Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,741–32,760 of 34,671 words

    အ

    အလောက်၃

    [ʔlɔ́ɛʔ၃]
    အရွီအတွက် ပမာဏကို မှန်းဆ ပြောဆိုရာမာ သုံးသော စကားလုံး။ ခန့်
    အရေအတွက် ပမာဏကို မှန်းဆ ပြောဆိုရာတွင် သုံးသော စကားလုံး။ ခန့်
    about
    ပစ္စည်း

    အလောက်ဘလောက်

    [ʔlɔ́ɛʔbʱlɔ́ɛʔ]
    (နည်းသည်ဖြစ်စီ၊ တိစွာဖြစ်စီ) သင့်တင့် လျောက်ပတ်ရုံ။ သင့်မိသင့်ရောင်
    (နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ) သင့်တင့် လျောက်ပတ်ရုံ။ တော်ရုံတန်ရုံ
    moderately
    ကြိယာဝိသေသန

    အလောက်အင

    [ʔlɔ́ɛʔʔŋ]
    ပြည့်စုံသော။ ဝီခြမ်းရာမာ အနှံ့အစိ ရနှိုင်ရေ
    ပြည့်စုံသော။ ဝေခြမ်းရာ၌ အနှံ့အစေ့ ရနိုင်သော
    perfect
    နာမဝိသေသန

    အလောက်အလဲ

    [ʔlɔ́ɛʔʔlɛ]
    အလွန် ခက်ခဲစွာ။ ခဲယဉ်းစွာ။ အနိုင်နိုင် မျှမျှတတ
    အလွန် ခက်ခဲစွာ။ ခဲယဉ်းစွာ။ အနိုင်နိုင် မျှမျှတတ
    difficulty
    ကြိယာဝိသေသန

    အလောခွက်

    [ʔlɔ́kʰwɛʔ]
    အလောခွက် တိမ်၍ အဝှမ်းပြန့်သော ခွက်
    အလောခွက် တိမ်၍ အဝှမ်းပြန့်သော ခွက်
    cup
    နာမ်

    အလောင်းတကာ

    [ʔláʊɴtkà]
    လူရုပ်၊ ကျွဲရုပ်၊ နွားရုပ် အစဟိစွာ ပြုလုပ်ဖို့ ပုံကြမ်းဖေါ်ထားရေ အကြမ်းထည်။ နောင်အခါမှ တခုတရီသော အဖြစ် အခြီအရဲသို့ ရောက်ဟိမည့်သူ။ ရောက်ဟိမည့်အရာ
    လူရုပ်၊ ကျွဲရုပ်၊ နွားရုပ် စသည် ပြုလုပ်ရန် ပုံကြမ်းဖေါ်ထားသော အကြမ်းထည်။ နောင်အခါတွင် တစ်စုံတစ်ခုသော အဖြစ် အခြေအနေသို့ ရောက်ယှိမည့်သူ။ ရောက်ယှိမည့်အရာ
    none
    နာမ်

    အလောင်းတကာ၂

    [ʔláʊɴtkà၂]
    နောင်အခါမှ ဘုရား၊ ပစေ္စကဗုဒ္ဓါ၊ ရဟန္တာ အစဟိစွာ အမြင့်အမြတ်အဖြစ်သို့ ရောက်လှာမည့် ပုဂိ္ဂုလ်
    နောင်အခါတွင် ဘုရား၊ ပစေ္စကဗုဒ္ဓါ၊ ရဟန္တာ စသည် အမြင့်အမြတ်အဖြစ်သို့ ရောက်လာမည့် ပုဂိ္ဂုလ်
    Arhat
    နာမ်

    အလောင်းသား

    [ʔláʊɴθá]
    နောင်အခါမှ ဘုရား၊ ပစေ္စကဗုဒ္ဓါ၊ ရဟန္တာ အစဟိစွာ အမြင့်အမြတ်အဖြစ်သို့ ရောက်လှာမည့် ပုဂ္ဂိုလ်
    နောင်အခါတွင် ဘုရား၊ ပစေ္စကဗုဒ္ဓါ၊ ရဟန္တာ စသည် အမြင့်အမြတ်အဖြစ်သို့ ရောက်လာမည့် ပုဂ္ဂိုလ်
    Arhat
    နာမ်

    အလောအလန်

    [ʔlɔ́ʔlàɴ]
    တွက်ဖော် ဆင်ခြင် ဝီခွဲမရနှိုင် လောက်ယောင်။ ၂၊ အကြံများ အိုက်ဗျာယ်။ ကြံရာမရပဲ ဖြစ်ဗျာယ်
    စဉ်းစား ဆင်ခြင် ဝေခွဲမရနိုင် လောက်အောင်။ ၂၊ အကြံများ အိုက်လျက်။ ကြံရာမရပဲ ဖြစ်လျက်
    be in a fix
    ကြိယာဝိသေသန

