Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,861–32,880 of 34,671 words

    အ

    အဝေယာ

    [ʔwèjà]
    မွှီးကြူသော ပန်းဝါပွင့်၍ သစ်စေးထွက်သော စူးပေါက်သည့် အပင်တမျိုး
    မွှေးကြူသော ပန်းဝါပွင့်၍ သစ်စေးထွက်သော ဆူးပေါက်သည့် သစ်ပင်တစ်မျိုး
    lead tree
    နာမ်

    အဝေရို့

    [ʔwèɹo̰]
    နံဖီးအနား ဝန်းကျင်ဟိ ကိုယ့်အောက် ငယ်ရွယ်သူရို့အား ရည်၍ ပြောဆိုရေ နာမ်စား စကားလုံး
    အနီးအနား ဝန်းကျင်ယှိ မိမိအောက် ငယ်ရွယ်သူတို့အား ရည်၍ ပြောဆိုသော နာမ်စား စကားလုံး
    none
    နာမ်စား

    အဝေ့လည်လည်

    [ʔwḛlɛ̀lɛ̀]
    လိုရင်းသို့ မရောက်ပဲ။ ဟိုပိုင် ဒေပိုင်နှင့် ရစ်ဝေ့ဗျာယ်
    လိုရင်းသို့ မရောက်ပဲ။ ဟိုလိုလို ဒီလိုလိုနှင့် ရစ်ဝေ့လျက်
    circuitously
    ကြိယာဝိသေသန

    အဝေသား

    [ʔwèθá]
    ကြမ်းတမ်းမှု မပါရာနန့် ဆုံးမ လိုသည့် အနိန်နန့် ယိုင်ကျေးပနာ ကော်ဆဲနည်း တမျိုး
    ကြမ်းတမ်းမှု မပါပဲ ဆုံးမ လိုသည့် အနေဖြင့် ယဉ်ကျေးစွာ ဆဲဆိုနည်း တစ်မျိုး
    scold
    နာမ်

    အဝါ

    [ʔwà]
    အသီး အစဟိစွာမာ အထဲမာ ပေါင်းစု ဖွဲ့စည်း ထားရေ အစိတ်အမြောင်း။ ပိန္နဲသီး အဝါ
    အသီး စသည်တွင် အတွင်း၌ ပေါင်းစု ဖွဲ့စည်း ထားသော အစိတ်အမြောင်း။ ပိန္နဲသီး အဝါ
    dark orange color
    နာမ်

    အဝါ၂

    [ʔwà၂]
    ရွှီ၊ ဆနွင်းပိုင် အရောင်ဟိခြင်း
    ရွှေ၊ နနွင်းကဲ့သို့ အရောင်ယှိခြင်း
    yellow
    နာမ်

    အဝါကျယ်

    [ʔwàt͡ɕɛ̀]
    ညာဝါ ဖြန်းဆန်း လှည့်ပတ် ပြောဆိုတတ်ရေ သူကို ခေါ်သော စကား
    ညာဝါ ဖြန်းဆန်း လှည့်ပတ် ပြောဆိုတတ်သော သူကို ခေါ်သော စကား
    lier
    နာမဝိသေသန

    အဝါကြီး

    [ʔwàt͡ɕï]
    တယောက်ယောက်အား မရိုးသားသော စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    တစ်စုံတစ်ဦးအား မရိုးသားသော စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    lie
    နာမ်

    အဝါဝါ

    [ʔwàwà]
    ပစကို ပိတ်တုံဖွင့်တုံဖြင့် အဝါဝါမြည်ကာ တခုတရီ ဗြုန်းခနဲ ပြောဆို ပြုမူမိရာစွာကို ပြန်ပနာ ရုပ်သိမ်းပယ်ဖျောက် နှုတ်သိမ်းရန် ခွင့်ပန်းသော စကား
    ပါးစပ်ကို ပိတ်တုံဖွင့်တုံဖြင့် အဝါဝါမြည်ကာ တစ်စုံတစ်ရာ ရုတ်တရက် ပြောဆို ပြုမူမိပြီးသည်ကို ပြန်လည် ရုပ်သိမ်းပယ်ဖျောက် နှုတ်သိမ်းရန် ခွင့်ပန်းသော စကား
    none
    အာလုပ်

