Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,881–32,900 of 34,671 words

    အ

    အသက်ကျ၂

    [ʔθɛʔt͡ɕ၂]
    စိတ်ပူပင်နီရာမှ သက်သာရာ ရရေ။ ရင်ဝမာ ဆို့နင့်သော ရောဂါ ဝေဒနာ ခံစားနီရာမှ သက်သာရာ ရရေ
    စိတ်ပူပင်နေရာမှ သက်သာရာ ရသည်။ ရင်ဝတွင် ဆို့နင့်သော ရောဂါ ဝေဒနာ ခံစားနေရာမှ သက်သာရာ ရသည်
    relieved
    ကြိယာ

    အသက်ဆက်

    [ʔθɛʔsʰɛʔ]
    မသီရုံ (စိကေချေ)မျှသော အစားအစာ
    မသေရုံ (အနည်းငယ်)မျှသော အစားအစာ
    prolong life
    နာမ်

    အသက်ဆံဖျား

    [ʔθɛʔsʰံpʰrá]
    အသက် အန္တရာယ်ကြောင့် အလွန်တရာ (ကြောက်လန် တုန်လှုပ်သောအနိန်နန့်)
    အသက် အန္တရာယ်ကြောင့် အလွန့်အလွန် (ကြောက်လန် တုန်လှုပ်သော အားဖြင့်)
    pale about the gills
    ကြိယာဝိသေသန

    အသက်တမည်

    [ʔθɛʔtmɛ̀]
    ပကတိအတိုင်းပင်။ မူလ သဘာဝအနေ။ ပင်ကိုယ်သဘော
    ပကတိအတိုင်းပင်။ မူလ သဘာဝအနေ။ ပင်ကိုယ်သဘော
    origin
    နာမ်

    အသက်ပါ

    [ʔθɛʔpà]
    အသက် သေလု နီးပါး ထိနာကြင်ရေ။ အလွန် နာကြင်ရေ။ ဒုတ်၊ ဓါး၊ လက်နက် အစဟိရေ တခုခုဖြင့် ရိုက်နှက်၍ သီဆုံးသည်
    အသက် သေလု နီးပါး ထိနာကျင်သည်။ အလွန် နာကျင်သည်။ ဒုတ်၊ ဓါး၊ လက်နက် စသော တစ်ခုခုဖြင့် ရိုက်နှက်၍ သေဆုံးသည်
    hurt
    ကြိယာ

    အသက်ဖြောင့်

    [ʔθɛʔpʰɹàʊɴ့]
    အသက်ရှင်နီသမျှ ကာလလုံးလုံး
    အသက်ရှင်နေသမျှ ကာလပတ်လုံး
    life
    ကြိယာ

    အသက်မကျ

    [ʔθɛʔmt͡ɕ]
    စိုးရိမ်း ကြောင့်ကြမှု ဖြစ်တေ။ တခုတရီ အခက်အခဲ အကြောင့် စိတ်ပင်ပန်း ဆင်းရဲရေ။ နောက်ဆံ တင်းသည်
    စိုးရိမ်း ကြောင့်ကြမှု ဖြစ်သည်။ တစ်စုံတစ်ရာ အခက်အခဲ အကြောင့် စိတ်ပင်ပန်း ဆင်းရဲသည်။ နောက်ဆံ တင်းသည်
    worry
    ကြိယာ

    အသက်မကျအပက်မကျ

    [ʔθɛʔmt͡ɕʔpɛʔmt͡ɕ]
    စိုးရိမ်းကြောင့်ကြမှု ဖြစ်တေ။ တခုတရီ အခက်အခဲကြောင့် စိတ်ပင်ပန်း ဆင်းရဲရေ။ နောက်ဆံ တင်းသည်
    စိုးရိမ်းကြောင့်ကြမှု ဖြစ်သည်။ တစ်စုံတစ်ရာ အခက်အခဲကြောင့် စိတ်ပင်ပန်း ဆင်းရဲသည်။ နောက်ဆံ တင်းသည်
    worry
    ကြိယာ

    အသက်မရအပတ်မရ

    [ʔθɛʔmɹʔpaʔmɹ]
    ကြောင့်ကြ စိုးရိမ်မှုကြီးစွာဖြင့် ဆိုင်းတွခြင်း မဟိပဲ
    ကြောင့်ကြ စိုးရိမ်မှုကြီးစွာဖြင့် ဆိုင်းတွခြင်း မယှိပဲ
    at the risk of life
    ကြိယာဝိသေသန

