Dictionary Entries
Showing 31,741–31,760 of 34,671 words
အ
အမည်းကွက်ပေါ်
[ʔmɛ́kwɛʔpɔ̀]
Arakanese:
တခုခုသော စည်းကမ်း ဥပဒေကို ဖောက်ဖျက် ကျူးလွန်မိခြင်းကြောင့် အပြစ်အနာ ပေါ်သည်
Burmese:
တစ်ခုခုသော စည်းကမ်း ဥပဒေကို ဖောက်ဖျက် ကျူးလွန်မိခြင်းကြောင့် အပြစ်အနာ ပေါ်သည်
English:
[fig.] blemish one’s reputation
Grammar Note:
ကြိယာ
အမည်ခတ်
[ʔmɛ̀kʰaʔ]
Arakanese:
နာမည်မိန်းရေ။ ခေါ်ဝေါ်သမုတ်သည်
Burmese:
နာမည်မေးသည်။ ခေါ်ဝေါ်သမုတ်သည်
English:
name
Grammar Note:
ကြိယာ
အမည်းခေါက်ခေါက်
[ʔmɛ́kʰaʊʔkʰaʊʔ]
Arakanese:
သတ်သတ်သီာ အမည်း
Burmese:
သက်သက်သော အမည်း
English:
black
Grammar Note:
နာမ်
အမည်းခေါက်ခေါက်၂
[ʔmɛ́kʰaʊʔkʰaʊʔ၂]
Arakanese:
အရာအရောင် မထင်၊ သတ်သတ် အမည်းလောင်းာက်ရာ ဖြစ်ရေ။ မည်းသော အရောင်ကို အထူးပြုရေ၊ အလွန် မဲနက်ရေ
Burmese:
အခြားအရောင် မထင်၊ သက်သက် အမည်းမျှသာ ဖြစ်သော။ မည်းသော အရောင်ကို အထူးပြုသော၊ အလွန် မည်းနက်သော
English:
black
Grammar Note:
နာမဝိသေသန
အမည်းစက်
[ʔmɛ́sɛʔ]
Arakanese:
တခုတရီသော အပြစ်အနာ။ (စွန်းထင်းသည်)
Burmese:
တစ်စုံတစ်ခုသော အပြစ်အနာ။ (စွန်းထင်းသည်)
English:
inglorious
Grammar Note:
နာမ်
အမည်းစက်ပေါ်
[ʔmɛ́sɛʔpɔ̀]
Arakanese:
လူများ ကဲ့၏စရာ ဖြစ်ရေ အပြစ်အနာ။ လူတိကိုထိခိုက်နစ်နာ စီနှိုင်ရေ အပြစ်အနာ
Burmese:
သူတစ်ပါး ကဲ့ရဲ့စရာ ဖြစ်သော အပြစ်အနာ။ သူတစ်ပါးကို ထိခိုက်နစ်နာ စေနိုင်သော အပြစ်အနာ
English:
black mark
Grammar Note:
နာမ်
အမည်နှိပ်
[ʔmɛ̀n̥ìaʔ]
Arakanese:
ခေါ်ဝေါ် သတ်မှတ်သော နာမည်
Burmese:
ခေါ်ဝေါ် သတ်မှတ်သော နာမည်
English:
name
Grammar Note:
ကြိယာ
အမည်းပုပ်ပုပ်
[ʔmɛ́poʊʔpoʊʔ]
Arakanese:
အရောင် မတောက်မပဖြစ်ဗျာယ်။ မကြည်မလင်ဖြစ်ဗျာယ်
Burmese:
အရောင် မတောက်မပဖြစ်လျက်။ မကြည်မလင်ဖြစ်လျက်
English:
blurred
Grammar Note:
ကြိယာဝိသေသန
အမည်ပေါ်
[ʔmɛ̀pɔ̀]
Arakanese:
အမည်နာမ ထင်ရှားသည်
Burmese:
အမည်နာမ ထင်ရှားသည်
English:
be known as
Grammar Note:
ကြိယာ
အမည်ရ
[ʔmɛ̀ɹ]
Arakanese:
လူသိ သျှင်သိ များတွက်နန့် နနောင်းသော အမည် ထင်ရှားသည်
Burmese:
လူသိ သျှင်သိ များ၍ ခိုင်မာသော အမည် ထင်ရှားသည်
English:
publicly
Grammar Note:
ကြိယာ
အမည်ရော်ကာ
[ʔmɛ̀ɹɔ̀kà]
Arakanese:
အဇာလောက်သာ ဖြစ်ရေ။ အများနည်းတူ ဖြစ်ရေ။ အထူး မဟုတ်ရေ။ သာမန်။ ထူးခြား ထင်ရှားခြင်း မဟိ သာမန်မျှသော
Burmese:
