Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,541–32,560 of 34,671 words

    အ

    အရွဲ့ခြင်း

    [ʔɹwékʰɹɪ́ɴ]
    တေးဂီတ၊ တေးခြင်း၊ ကဗျာ အစဟိစွာ
    တေးဂီတ၊ သီချင်း၊ ကဗျာ စသည်
    poem song music
    နာမ်

    အရွဲ့ငင်

    [ʔɹwéŋɪ̀ɴ]
    တေးခြင်း ဆိုရာမာ အသံကို အရှည်ဆွဲပနာ သီဆိုရေ
    သီချင်း ဆိုရာ၌ အသံကို အရှည်ဆွဲ၍ သီဆိုသည်
    sing
    ကြိယာ

    အရွဲ့ငင်၂

    [ʔɹwéŋɪ̀ɴ၂]
    တေးခြင်း ဆိုဖို့အတွက် ဟန်ပန် အမူအရာ ပြုလုပ်နီမှု
    သီချင်း ဆိုရန်အတွက် ဟန်ပန် အမူအရာ ပြုလုပ်နေမှု
    none
    နာမ်

    အရွဲ့ဆို

    [ʔɹwésʰÒ]
    တေး၊ တေးခြင်း၊ ကဗျာ အစဟိစွာ သီဆိုရေ
    တေး၊ သီချင်း၊ ကဗျာ စသည် သီဆိုသည်
    sing
    ကြိယာ

    အရွဲ့တိုက်

    [ʔɹwétaɪʔ]
    အရိပ်ချ စကားဖြင့် ထိခိုက် ပုတ်ခတ်ရေ။ မခံချင်သည့် သဘောနန့် အကြောင်းမဲ့ ဆန့်ကျင် ပြုမူ ပြောဆိုရေ
    သွယ်ဝိုက် စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ မခံချင်သည့် သဘောဖြင့် အကြောင်းမဲ့ ဆန့်ကျင် ပြုမူ ပြောဆိုသည်
    sardonic
    ကြိယာ

    အရွဲ့ဖော်

    [ʔɹwépʰɔ̀]
    စောင်း၊ နှဲ၊ ပလွီ အစဟိစွာ့ တူရိယာ တီးဝိုင်းမှ တပြိုင်တည်း တေးခြင်းသံပေါ်ယောင် တီးမှုတ်သည်၏ အဖြစ်
    စောင်း၊ နှဲ၊ ပုလွေ စသည့် တူရိယာ တီးဝိုင်းမှ တပြိုင်နက် သီချင်းသံပေါ်အောင် တီးမှုတ်သည်၏ အဖြစ်
    gig
    နာမ်

    အရွှင့်

    [ʔɹW̯ɪ̀ɴ့]
    အသုံးမဝင်ပြီးကေ စွန့်ပစ်ထားရေ အလေအလွင့် အစအန အညစ်အကြီး။ အမှိုက် သရိုက် အစဟိစွာ
    အသုံးမဝင်၍ စွန့်ပစ်ထားသော အလေအလွင့် အစအန အညစ်အကြေး။ အမှိုက် သရိုက် စသည်
    garbage
    ကြိယာဝိသေသန

    အရွှန်

    [ʔɹW̯àɴ]
    တွက်ဖော် ဆင်ခြင်မဲ့ ပြုလုပ် ပြောဆိုရေ။ ‘‘စကားကို မစဉ်းမစား မဆင်ခြင်ပဲ အရွန် ပြောနီရေကာ။ (အ-ရ-ဟွန် (အရွန်) အက္ခရာ ငါးလုံးကို ပေါင်းစပ်ထားရေ ဝေါဟာရ ဖြစ်တေ။ ရခိုင်ရို့၏ အသံဖြင့်ကား (အချွန်၊ အယွန်၊ အသွန် အစဟိစွာအနိန်နန့် အသံ မထွက်ပါ) ရကောက် ဟထိုး ဝဆွဲ နသတ်သံ ပီပီ
    စဉ်းစား ဆင်ခြင်မဲ့ ပြုလုပ် ပြောဆိုသည်။ ‘‘စကားကို မစဉ်းမစား မဆင်ခြင်ပဲ အရွန် ပြောနီရေကာ။ (အ-ရ-ဟွန် (အရွန်) အက္ခရာ ငါးလုံးကို ပေါင်းစပ်ထားသော ဝေါဟာရ ဖြစ်သည်။ ရခိုင်တို့၏ အသံဖြင့်ကား (အချွန်၊ အယွန်၊ အသွန် စသည်ဖြင့် အသံ မထွက်ပါ) ရကောက် ဟထိုး ဝဆွဲ နသတ်သံ ပီပီ
    irrationality
    ကြိယာ

