Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,481–32,500 of 34,671 words

    အ

    အရောအနှော

    [ʔɹɔ́ʔn̥ɔ́]
    အကြီး အချေ အစဟိစွာ အမျိုးမျိုး ပေါင်းစပ် ရောနှောဗျာယ်
    အကြီး အငယ် စသည် အမျိုးမျိုး ပေါင်းစပ် ရောနှောလျက်
    mix
    ကြိယာဝိသေသန

    အရော်

    [ʔɹɔ̀]
    နောက်တခါ၌ (ဆိုရေ အဓိပ္ပါယ်ရပါရေ။) ရာပေါင်း များစွာသော အရွီအတွက်
    နောက်တစ်ခါ၌ (ဟူသော အဓိပ္ပါယ်ရပါသည်။) ရာပေါင်း များစွာသော အရေအတွက်
    hundreds - dipsomaniac - drunkard
    နာမ်

    အရဲ

    [ʔɹɛ]
    နီရဲသော အရောင်အဆင်း
    နီရဲသော အရောင်အဆင်း
    red
    နာမ်

    အရွ

    [ʔɹw]
    မသိမသာ။ တတိန်းချေ။ ဖြည်းညင်းစွာ။ နူးညံ့သိမ်မွေ့စွာ
    မသိမသာ။ တိတ်တဆိတ်။ ဖြည်းညင်းစွာ။ နူးညံ့သိမ်မွေ့စွာ
    slowly
    ကြိယာဝိသေသန

    အရွင့်

    [ʔɹwɪ̀ɴ့]
    (ဒေနီရာမာ မနေစီပဲ) အရပ်တပါးသို့ ထွက်လှားလေအောင်။ ၂၊ အရာတပါးသို့ လွင့်စဉ်လားယောင်
    (ဤနေရာ၌ မနေစေပဲ) အရပ်တစ်ပါးသို့ ထွက်သွားလေအောင်။ ၂၊ အခြားတစ်ပါးသို့ လွင့်စဉ်သွားအောင်
    expulsion
    ကြိယာဝိသေသန

    အရွင့်နှင်

    [ʔɹwɪ̀ɴ့n̥ɪ̀ɴ]
    အရာတပါးသို့ ဝီးရာကို နှင်ထုတ်လိုက်ရေ
    အခြားတစ်ပါးသို့ ဝေးရာသို့ နှင်ထုတ်လိုက်သည်
    eject
    ကြိယာ

    အရွင့်ရွှင့်

    [ʔɹwɪ̀ɴ့ɹW̯ɪ̀ɴ့]
    အရာ တပါးသို့ ဝီးရာ ဒေသ တနီရာသို့ ရောက်ဟိအောင် ပြုရေ။ ထွက်ခွာ လားလီရေ။ မောင်းထုတ်သည်
    အခြား တစ်ပါးသို့ ဝေးရာ ဒေသ တနေရာသို့ ရောက်ယှိအောင် ပြုသည်။ ထွက်ခွာ သွားစေသည်။ မောင်းထုတ်သည်
    eject
    ကြိယာ

    အရွတ်

    [ʔɹwaʔ]
    ထိပါးခြင်း၊ ငြိတွယ်ခြင်း၊ သင့်ရောက်ခြင်း စကပင် ကင်းစင်ရေ။ ဖိနှိပ်မှု၊ ချုပ်ချယ်မှု စကပင် ကင်းယှင်းရေ
    ထိပါးခြင်း၊ ငြိတွယ်ခြင်း၊ သင့်ရောက်ခြင်း စသည်မှ ကင်းစင်သည်။ ဖိနှိပ်မှု၊ ချုပ်ချယ်မှု စသည်မှ ကင်းရှင်းသည်
    free
    ကြိယာ

    အရွတ်၂

    [ʔɹwaʔ၂]
    မခိုင်မမြဲ ယိမ်းယိုင်ဗျာယ်။ အချုပ်အချယ် အနှောင်အဖွဲ့မှ ကင်းရှင်းဗျာယ်
    မခိုင်မမြဲ ယိမ်းယိုင်လျက်။ အချုပ်အချယ် အနှောင်အဖွဲ့မှ ကင်းရှင်းလျက်
    freest
    ကြိယာဝိသေသန

    အရွတ်၃

    [ʔɹwaʔ၃]
    ပိုင်ဆိုင်သူ တယောက်တလီ မဟိသော။ ပိုင်ဆိုင်မှု မဟိရေ
    ပိုင်ဆိုင်သူ တစ်စုံတစ်ယောက် မယှိသော။ ပိုင်ဆိုင်မှု ကင်းမဲ့သော
    devoid
    နာမဝိသေသန

