Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,141–32,160 of 34,671 words

    အ

    အယမ်း၂

    [ʔjáɴ၂]
    မတွက်ဖော် မဆင်ခြင်ပဲ။ ဗြန်းစိကာရ
    မစဉ်းစား မဆင်ခြင်ပဲ။ စည်းမဲ့ကမ်းမဲ့
    undisciplined
    ကြိယာဝိသေသန

    အယမ်းကာရ

    [ʔjáɴkàɹ]
    လွန်ကဲစွာ။ ပိုလွန်ပနာ။ မတွက်ဖော် မဆင်ခြင်ပဲ။ ဗြန်းစိကာရ ပြုရေအနိန်နန့်
    လွန်ကဲစွာ။ ပိုလွန်စွာ။ မစဉ်းစား မဆင်ခြင်ပဲ။ စည်းမဲ့ကမ်းမဲ့ ပြုသော အားဖြင့်
    extremely
    ကြိယာဝိသေသန

    အယမ်းကျ

    [ʔjáɴt͡ɕ]
    တရားလွန် ပြုသည် ဖြစ်တေ
    တရားလွန် ပြုသည် ဖြစ်သည်
    exceed
    ကြိယာ

    အယမ်းချ

    [ʔjáɴɕ]
    မတွက်ဖော် မဆင်ခြင်ပဲ လူတိအား ယိုးစွပ် ပြောဆို ပြုမူသည်
    မစဉ်းစား မဆင်ခြင်ပဲ သူတစ်ပါးအား စွပ်စွဲ ပြောဆို ပြုမူသည်
    accuse
    ကြိယာ

    အယမ်းတုတ်

    [ʔjáɴtoʊʔ]
    မမှန်မကန် တွေးထင် ယူဆရေ။ လွဲချော် တိမ်းမားစွာ မှတ်ယူရေ
    မမှန်မကန် တွေးထင် ယူဆသည်။ လွဲချော် တိမ်းမှားစွာ မှတ်ယူသည်
    misunderstand
    ကြိယာ

    အယမ်းနန့်

    [ʔjáɴnàɴ့]
    ဆင်ခြင်မဲ့ ပြုမူရေ။ မတွက်ဖော် မဆင်ခြင်ပဲ ယိုးစွပ် ပြောဆိုပြုမူသည်
    ဆင်ခြင်မဲ့ ပြုမူသည်။ မစဉ်းစား မဆင်ခြင်ပဲ စွပ်စွဲ ပြောဆိုပြုမူသည်
    accuse
    ကြိယာ

    အယမ်းမဲ့

    [ʔjáɴmé]
    မတွက်ဖော် မဆင်ခြင်ပဲ။ ဗြန်းစိကာရ
    မစဉ်းစား မဆင်ခြင်ပဲ။ စည်းမဲ့ကမ်းမဲ့
    undisciplined
    ကြိယာဝိသေသန

    အယမ်းယမ်း

    [ʔjáɴjáɴ]
    ကျွတ်ကောင်၊ ကြွက်ကောင် တလွန့်လွန့် လှမ်းလားနီရေ
    ကျွတ်ကောင်၊ မျှော့ကောင် တလွန့်လွန့် လှမ်းသွားနေသည်
    none
    ကြိယာ

    အယယ

    [ʔjj]
    ဖြည်းညင်း သက်သာစွာ။ သာယာ ညင်းပျောင်းစွာ။ နူးနူးညံ့ညံ့
    ဖြည်းညင်း သက်သာစွာ။ သာယာ ညင်းပျောင်းစွာ။ နူးနူးညံ့ညံ့
    willingly
    ကြိယာဝိသေသန

    အယယ၂

    [ʔjj၂]
    အကြမ်းအတမ်း အယင့်အယင် မဟုတ်ရေ။ အသာ အဖြည်း ဖြစ်ရေ
    အကြမ်းအတမ်း အလျင်အမြန် မဟုတ်သော။ အသာ အဖြည်း ဖြစ်သော
    slowly
    နာမဝိသေသန

    အယာ

    [ʔjà]
    လူတိ၏ နောက်က လိုက်ရေ
    သူတစ်ပါး၏ နောက်က လိုက်သည်
    follower
    နာမ်

    အယားကယူ

    [ʔjákjù]
    စိတ်မပါဘဲနန့် လိုက်လားရရေ
    စိတ်မပါဘဲ လိုက်သွားရသည်
    unwillingly but go with
    ကြိယာ