    အရွှန်ကာ

    [ʔɹW̯àɴkà]
    မစဉ်းမစား မစုံမစမ်း မဆင်ခြင်ပဲ တပါးသူအား ပြစ်တင် ပြောဆိုပြုမူသူကို ရှုတ်ချလိုရေ သဘောနန့် ပြောသော အာလုပ် စကား။ ‘‘သူတထူးကို မစနည်းနာပဲနန့် အပြစ်ပြော ခီရေ၊ လူပင်က အရွန်ကာ
    မစဉ်းမစား မစုံမစမ်း မဆင်ခြင်ပဲ တစ်ပါးသူအား အပြစ်တင် ပြောဆိုပြုမူသူကို ရှုတ်ချလိုသော သဘောဖြင့် ပြောသော အာလုပ် စကား။ ‘‘သူတထူးကို မစုံစမ်းပဲနန့် အပြစ်ပြော ခီရေ၊ လူပင်က အရွန်ကာ
    none
    အာလုပ်

    အရွှပ်

    [ʔɹW̯aʔ]
    ယိမ်းယိုင်၊ မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်တေ
    ယိမ်းယိုင်၊ မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်သည်
    in a state of turmoil or bustle
    ကြိယာ

    အရွှပ်ရွှပ်

    [ʔɹW̯aʔɹW̯aʔ]
    အလွန်ပါး လျစွာ။ ချပ်ရပ်စွာ
    အလွန်ပါး လျစွာ။ ချပ်ရပ်စွာ
    slim
    ကြိယာဝိသေသန

    အရွှပ်ရွှပ်

    [ʔɹW̯aʔɹW̯aʔ]
    နူးညံ့သိမ်မွေ့သော။ အလွန် ပါးလျသော။ ချောညက်သော
    နူးညံ့သိမ်မွေ့သော။ အလွန် ပါးလျသော။ ချောညက်သော
    velvet
    နာမဝိသေသန

    အရွှပ်အတွက်

    [ʔɹW̯aʔʔtwɛʔ]
    မျက်နှာပြင် ပျောင်ခေါက်တွန့်ဗျာယ်
    မျက်နှာပြင် ပိန်ရှုံ့ခေါက်တွန့်လျက်
    flinch
    ကြိယာဝိသေသန

    အရွှပ်အပတ်

    [ʔɹW̯aʔʔpaʔ]
    အရီပြားနှင့် အရာ ပျော့ပျောင်းရေ မျက်နှာပြင်မာ ရှုံတွသည်
    အရေပြားနှင့် အခြား ပျော့ပျောင်းသော မျက်နှာပြင်တွင် ရှုံတွသည်
    wrinkle
    ကြိယာ

    အရွှမ်း

    [ʔɹW̯áɴ]
    အရည် များရေ။ အရည် စိုရွဲ ယိုကျသော
    အရည် များသော။ အရည် စိုရွဲ ယိုကျသော
    succulent
    နာမဝိသေသန

    အရွှမ်းရွှမ်း

    [ʔɹW̯áɴɹW̯áɴ]
    စကားကြော ရှည်ရေ။ လိုအပ်စွာထက် ပိုပြီးကေ ရှည်လျားစွာ ပြောရေ
    စကားကြော ရှည်သည်။ လိုအပ်သည်ထက် ပို၍ ရှည်လျားစွာ ပြောသည်
    verbosity
    ကြိယာ

    အရွှမ်းရွှမ်း၂

    [ʔɹW̯áɴɹW̯áɴ၂]
    ရက်ပြတ် တရုရု ရှည်လျားစွာ ပြောဆို ပြုမူဗျာယ်
    အဆက်မပြတ် တတွတ်တွတ် ရှည်လျားစွာ ပြောဆို ပြုမူလျက်
    speak repeatedly
    ကြိယာဝိသေသန

    အရွှာ

    [ʔɹW̯à]
    အပြား၊ အချပ်၊ အလွှာ။ အဆင့်လိုက် အထပ်လိုက် တည်သော အရာ။ တခုပေါ် တခုဆင့်ဗျာယ်၊ ထပ်ဗျာယ် တည်သော ပြားချပ်သည့် အရာ
    အပြား၊ အချပ်၊ အလွှာ။ အဆင့်လိုက် အထပ်လိုက် တည်သော အရာ။ တစ်ခုပေါ် တစ်ခုဆင့်လျက်၊ ထပ်လျက် တည်သော ပြားချပ်သည့် အရာ
    layer
    နာမ်

    အရွှာရွှာ

    [ʔɹW̯àɹW̯à]
    တလွှာပြီး တလွှာ။ အချပ်လိုက် အချပ်လိုက်။ အလွာလိုက် အလွာလိုက်
    တစ်လွှာပြီး တစ်လွှာ။ အချပ်လိုက် အချပ်လိုက်။ အလွာလိုက် အလွာလိုက်
    layer
    ကြိယာဝိသေသန

    အရွှားရွှား

    [ʔɹW̯áɹW̯á]
    တလွှာပြီး တလွှာ။ အချပ်လိုက် အချပ်လိုက်။ အလွာလိုက် အလွာလိုက်
    တစ်လွှာပြီး တစ်လွှာ။ အချပ်လိုက် အချပ်လိုက်။ အလွာလိုက် အလွာလိုက်
    layer
    ကြိယာဝိသေသန