    တင်းကျပ်ခြင်း မဟိပဲ။ မြဲမြံခြင်း မဟိပဲ
    တင်းကျပ်ခြင်း မယှိပဲ။ မြဲမြံခြင်း မယှိပဲ
    loosely
    ကြိယာဝိသေသန

    အဗျေ

    [ʔbrè]
    ဘခင်၏ညီ၊ ဖခင်၏ အောက်ဖြစ်ရေ ညီကို ခေါ်သော အာလုပ်စကား
    ဘခင်၏ညီ၊ ဖခင်၏ အောက်ဖြစ်သော ညီကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    အဗျေကြီး

    [ʔbrèt͡ɕï]
    ဖခင်၏ အောက်ဖြစ်ရေ ညီကို ခေါ်သော အာလုပ်စကား
    ဖခင်၏ အောက်ဖြစ်သော ညီကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    အဗျေထွီး

    [ʔbrètʰwï]
    ဖခင်၏ ညီအထွီးဆုံးကို ခေါ်သော အာလုပ် စကား
    ဖခင်၏ ညီအထွေးဆုံးကို ခေါ်သော အာလုပ် စကား
    uncle
    နာမ်

    အဗျေလတ်

    [ʔbrèlaʔ]
    ဖခင်၏ ညီအလတ်သူကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအလတ်သူကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    အဗျေသျှေ

    [ʔbrèʃè]
    ဖခင်၏ ညီအချေသူကို ခေါ်သော အာလုပ်စကား
    ဖခင်၏ ညီအငယ်သူကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    အဗြက်ကရက်ဗြက်ကရက်

    [ʔbɹɛʔkɹɛʔbɹɛʔkɹɛʔ]
    ကချေတိ လက်ဝါးကို ပြားပြားချပြီး တယောက်က အဗြက်ကရက်ဗြက်ကရက် အစဟိစွာအနိန်နန့် ရွီတွက်၍ အဆုံးမာ ထွက် ကျသော လက်ဝါးသည် ထွက်ရဖို့ ဖြစ်တေ့ အချေ ကစပ်နည်း တမျိုး
    ကလေးများ လက်ဝါးကို ပြားပြားချပြီး တစ်ယောက်က အဗြက်ကရက်ဗြက်ကရက် စသည်ဖြင့် ရေတွက်၍ အဆုံး၌ ထွက် ကျသော လက်ဝါးသည် ထွက်ရမည် ဖြစ်သည့် ကလေး ကစားနည်း တစ်မျိုး
    none
    နာမ်

    အဘ

    [ʔbʱ]
    ဖခင်ကို ခေါ်သော စကား
    ဖခင်ကို ခေါ်သော စကား
    father
    နာမ်

    အဘကာ

    [ʔbʱkà]
    အမီးစကားရို့မာ (ကာ၊ ဝါ ဆိုရေ ပုဒ်ကို) ကြိယာအဆုံးမာ တွဲစပ်၍ သုံးသော ဝန်စကား။ (အဘတပုဒ်၊ ကာတပုဒ်၊ အဘ-အဖေ၊ ကာ-လဲ၊ (မာလဲ၊ ဇာမာလဲ။ အဖေဇာမာလဲ၊ ဇာလားလေ အစဟိစွာ) အဘနှင့် ကာနှစ်ပုဒ်ကို တွဲစပ်၍ ပြလိုက်ရေ။ အဘကာ၊ အဘဝါ၊ အဘာကာ၊ အဘာဝါ စစွာလေ့ သုံးနှုန်းလ
    အမေးစကားတို့တွင် (ကာ၊ ဝါ ဟူသော ပုဒ်ကို) ကြိယာအဆုံး၌ တွဲစပ်၍ သုံးသော ပစ္စည်းစကား။ (အဘတစ်ပုဒ်၊ ကာတစ်ပုဒ်၊ အဘ-အဖေ၊ ကာ-လဲ၊ (မှာလဲ၊ ဘယ်မှာလဲ။ အဖေဘယ်မှာလဲ၊ ဘယ်သွားသလဲ စသည်) အဘနှင့် ကာနှစ်ပုဒ်ကို တွဲစပ်၍ ပြလိုက်သည်။ အဘကာ၊ အဘဝါ၊ အဘာကာ၊ အဘာဝါ စသည်လည်း သုံးနှုန်းလ
    none
    ပစ္စည်း

    အဘာ

    [ʔbʱà]
    ဖခင်ကို ခေါ်သော စကား
    ဖခင်ကို ခေါ်သော စကား
    father
    နာမ်

    အဘာကြီး

    [ʔbʱàt͡ɕï]
    (အဖေ၏ အစ်ကိုကြီးကို ခေါ်သော အာလုပ်စကား
    (အဖေ၏ အစ်ကိုကြီးကို ခေါ်သော အာလုပ်စကား
    uncle
    နာမ်

    အဘာကြီးဝါ

    [ʔbʱàt͡ɕïwà]
    အမီး စကားရို့မာ (ကာ၊ ဝါ ဆိုရေ ပုဒ်ကို) ကြိယာအဆုံးမာ တွဲစပ်၍ သုံးသော ဝန်စကား
    အမေး စကားတို့တွင် (ကာ၊ ဝါ ဟူသော ပုဒ်ကို) ကြိယာအဆုံး၌ တွဲစပ်၍ သုံးသော ပစ္စည်းစကား
    none
    ပစ္စည်း

    အဘာထွီး

    [ʔbʱàtʰwï]
    ဖခင်၏ ညီအထွီးဆုံးကို ခေါ်သော အာလုပ် စကား
    ဖခင်၏ ညီအထွေးဆုံးကို ခေါ်သော အာလုပ် စကား
    uncle
    နာမ်

    အဘာဘာ

    [ʔbʱàbʱà]
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကြင်မှု အစဟိစွာ ဖြစ်ရေအခါ ရေရွတ်သော စကား
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကျင်မှု စသည် ဖြစ်သောအခါ ရေရွတ်သော စကား
    none
    အာလုပ်

    အဘာယေ

    [ʔbʱàjè]
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကြင်မှု အစဟိစွာဖြစ်ရေအခါ ရေရွတ်သော စကား
    အံ့ဩမှု၊ ထိတ်လန့်မှု၊ နာကျင်မှု စသည်ဖြစ်သောအခါ ရေရွတ်သော စကား
    none
    အာလုပ်