    အဝါသန်

    [ʔwàθàɴ]
    ညာဝါ ဖြန့်ဆန်း လှည့်ပတ် ပြောဆိုခြင်း။ ယင်းပိုင် ပြောဆိုတတ်ရေ သူကိုခေါ်သော စကား
    ညာဝါ ဖြန့်ဆန်း လှည့်ပတ် ပြောဆိုခြင်း။ ယင်းသို့ ပြောဆိုတတ်သော သူကိုခေါ်သော စကား
    lie
    နာမ်

    အဝွဲးဝွဲး

    [ʔwwɛးwwɛး]
    (မီး) အဟိန်မပြတ် တဖြည်း ဖြည်း (လောင်ကျွမ်းဗျာယ်)
    (မီး) အရှိန်မပြတ် တဖြည်း ဖြည်း (လောင်ကျွမ်းလျက်)
    burn
    ကြိယာဝိသေသန

    အဝှန်

    [ʔʍàɴ]
    တခုတရီသော အဝိုင်း အရာနှင့် မကန်တကန် များပြားသည်
    တစ်စုံတစ်ခုသော အဝိုင်း အခြားနှင့် မဆံ့အောင် များပြားသည်
    full
    ကြိယာ

    အဝှန်တကျယ်

    [ʔʍàɴtt͡ɕɛ̀]
    လိုစွာထက် ပိုပြီးကေ ပြုမူသောအနိန်နန့်။ ကျကျယ် ပြန့်ပြန့်။ ပြည့်ပြည့်စုံစုံ
    လိုသည်ထက် ပို၍ ပြုမူသော အားဖြင့်။ ကျယ်ကျယ် ပြန့်ပြန့်။ ပြည့်ပြည့်စုံစုံ
    amply
    ကြိယာဝိသေသန

    အဝှီးဝှီး

    [ʔʍïʍï]
    တောက်တပိုး၊ သုတ်ပြာသုတ်နင်း။ အယင့်ယင် လားလာဗျာယ်
    တောက်တပိုး၊ သုတ်ခြေတင်။ လျင်မြန်စွာ သွားလာလျက်
    hurry up
    ကြိယာဝိသေသန

    အသံ့

    [ʔθံ့]
    တိန်းနိန် တိတ်တိတ်သော အသံကို ကြားပနာ
    တိုးတိုး တိတ်တိတ်သော အသံကို ကြား၍
    feeble
    ကြိယာဝိသေသန

    အသံကောင်းကင်

    [ʔθံkáʊɴkɪ̀ɴ]
    အသံ ကျယ်နိုင်စွမ်း ဟိသမျှ
    အသံ ကျယ်နိုင်စွမ်း ယှိသမျှ
    at the top of one’s voice
    ကြိယာဝိသေသန

    အသံကောင်းကင်၂

    [ʔθံkáʊɴkɪ̀ɴ၂]
    တခုတရီသော ဖီးအန္တရာယ် အသည်း ထိတ်လန့်ဖွယ် အစဟိစွာရို့ကို တွိမြင်ရရေအခါ ကြောက်လန့်သောအနိန်နန့် အသံကုန် ကျယ်လောင်သောအနိန်နန့် အသံကုန် ကျကျယ်လောင်လောင် ဟစ်အော်သော အသံ
    တစ်စုံတစ်ခုသော ဘေးအန္တရာယ် အသည်း ထိတ်လန့်ဖွယ် စသည်တို့ကို တွေ့မြင်ရသောအခါ ကြောက်လန့်သော အားဖြင့် အသံကုန် ကျယ်လောင်သော အားဖြင့် အသံကုန် ကျယ်လောင်စွာ ဟစ်အော်သော အသံ
    at the top of one’s voice
    နာမ်

    အသက်

    [ʔθɛʔ]
    (အသက်တမျှ) ချစ်ခင် မြတ်နိုးအပ်ရေ သူ
    (အသက်တမျှ) ချစ်ခင် မြတ်နိုးအပ်သော သူ
    lover
    နာမ်

    အသက်ကျ

    [ʔθɛʔt͡ɕ]
    ကြောင့်ကြ စိုးရိမ်မှုမှ ကင်းရေ။ စိတ်ချရေ
    ကြောင့်ကြ စိုးရိမ်မှုမှ ကင်းသည်။ စိတ်ချသည်
    be restassured
    ကြိယာ

    အသက်ကျ

    [ʔθɛʔt͡ɕ]
    အရိုက်အပုတ် ခံရရေ။ ညှဉ်းဆဲ ခံရရေ
    အရိုက်အပုတ် ခံရသည်။ ညှဉ်းဆဲ ခံရသည်
    beat
    ကြိယာ