Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,421–32,440 of 34,671 words

    အ

    အရီနွဲ

    [ʔɹínwɛ]
    မြွီ၊ ဂဏန်း အစဟိစွာ သတ္တဝါများ အရေခွံ အသစ် ပြောင်းရေ။ အရေလဲရေ
    မြွေ၊ ဂဏန်း စသည် သတ္တဝါများ အရေခွံ အသစ် ပြောင်းသည်။ အရေလဲသည်
    shed or slough off skin
    ကြိယာ

    အရီပြုတ်ပြုတ်

    [ʔɹípɹoʊʔpɹoʊʔ]
    အထိ အတွိ ကြမ်းတမ်း ခက်ထရော်သော ကိုယ်ရေဟိသော။ အဖု အစူးငယ်များ ထိပွတ်သော ကိုယ်ရေဟိသော
    အထိ အတွေ့ ကြမ်းတမ်း ခက်ထရော်သော ကိုယ်ရေယှိသော။ အဖု အစူးငယ်များ ထိပွတ်သော ကိုယ်ရေယှိသော
    rough
    နာမဝိသေသန

    အရီးမ

    [ʔɹïm]
    ဖခင်၏ အစ်မ၊ နှမနှင့် တော်စပ်သော ဆွီမျိုး
    ဖခင်၏ အစ်မ၊ နှမနှင့် တော်စပ်သော ဆွေမျိုး
    aunt
    နာမ်

    အရီမတင်အရိုးမတင်

    [ʔɹímtɪ̀ɴʔɹómtɪ̀ɴ]
    အသားအရီ လျော့ပါးကျုံ့ယုံ့သော။ အသားအရီ ကြုံ့လှီ၍ အသားနန့် အရိုး ထိစပ်သော
    အသားအရေ လျော့ပါးကျုံ့ယုံ့သော။ အသားအရေ ကြုံ့လှီ၍ အသားနှင့် အရိုး ထိစပ်သော
    skinny
    နာမဝိသေသန

    အရီးမယူ

    [ʔɹïmjù]
    အရီးတယူ ပြုမူခြင်း မဟိပဲ
    အရေးတယူ ပြုမူခြင်း မယှိပဲ
    neglect
    ကြိယာဝိသေသန

    အရီးလတ်

    [ʔɹïlaʔ]
    ဖခင်၏ နှမအလတ်ကို ခေါ်သော အာလုပ်စကား
    ဖခင်၏ နှမအလတ်ကို ခေါ်သော အာလုပ်စကား
    aunt
    နာမ်

    အရီးဝင်

    [ʔɹïwɪ̀ɴ]
    စွမ်းဆောင်နှိုင်ရေ။ ထိရောက်ရေ
    စွမ်းဆောင်နိုင်သည်။ ထိရောက်သည်
    affect
    ကြိယာ

    အရီးသျှင်

    [ʔɹïʃɪ̀ɴ]
    ချစ်စနိုးဖြင့် ဖခင်၏နှမကို ခေါ်သော စကား
    ချစ်စနိုးဖြင့် ဖခင်၏နှမကို ခေါ်သော စကား
    aunt
    နာမ်

    အရီးသျှေ

    [ʔɹïʃè]
    ဖခင်၏ နှမအချေကို ခေါ်သော အာလုပ်စကား
    ဖခင်၏ နှမအငယ်ကို ခေါ်သော အာလုပ်စကား
    aunt
    နာမ်

    အရီးအသား

    [ʔɹïʔθá]
    အကြောင်းချင်း တစုံတရာကို ဖွဲ့နွဲ့ စီကုံးမှု။ ၂၊ စာလုံး အက္ခရာကို ရီးသားခြင်း။ (ဤအရီး အသားကား စာပီသုံး ဝေါဟာရ ဖြစ်တေ။
    အကြောင်းချင်း တစ်စုံတရာကို ဖွဲ့နွဲ့ စီကုံးမှု။ ၂၊ စာလုံး အက္ခရာကို ရေးသားခြင်း။ (ဤအရီး အသားကား စာပေသုံး ဝေါဟာရ ဖြစ်သည်။
    writing - composition
    နာမ်

