Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 32,901–32,920 of 34,671 words

    အ

    အသံခြိမ့်

    [ʔθံkʰɹèɪɴ့]
    တေးခြင်း ဆိုရာမာ အဆုံးသံ၏ အဟိန်ကို လိုင်ခြောင်းသံနှင့် ဆွဲကာ ငင်ကာ သီဆိုခြင်း
    သီချင်း ဆိုရာတွင် အဆုံးသံ၏ အရှိန်ကို လည်ချောင်းသံနှင့် ဆွဲကာ ငင်ကာ သီဆိုခြင်း
    sing
    နာမ်

    အသင်းခတ်

    [ʔθɪ́ɴkʰaʔ]
    သတ္တဝါ အထီးရို့၏ ဝှေးစိအစုံကို ကြီညက်အောင် ထုခြင်းနန့် မြုံးစီရေ
    သတ္တဝါ အထီးတို့၏ ဝှေးစေ့အစုံကို ကြေညက်အောင် ထုခြင်းဖြင့် မြုံးစေသည်
    sear
    ကြိယာ

    အသင်းခတ်၂

    [ʔθɪ́ɴkʰaʔ၂]
    တိရစ္ဆာန်အထီးရို့၏ ဝှေးစိအစုံကို ဖျက်ဆီးပစ်သူ
    တိရစ္ဆာန်အထီးတို့၏ ဝှေးစေ့အစုံကို ဖျက်ဆီးပစ်သူ
    sear
    နာမ်

    အသင့်တော်

    [ʔθɪ̀ɴ့tɔ̀]
    ထိုက်တန် လျောက်ပတ်သည်
    ထိုက်တန် လျောက်ပတ်သည်
    suitable
    ကြိယာ

    အသင်းထုတ်

    [ʔθɪ́ɴtʰoʊʔ]
    သစ်သား အသား သေစီရန် အပင်၏ အောက်ခြီ ပတ်လည်ကို ရစ်၍ ခုတ်ထစ် ထားရေ
    သစ်သား အသား သေစေရန် သစ်ပင်၏ အောက်ခြေ ပတ်လည်ကို ရစ်၍ ခုတ်ထစ် ထားသည်
    hack
    ကြိယာ

    အသင့်ပျင်

    [ʔθɪ̀ɴ့prɪ̀ɴ]
    တခုတရီ ပြုမှု ဆောင်ရွက်ရန် အသင့် ကြိုတင် ပြင်ဆင်ပြီး ဖြစ်ဗျာယ်
    တစ်စုံတစ်ခု ပြုမှု ဆောင်ရွက်ရန် အသင့် ကြိုတင် ပြင်ဆင်ပြီး ဖြစ်လျက်
    prepare
    ကြိယာဝိသေသန

    အသစ်ခေါက်ခေါက်

    [ʔθɪʔkʰaʊʔkʰaʊʔ]
    အသုံး မပြုသိမ့်ရေ အရာ၊ အသစ် စက်စက်
    အသုံး မပြုသေးသော အရာ၊ အသစ် စက်စက်
    new
    နာမ်

    အသစ်လွလွ

    [ʔθɪʔlwlw]
    လုံးဝ အသုံးမပြုရသိမ့်ရေ အရာ
    လုံးဝ အသုံးမပြုရသေးသော အရာ
    new
    နာမ်

    အသည်

    [ʔθɛ̀]
    အိမ်၊ ကျောင်း အစဟိစွာ့ အဆောက်အအုံမာ စိုက်ထူရရေ တိုင်ကို ခေါ်သောအမည်
    အိမ်၊ ကျောင်း စသည့် အဆောက်အအုံတွင် စိုက်ထူရသော တိုင်ကို ခေါ်သောအမည်
    pillar
    နာမ်

    အသည်း

    [ʔθɛ́]
    လိုရင်းဖြစ်ရေ အရီးကြီးရေ အရာ၊ အရီးကြီးရေ အချက်အချာ။ အခရာသော နီရာ
    လိုရင်းဖြစ်သော အရေးကြီးသော အရာ၊ အရေးကြီးသော အချက်အချာ။ အဓိကကျသော နေရာ
    main point
    နာမ်