    အလေါ်တရော်

    [ʔlɔ̀tɹɔ̀]
    မယုတ်မလွန် သင့်လျော်ရုံမျှ ဖြစ်ရေ အခြီအရဲ၊ ပမာဏ အရွယ်အစား အစဟိစွာ
    မယုတ်မလွန် သင့်လျော်ရုံမျှ ဖြစ်သော အခြေအနေ၊ ပမာဏ အရွယ်အစား စသည်
    normal
    နာမ်

    အလေါ်မာ

    [ʔlɔ̀mà]
    ပရိယာယ် အကွန်ဆောင် လှည့်စားမှု။ လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် ဆန်းပြား ထူးထွေစွာ ပြုမူချက်။ တမျိုးတမည် အကွန်ဆောင်ခြင်း။ အမျိုးမျိုး ကြံစည် မာယာထွေပြား ဉာဏ်များခြင်း
    ပရိယာယ် ဟန်ဆောင် လှည့်စားမှု။ လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် ဆန်းပြား ထူးထွေစွာ ပြုမူချက်။ တစ်မျိုးတမည် ဟန်ဆောင်ခြင်း။ အမျိုးမျိုး ကြံစည် မာယာထွေပြား ဉာဏ်များခြင်း
    falsity
    နာမ်

    အလ္လါပသလ္လါပ

    [ʔl်làpθl်làp]
    တဦးနှင့်တဦး စပ်မိစပ်ရာ စကားလက်ဆုံ ပြောဆိုရေ့စကား
    တစ်ဦးနှင့်တစ်ဦး စပ်မိစပ်ရာ စကားလက်ဆုံ ပြောဆိုသည့်စကား
    informal conversation [Pali အာလာပသလ္လာပ]
    နာမ်

    အလျားတွား

    [ʔlrátWà]
    တူပိုင် ဖြစ်တေ။ တူယောင်ယိုးမား ပိုင် ဟိသည်
    တူသကဲ့သို့ ဖြစ်သည်။ တူယောင်ယိုးမှား ကဲ့သို့ ယှိသည်
    virtual
    ကြိယာ

    အလျောက်ဖာသာ

    [ʔlrɔ́ɛʔpʰàθà]
    စိတ်အလိုဆန္ဒ အတိုင်း အားလျော်ညီစွာ
    စိတ်အလိုဆန္ဒ အတိုင်း အားလျော်ညီစွာ
    impulse
    ကြိယာဝိသေသန

    အလျောချေ

    [ʔlrɔ́ɕè]
    ပေါ့ပျက် သိမ်ဖျင်းသော စကား
    ပေါ့ပျက် သိမ်ဖျင်းသော စကား
    flippantly word
    နာမ်

    အလျောစွပ်

    [ʔlrɔ́swaʔ]
    ချိတ်ချွတ်တူစွာ အလွန်တူစွာ
    ချွတ်စွပ်တူသည်။ အလွန်တူသည်
    resemble
    ကြိယာ

    အလျောဆွဲ

    [ʔlrɔ́sʰwɛ]
    စိကေချေ တူသယောင် ဟိသည်
    အနည်းငယ် တူသယောင် ယှိသည်
    similar
    ကြိယာ

    အလျောတူ

    [ʔlrɔ́tù]
    ဆင်တူယိုးမား အလွန်တူသော အဖြစ်
    ဆင်တူယိုးမှား အလွန်တူသော အဖြစ်
    likeness
    နာမ်

    အလျော့မပီး

    [ʔlrɔ̰mpï]
    စိတ်အား မလျော့ပဲ မာန်တင်း ထားရေ။ ကြံ့ကြံ့ခံရေ။ တစုံ တရာ ပြုလုပ် ဆောင်ရွက်နိုင်ဖို့ မာန်တင်း ထားရေ။ ကြိုးစား အားထုတ်သည်
    စိတ်အား မလျော့ပဲ မာန်တင်း ထားသည်။ ကြံ့ကြံ့ခံသည်။ တစ်စုံ တစ်ရာ ပြုလုပ် ဆောင်ရွက်နိုင်ရန် မာန်တင်း ထားသည်။ ကြိုးစား အားထုတ်သည်
    forbear
    ကြိယာ

    အလျော့အရီ

    [ʔlrɔ̰ʔɹí]
    သိပ်သည်းခြင်း မဟိသော။ တင်းကျပ်ခြင်း မဟိသော။ လျော့လျဉ်း
    သိပ်သည်းခြင်း မယှိသော။ တင်းကျပ်ခြင်း မယှိသော။ လျော့လျဉ်း
    loose
    နာမဝိသေသန