    အရုဏ်လင်း

    [ʔɹoʊn်lɪ́ɴ]
    ညဉ့်မိုက်မိုက်ပျောက်၍ အလင်းသို့ ရောက်ရေ။ နီ၏ အလင်းရောင် ထွက်ပေါ်လှာရေ
    ညဉ့်မိုက်မှောင်ပျောက်၍ အလင်းသို့ ရောက်သည်။ နေ၏ အလင်းရောင် ထွက်ပေါ်လာသည်
    sun rise
    ကြိယာ

    အရုတ

    [ʔɹoʊt]
    တ သ မြည်တမ်းရေ။ လွမ်းတ တမ်းတသည်
    တ သ မြည်တမ်းသည်။ လွမ်းဆွတ် တမ်းတသည်
    miss
    ကြိယာ

    အရုတသာ

    [ʔɹoʊtθà]
    ဧည့်ဝတ် ပျူငှာသော။ လှိုက်လှဲခင်မင်မှု ဆောင်သော
    ဧည့်ဝတ် ပျူငှာသော။ လှိုက်လှဲခင်မင်မှု ဆောင်သော
    impassioned
    နာမဝိသေသန

    အရုပ်က-ကလို့

    [ʔɹoʊʔk-klo̰]
    အပြောင်းအလဲ ကကောင်းလျင်သည်
    အပြောင်းအလဲ လျင်မြန်သည်
    change
    ကြိယာ

    အရုပ်ဆွီး

    [ʔɹoʊʔsʰwï]
    မျက်နှာ ပုံပန်း မလှသော။ ရုပ်ရည်သွင်ပြင် မလှမပ ဖြစ်ရေ။ ရုပ်ဆင်း သွင်ပြင် တင့်ရေပြေပြစ်မှု မဟိသော
    မျက်နှာ ပုံပန်း မလှသော။ ရုပ်ရည်သွင်ပြင် မလှမပ ဖြစ်သော။ ရုပ်ဆင်း သွင်ပြင် တင့်တယ်ပြေပြစ်မှု မယှိသော
    ugly
    နာမဝိသေသန

    အရုပ်ပင်က

    [ʔɹoʊʔpɪ̀ɴk]
    ကိုယ့်က လူတိအား မကြိုက်ရေအခါ မျိုး၌ ပြောသော အာလုပ် စကား
    မိမိက သူတစ်ပါးအား မနှစ်သက်သည့်အခါ မျိုး၌ ပြောသော အာလုပ် စကား
    none
    ပစ္စည်း

    အရုပ်ပြ-ပြလို့

    [ʔɹoʊʔpɹ-pɹlo̰]
    အပြောင်းအလဲ ကကောင်းလျင်သည်
    အပြောင်းအလဲ လျင်မြန်သည်
    change
    ကြိယာ

    အရုပ်မပေါက်

    [ʔɹoʊʔmpaʊʔ]
    (ရောဂါ ဝေဒနာ ကျရောက်ခြင်းကြောင့်) ကြုံလှီ ပါးကပ်၍ လူပုံမလှ ဖြစ်ရေအနိန်နန့်
    (ရောဂါ ဝေဒနာ ကျရောက်ခြင်းကြောင့်) ကြုံလှီ ပါးကပ်၍ လူပုံမလှ ဖြစ်သော အားဖြင့်
    scraggy
    ကြိယာဝိသေသန

    အရုပ်မရသုံးဆယ်

    [ʔɹoʊʔmɹθóʊɴsʰɛ̀]
    ဖြစ်ရိုး ဖြစ်စိုင် မဟုတ်ဘဲ သာမန်ထက် ပိုလွန်ပနာ။ ထူးခြားစွာ။ ကွဲပြားခြားနားရေ အမျိုးများစွာ။ နည်းမျိုးစုံနန့်။ အမျိုးမျိုး အထွီထွီ။ အတဖဲ့ချေ အဖုံဖုံ
    ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ပဲ သာမန်ထက် ပိုလွန်စွာ။ ထူးခြားစွာ။ ကွဲပြားခြားနားသော အမျိုးများစွာ။ နည်းမျိုးစုံဖြင့်။ အမျိုးမျိုး အထွေထွေ။ အနည်းနည်း အဖုံဖုံ
    oddly
    ကြိယာဝိသေသန

    အရုပ်မရသုံးဆယ်၂

    [ʔɹoʊʔmɹθóʊɴsʰɛ̀၂]
    ဖြစ်ရိုးဖြစ်စိုင် မဟုတ်ရေ အရာ
    ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော အရာ
    oddity
    နာမ်