    အသည်၂

    [ʔθɛ̀၂]
    အမြဲနီထိုင်သော ဇာတိ တိုင်းရင်းသား (အသည်း အလာ ကလာ) ဆိုပနာ သုံးမျိုးဟိသည်မာ အသည်ဆိုရေ ဝေါဟာရဖို့ ဇာအတိုင်းရင်းသားကို ခေါ်ပါရေ
    အမြဲနေထိုင်သော ဇာတိ တိုင်းရင်းသား (အသည်း အလာ ကလာ) ဟူ၍ သုံးမျိုးယှိသည်တွင် အသည်ဟူသော ဝေါဟာရမှာ ဇာတိတိုင်းရင်းသားကို ခေါ်ပါသည်
    native
    နာမ်

    အသည်းကြင်

    [ʔθɛ́t͡ɕɪ̀ɴ]
    အလွန် ချစ်မြတ် နိုးရရေသူ
    အလွန် ချစ်မြတ် နိုးရသောသူ
    lover
    နာမ်

    အသည်းကြီး

    [ʔθɛ́t͡ɕï]
    ထိတ်လန့် ကြောက်ရွံ့ဖွယ်ကို ဟိဆိုင်ရဲရေ။ နာကြင်မှု ဒဏ်ကို ခံနိုင်စွမ်း ဟိရေ။ သတ္တိ ကောင်းရေ
    ထိတ်လန့် ကြောက်ရွံ့ဖွယ်ကို ရင်ဆိုင်ရဲသည်။ နာကျင်မှု ဒဏ်ကို ခံနိုင်စွမ်း ရှိသည်။ သတ္တိ ကောင်းသည်
    [fig] be brave - have fortitude
    ကြိယာ

    အသည်းကြောက်

    [ʔθɛ́t͡ɕɔ́ɛʔ]
    ကြောက်တတ်ရေ။ သတ္တိ နည်းသည်
    ကြောက်တတ်သည်။ သတ္တိ နည်းသည်
    fear
    ကြိယာ

    အသည်းကွဲ

    [ʔθɛ́kwɛ]
    စိတ်နှလုံး ကြီကွဲ ဝမ်းနည်းမှု။ စိတ်ထိခိုက်မှုကို ပြင်းပြစွာ ခံစားရရေ
    စိတ်နှလုံး ကြေကွဲ ဝမ်းနည်းမှု။ စိတ်ထိခိုက်မှုကို ပြင်းပြစွာ ခံစားရသည်
    be heartbroken
    ကြိယာ

    အသည်းခေါင်

    [ʔθɛ́kʰèàɪ̀ɴ]
    ပြင်းထန်စွာသော ဒဏ်ကို ထိတွိခံစားရရေ
    ပြင်းထန်စွာသော ဒဏ်ကို ထိတွေ့ခံစားရသည်
    hurt
    ကြိယာ

    အသည်းခေါင်ခိုက်

    [ʔθɛ́kʰèàɪ̀ɴkʰaɪʔ]
    အသည်းနှလုံး ထိခိုက်၍ ပြင်းစွာ ပူဆွေး ဝမ်းနည်းသည်
    အသည်းနှလုံး ထိခိုက်၍ ပြင်းစွာ ပူဆွေး ဝမ်းနည်းသည်
    sad
    ကြိယာ

    အသည်းချစ်

    [ʔθɛ́ɕɪʔ]
    အလွန်အကျွံ (ချစ်ရေ)
    အလွန်အမင်း (ချစ်သည်)
    love
    ကြိယာ

    အသည်တိုင်

    [ʔθɛ̀tàɪɴ]
    အိမ်၊ ကျောင်း အစဟိစွာ့ အဆောက်အအုံမာ စိုက်ထူရရေ တိုင်ကို ခေါ်သောအမည်။ နန်းရိပ်ကြခွင်၊ အသည်တိုင်မာ၊ ပြောင်ပြောင်တောက်၍ (စန္ဒြား)။ ပန်းခြုံပန်းနွယ်၊ အသည်တိုင်မာ စိန်မြသွယ်၍ (စန္ဒြား)
    အိမ်၊ ကျောင်း စသည့် အဆောက်အအုံတွင် စိုက်ထူရသော တိုင်ကို ခေါ်သောအမည်။ နန်းရိပ်ကြခွင်၊ အသည်တိုင်မှာ၊ ပြောင်ပြောင်တောက်၍ (စန္ဒြား)။ ပန်းခြုံပန်းနွယ်၊ အသည်တိုင်မှာ စိန်မြသွယ်၍ (စန္ဒြား)
    pillar
    နာမ်

    အသည်းတုန်

    [ʔθɛ́tòʊɴ]
    အလွန်အကျွံ ကြောက်ရွံ့ထိတ်လန့်သနန့်
    အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သဖြင့်
    (tremble or shake) with fear
    ကြိယာဝိသေသန