    အရွတ်ကျက်

    [ʔɹwaʔt͡ɕɛʔ]
    စာကို နှုတ်တက်ရယောင် ကျက်သည်
    စာကို နှုတ်တက်ရအောင် ကျက်သည်
    learn by heart or by rote
    ကြိယာ

    အရွတ်ခံ

    [ʔɹwaʔkʰံ]
    ကိုယ့်အပေါ်၌ တခုတရီ အမှုကိစ္စ မပတ်သက်ရယောင် (တနည်း) ဖီးအန္တရာယ် မထိပါးရယောင် လွတ်ရာသို့ လွှဲဖယ်နိန်ရေ
    မိမိအပေါ်၌ တစ်စုံတစ်ခု အမှုကိစ္စ မပတ်သက်ရအောင် (သို့မဟုတ်) ဘေးအန္တရာယ် မထိပါးရအောင် လွတ်ရာသို့ လွှဲဖယ်နေသည်
    avoid
    ကြိယာ

    အရွတ်တွတွ၂

    [ʔɹwaʔtwtw၂]
    အသားအရီ ပျော့တွဲ တွန့်ခေါက်သော
    အသားအရေ ပျော့တွဲ တွန့်ခေါက်သော
    wizened
    နာမဝိသေသန

    အရွတ်ပြော

    [ʔɹwaʔpɹɔ́]
    ကိုယ့်သဖောအလျောက် ပြောဆိုရေ။ တခုတရီ ရီးသားချက်ကို မကြည့်ပဲဖြစ်စီ၊ အကိုးအကားကို မကိုးကားပဲဖြစ်စီ ပြောရေ
    မိမိသဘော အလျောက် ပြောဆိုသည်။ တစ်စုံတစ်ခု ရေးသားချက်ကို မကြည့်ပဲဖြစ်စေ၊ အကိုးအကားကို မကိုးကားပဲဖြစ်စေ ပြောသည်
    telling by not reference
    ကြိယာ

    အရွတ်ရ

    [ʔɹwaʔɹ]
    တစုံတခုသော ဝန်၊ ဥစ္စာကို ပိုင်သျှင်မဲ့ ရဟိသည်
    တစ်စုံတခုသော ပစ္စည်း၊ ဥစ္စာကို ပိုင်ရှင်မဲ့ ရယှိသည်
    receive
    ကြိယာ

    အရွတ်ရ၂

    [ʔɹwaʔɹ၂]
    (စာကို တွက်ဖော် ချင့်ချိန်ခြင်းမဟိပဲ) အလပ်ဆိုနှိုင်ရေ။ နှုတ်ကျက်ရေ။ နှုတ် တက်ရရေ
    (စာကို စဉ်းစား ချင့်ချိန်ခြင်းမယှိပဲ) အလွတ်ဆိုနိုင်သည်။ အာဂုံဆောင်သည်။ နှုတ် တက်ရသည်
    learn by heart or by rote
    ကြိယာ

    အရွတ်အရည်

    [ʔɹwaʔʔɹɛ̀]
    မခိုင်မမြဲ။ ယိမ်းယိုင်၊ မငြိမ်မသက် ဖြစ်တေ
    မခိုင်မမြဲ။ ယိမ်းယိုင်၊ မငြိမ်မသက် ဖြစ်သည်
    stagger
    ကြိယာ

    အရွန်

    [ʔɹʊ̀ɴ]
    တခုတရီသော အတိုင်းအတာ၊ ပမာဏထက်ပိုခြင်း၊ သာခြင်း
    တစ်စုံတစ်ခုသော အတိုင်းအတာ၊ ပမာဏထက်ပိုခြင်း၊ သာခြင်း
    exceed
    နာမ်

    အရွန်၂

    [ʔɹʊ̀ɴ၂]
    (ပန်းပွင့််) ကြွီခမင်းနီး နွမ်းသွေ့သော
    (ပန်းပွင့််) ကြွေလုနီး နွမ်းသွေ့သော
    worn-out
    နာမဝိသေသန

    အရွန်၃

    [ʔɹʊ̀ɴ၃]
    (ပန်းပွင့်) စိမ်းလန်းခြင်း၊ လန်းဆန်းခြင်းက နွမ်းရိခြင်းသို့ ရောက်ရေ
    (ပန်းပွင့်) စိမ်းလန်းခြင်း၊ လန်းဆန်းခြင်းမှ နွမ်းနယ်ခြင်းသို့ ရောက်သည်
    be worn-out
    ကြိယာ