အမည်မျှသာ ဖြစ်သော။ အများနည်းတူ ဖြစ်သော။ အထူး မဟုတ်သော။ သာမန်။ ထူးခြား ထင်ရှားခြင်း မယှိ သာမန်မျှသော
English:
normal
Grammar Note:
နာမဝိသေသန
အမည်ရော်ကာ၂
[ʔmɛ̀ɹɔ̀kà၂]
Arakanese:
စိကေချေ။ ပါရေဆိုရုံမျှ အတိုင်းအဆ ပမာဏ
Burmese:
အနည်းငယ်။ ပါသည်ဆိုရုံမျှ အတိုင်းအဆ ပမာဏ
English:
a little
Grammar Note:
နာမ်
အမည်ရော်ကာ၃
[ʔmɛ̀ɹɔ̀kà၃]
Arakanese:
သာမန်မျှ ဖြစ်တေကို ပြသော စကားလုံး။ ကြာမျှ
Burmese:
သာမန်မျှ ဖြစ်သည်ကို ပြသော စကားလုံး။ ကြာမျှ
English:
none
Grammar Note:
နာမ်
အမည်ရှာ
[ʔmɛ̀ʃà]
Arakanese:
အကြောင်းရင်း တခုခုကို သိယောင် ပြုရေ။ ၂၊ အကြောင်းပြရေ။ နီအိမ်ဘောင်မှ၊ တောင်တန်းခါးက၊ ဆင်းလားလီလို့၊ အမည်ရှာငြား၊ ရီခပ်စောင်လေ၊ ဆောင်တုံငြားဗျာယ် (ပဋါ)။ မင်းကြီးမာလေ၊ အာဏာမိန့်လွှတ်၊ ပချုပ်ဖာကို၊ ဆောင်ကာရွက်ပျာ၊ ထွက်ကြလီပိုင့်၊ ရီနတ်တင်၊ အမည်ရှာဗျာယ်၊
Burmese:
အကြောင်းရင်း တစ်ခုခုကို သိအောင် ပြုသည်။ ၂၊ အကြောင်းပြသည်။ နေအိမ်ဘောင်မှ၊ တောင်တန်းခါးက၊ ဆင်းသွားလေလို့၊ အမည်ရှာငြား၊ ရီခပ်စောင်လေ၊ ဆောင်တုံငြားလျက် (ပဋါ)။ မင်းကြီးမှာလေ၊ အာဏာမိန့်လွှတ်၊ ပချုပ်ဖာကို၊ ဆောင်ကာရွက်ပျာ၊ ထွက်ကြလေလို့၊ ရီနတ်ပူဇော်၊ အမည်ရှာလျက်၊
English:
reason
Grammar Note:
ကြိယာ
အမရုပ်
[ʔmɹoʊʔ]
Arakanese:
မမာ့၏ ဟန်ပန် အသွင် အပြင် အမူအရာ။ မယူမ
Burmese:
မိန်းမ၏ ဟန်ပန် အသွင် အပြင် အမူအရာ။ မိန်းမလျာ
English:
gay
Grammar Note:
နာမ်
အမသျှေ
[ʔmʃè]
Arakanese:
မိအချေကို ချစ်စနိုးဖြင့် ခေါ်သော စကားလုံး။ ညီမချေ
Burmese:
မိကလေးကို ချစ်စနိုးဖြင့် ခေါ်သော စကားလုံး။ ညီမလေး
English:
sister
Grammar Note:
နာမ်
အမား
[ʔmá]
Arakanese:
များရေ အရွီအတွက် ပမာဏ
Burmese:
များသော အရေအတွက် ပမာဏ
English:
many
Grammar Note:
နာမ်
အမာကျိုင်းကျိုင်း
[ʔmàt͡ɕáɪɴt͡ɕáɪɴ]
Arakanese:
ရောဂါ ကင်းရေ။ နေကောင်းရေ။ ခိုင်မြဲသည်
Burmese:
ရောဂါ ကင်းသည်။ နေကောင်းသည်။ ခိုင်မြဲသည်
English:
be in good health
Grammar Note:
ကြိယာ
အမာကျော
[ʔmàt͡ɕɔ́]
Arakanese:
မပျောင်း မညံ့ နနောင်း ကျစ်လျစ်သော။ တင့်တောင့်သော
Burmese:
မပျောင်း မညံ့ ခိုင်မာ ကျစ်လျစ်သော။ တင့်တောင့်သော
English:
powerful
Grammar Note:
နာမ်
အမားကြီး
[ʔmát͡ɕï]
Arakanese:
များနိုင်သမျှသော အရွီအတွက်၊ ပမာဏအားဖြင့်။ အများအနိန်နန့်
Burmese:
များနိုင်သမျှသော အရေအတွက်၊ ပမာဏအားဖြင့်။ အများအားဖြင့်
English:
generally
Grammar Note:
ကြိယာဝိသေသန