    အသက်မလောက်

    [ʔθɛʔmlɔ́ɛʔ]
    အရွယ် လွန်သွားသနန့် ကျီနပ် နှစ်သိမ့်မှု အပြည့်အဝမရ ဟိပဲ။ မချင့်မရဲ ဖြစ်ဗျာယ်။ ကာမရာဂစိတ်ကို ချိုးနှိမ်ရဖို့ ဖြစ်ကေလေ့ မချိုး မနှိမ်ပဲ (ထားရေ)
    အရွယ် လွန်သွားသဖြင့် ကျေနပ် နှစ်သိမ့်မှု အပြည့်အဝမရ ယှိပဲ။ မချင့်မရဲ ဖြစ်လျက်။ ကာမရာဂစိတ်ကို ချိုးနှိမ်ရမည် ဖြစ်သော်လည်း မချိုး မနှိမ်ပဲ (ထားသည်)
    none
    ကြိယာဝိသေသန

    အသက်ယှူလမ်း

    [ʔθɛʔʃùláɴ]
    တခုတရီသော အခက်အခဲ အကျပ်အတည်းမှ လွတ်မြောက်နှိုင်ရေ အခွင့်အလမ်း
    တစ်စုံတစ်ခုသော အခက်အခဲ အကျပ်အတည်းမှ လွတ်မြောက်နိုင်သော အခွင့်အလမ်း
    opportunity for escape
    နာမ်

    အသက်လျာ

    [ʔθɛʔlrà]
    အသက်တမျှ ချစ်ခင်သူ
    အသက်တမျှ ချစ်ခင်သူ
    lover
    နာမ်

    အသက်သက်

    [ʔθɛʔθɛʔ]
    မပြတ် အောက်မိဗျာယ်
    မပြတ် အောက်မေ့လျက်
    consciously
    ကြိယာဝိသေသန

    အသက်သျှင်

    [ʔθɛʔʃɪ̀ɴ]
    ကိုယ့် အသက်ကို ရှင်သန်အောင် စီးပွား ဥစ္စာ တိုးတက်ယောင် ထောက်ပံ့ ပီးရေသူ
    မိမိ အသက်ကို ရှင်သန်အောင် စီးပွား ဥစ္စာ တိုးတက်အောင် ထောက်ပံ့ ပေးသောသူ
    supplier
    နာမ်

    အသက်သွယ်

    [ʔθɛʔθwɛ̀]
    အသက်ထွက်လုဆဲ ဖြစ်တေ။ တခုတရီ၏ ရှင်သန် ဖြစ်ထွန်း ကြီးပွားမှု အနိန်အထားရို့ ရပ်တန့် ပျက်စီးလုဆဲ ဖြစ်တေ
    အသက်ထွက်လုဆဲ ဖြစ်သည်။ တစ်စုံတစ်ရာ၏ ရှင်သန် ဖြစ်ထွန်း ကြီးပွားမှု အနေအထားတို့ ရပ်တန့် ပျက်စီးလုဆဲ ဖြစ်သည်
    be dying
    ကြိယာ

    အသက်အသာ

    [ʔθɛʔʔθà]
    ၁၊ တန်သည့် ကြီးငွီထက် စိကေချေ လျော့နည်းရေ။ ၂၊ မပင်မပန်း ဟိရေ။ ၃၊ ကိုယ်စိတ် ဆင်းရဲ ဝေဒနာရို့မှ ဆိုးရွားသော အခြီအရဲ လျော့ပါး နည်းလာရေ
    ၁၊ တန်သည့် ကြေးငွေထက် အနည်းငယ် လျော့နည်းသည်။ ၂၊ မပင်မပန်း ယှိသည်။ ၃၊ ကိုယ်စိတ် ဆင်းရဲ ဝေဒနာတို့မှ ဆိုးရွားသော အခြေအနေ လျော့ပါး နည်းလာသည်
    cheap
    ကြိယာ

    အသက်အသာ၂

    [ʔθɛʔʔθà၂]
    ပင်ပန်းခြင်းမဟိပဲ
    ပင်ပန်းခြင်းမယှိပဲ
    relieved
    ကြိယာ

    အသက်အသာ၃

    [ʔθɛʔʔθà၃]
    ကိုယ်စိတ် ပင်ပန်းမှု မဖြစ်စီနှိုင်ရေ အခြီအရဲ
    ကိုယ်စိတ် ပင်ပန်းမှု မဖြစ်စေနိုင်သည့် အခြေအနေ
    relieved
    ကြိယာ

    အသံကျ

    [ʔθံt͡ɕ]
    နှုတ်ထွက် အင်အား လျော့ပါးသော အသံ။ လျော့ပါး ဆုတ်ယုတ်သော အသံ
    နှုတ်ထွက် အင်အား လျော့ပါးသော အသံ။ လျော့ပါး ဆုတ်ယုတ်သော အသံ
    weakness voice
    နာမ်

    အသံကျပ်

    [ʔθံt͡ɕaʔ]
    အသံကို အာရုံစိုက်ပနာ နားထောင်သည်
    အသံကို အာရုံစိုက်၍ နားထောင်သည်
    listen
    ကြိယာ