    အယာခံ

    [ʔjàkʰံ]
    ဝန်ခံ ကတိ ပီးရေ
    ဝန်ခံ ကတိ ပေးသည်
    guaranty
    ကြိယာ

    အယားမရအယူမရ

    [ʔjámɹʔjùmɹ]
    သတိမိပနာ သေလုမျိုးပါး ဖြစ်ဗျာယ်။ ငြိမ်သက်မှု မဟိအောင် ဟိုဆွဲယူ ဒီဆွဲယူ ပြုလုပ်ဗျာယ်
    သတိမေ့၍ သေလုမျောပါး ဖြစ်လျက်။ ငြိမ်သက်မှု မယှိအောင် ဟိုဆွဲယူ ဒီဆွဲယူ ပြုလုပ်လျက်
    almost to death
    ကြိယာဝိသေသန

    အယားမရအယူမရ၂

    [ʔjámɹʔjùmɹ၂]
    ငြိမ်သက်မှု မဟိအောင် ဟိုဆွဲယူ ဒီဆွဲယူ ပြုလုပ်ဗျာယ်။ အေ--အထုပ်ကို အယားမရ အယူအရ ထိုဆွဲ ဒေဆွဲ လုပ်နီကတ်တေကာ၊ ဇာလုပ်ဖို့လဲ မင်းရို့မာ (အရပ်)
    ငြိမ်သက်မှု မယှိအောင် ဟိုဆွဲယူ ဒီဆွဲယူ ပြုလုပ်လျက်။ အေ--အထုပ်ကို အယားမရ အယူအရ ထိုဆွဲ ဒေဆွဲ လုပ်နီကတ်တေကာ၊ ဇာလုပ်ဖို့လဲ မင်းရို့မှာ (အရပ်)
    none
    ကြိယာဝိသေသန

    အယားယား

    [ʔjájá]
    ငြိမ်သက် ရပ်တည်ခြင်း မဟိပဲ အမြဲတမ်း လားလာ လှုပ်ယှားဗျာယ်။ သူတိနောက်က တကောက်ကောက် လိုက်လားဗျာယ်။ အစိုင်တစိုက် နောက်ခါ တကောက်ကောက် လိုက်ဗျာယ်
    ငြိမ်သက် ရပ်တည်ခြင်း မယှိပဲ အမြဲတမ်း သွားလာ လှုပ်ရှားလျက်။ သူများနောက်က တကောက်ကောက် လိုက်သွားလျက်။ အစဉ်တစိုက် နောက်မှ တကောက်ကောက် လိုက်လျက်
    follow
    ကြိယာဝိသေသန

    အယားယားငိုက်

    [ʔjájáŋaɪʔ]
    အိပ်ချင်အား ကြီးပြီးကေ ကိုယ်ကို ယိမ်းယိုင်ကာ အဂေါင်း ညွတ်ကျဗျာယ်
    အိပ်ချင်အား ကြီး၍ ကိုယ်ကို ယိမ်းယိုင်ကာ ဦးခေါင်း ညွတ်ကျလျက်
    doze
    ကြိယာဝိသေသန

    အယားယားလိုက်

    [ʔjájálaɪʔ]
    ငြိမ်သက် ရပ်တည်ခြင်း မဟိပဲ အမြဲတမ်း လားလာ လှုပ်ယှားဗျာယ်။ သူတိ နောက်က တကောက်ကောက် လိုက်လားဗျာယ်
    ငြိမ်သက် ရပ်တည်ခြင်း မယှိပဲ အမြဲတမ်း သွားလာ လှုပ်ရှားလျက်။ သူများ နောက်က တကောက်ကောက် လိုက်သွားလျက်
    follow
    ကြိယာဝိသေသန

    အယာရာ

    [ʔjàɹà]
    တယောက်ယောက်အောက် အဆင့်အတန်း နိမ့်သော လက်အောက်ခံ ဖြစ်တေ။ ဩဇာ အာဏာ လွှမ်းမိုးမှုအောက်မာ ဖြစ်တေ
    တစ်စုံတစ်ဦးအောက် အဆင့်အတန်း နိမ့်သော လက်အောက်ခံ ဖြစ်သည်။ ဩဇာ အာဏာ လွှမ်းမိုးမှုအောက်တွင် ဖြစ်သည်
    under the govern
    ကြိယာ

    အယာလိုက်

    [ʔjàlaɪʔ]
    အခွင့်အရီးကို မျှော်စပ်ဗျာယ် တယောက်ယောက်၏ လိုလား နှစ်သက်မှုကို ဖြည့် စွမ်းရွီတွက်နန့်
    အခွင့်အရေးကို မျှော်ကိုးလျက် တစ်စုံတစ်ဦး၏ လိုလား နှစ်သက်မှုကို ဖြည့် စွမ်းသောအားဖြင့်
    flatter
    ကြိယာဝိသေသန