Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 33,021–33,040 of 34,671 words

    အ

    အသိမ်အဖျင်း

    [ʔθèɪɴʔpʰrɪ́ɴ]
    သုန်ဖျင်းသော။ သီးနှံ အစဟိစွာ ယှူရေသော
    သုန်ဖျင်းသော။ သီးနှံ စသည် မအောင်မြင်သော
    chaff
    နာမဝိသေသန

    အသိမ်အမွေ့

    [ʔθèɪɴʔmwḛ]
    ညင်သာသော။ ယိုင်ကျေးသော။ နူးညံ့သော။ နက်နဲသော
    ညင်သာသော။ ယဉ်ကျေးသော။ နူးညံ့သော။ နက်နဲသော
    bland
    နာမဝိသေသန

    အသိသား

    [ʔθìθá]
    အဘောပေါက် သိနှင့်ပြီးသည်၏ အဖြစ်
    အဘောပေါက် သိနှင့်ပြီးသည်၏ အဖြစ်
    already understand
    နာမ်

    အသို

    [ʔθÒ]
    အသုံး မကျသော ဖျင်းအ သော။ လိမ္မာ အထာနပ်မှု မဟိသော
    အသုံး မကျသော ဖျင်းအ သော။ လိမ္မာ ပါးနပ်မှု မယှိသော
    jejune
    နာမဝိသေသန

    အသိုး

    [ʔθó]
    စားကတ်ွင်း စားကျန်တိမာ အနံ့ထွက်ခြင်း။ ပုပ်သိုးခြင်း
    စားကြွင်း စားကျန်များမှာ အနံ့ထွက်ခြင်း။ ပုပ်သိုးခြင်း
    none
    နာမ်

    အသို၂

    [ʔθÒ၂]
    အပြင်သို့ မထွက်စီပဲ သိမ်းဆည်းသည်
    အပြင်သို့ မထွက်စေပဲ သိမ်းဆည်းသည်
    store
    ကြိယာ

    အသိုင်း

    [ʔθáɪɴ]
    သိုင်း၍ ခြည်ရရေ ကြိုး
    သိုင်း၍ ချည်ရသော ကြိုး
    strap
    နာမ်

    အသိုင်း၂

    [ʔθáɪɴ၂]
    အဖေါ်။ အသင်း
    အဖေါ်။ အသင်း
    companion
    နာမ်

    အသိုးအကျိ

    [ʔθóʔt͡ɕì]
    စားဖတ် သောက်ဖတ်တိကို တာရှည် လောင်းာင်းထားသနန့် မကောင်းရေ အနံ့ဆိုးများ ထွက်သော
    စားဖတ် သောက်ဖတ်များကို ကြာရှည်စွာ သိုလှောင်းထားသဖြင့် မကောင်းသော အနံ့ဆိုးများ ထွက်သော
    foul smell
    နာမဝိသေသန

    အသိုအထိပ်

    [ʔθÒʔtʰìaʔ]
    အပြင်သို့ အစအန မထွက်ရယောင် ကျစ်လစ်စွာ နီထိုင်သည်
    အပြင်သို့ အစအန မထွက်ရအောင် ကျစ်လစ်စွာ နေထိုင်သည်
    stay
    ကြိယာ

    အသီ

    [ʔθí]
    အသက်ဆုံးရှံးအောင်
    အသက်ဆုံးရှံးအောင်
    corpse
    ကြိယာဝိသေသန

    အသီး

    [ʔθï]
    သစ်သီး၊ ကွမ်းသီး၊ အုန်းသီး အစဟိစွာ အသီးအနှံ။ ၂၊ ခန္ဓာကိုယ်ပေါ်ဟိ အနာသီး
    သစ်သီး၊ ကွမ်းသီး၊ အုန်းသီး စသည် အသီးအနှံ။ ၂၊ ခန္ဓာကိုယ်ပေါ်ရှိ အနာသီး
    fruit lump or neoplasm appearing on the body
    နာမ်

    အသီ.

    [ʔθí.]
    တယောက်ယောက်၏ ကို တုံ့ပြန် အန္တရာယ်ပြုဖို့ အခွင့် စောင့်နိန်ရေ။ ရန်မူရန် ရည်ရွယ်၍ ကြံစည်ရေ။ ငြိုးသူ ရန်ဖက် ထားရေ
    တစ်စုံတစ်ဦး၏ အပေါ်တွင် တုံ့ပြန် အန္တရာယ်ပြုရန် အခွင့် စောင့်နေသည်။ ရန်မူရန် ရည်ရွယ်၍ ကြံစည်သည်။ ငြိုးသူ ရန်ဖက် ထားသည်
    bear a grudge
    ကြိယာ

    အသီခံ

    [ʔθíkʰံ]
    ကိုယ့်အတွက် (တနည်း)တိုင်းပြည်အတွက် စွန့်စားပနာ အသီခံသည်
    မိမိအတွက် (သို့မဟုတ်)တိုင်းပြည်အတွက် စွန့်စား၍ အသေခံသည်
    suicide squad
    ကြိယာ

    အသီးတခြား

    [ʔθïtkʰɹá]
    မဆက်မစပ်ပဲ ဖြစ်ဗျာယ်။ ခြားခြားနားနား အထူးဖြစ်ဗျာယ်
    မဆက်မစပ်ပဲ ဖြစ်လျက်။ ခြားခြားနားနား အထူးဖြစ်လျက်
    separately
    ကြိယာဝိသေသန

    အသီးတခြား၂

    [ʔθïtkʰɹá၂]
    အသီးတခြား၊ တမျိုးတဖုံ
    အသီးတစ်ခြား၊ တစ်မျိုးတစ်ဖုံ
    separately
    ကြိယာဝိသေသန

    အသီပြောင့်

    [ʔθípɹàʊɴ့]
    ပူပင်ကြောင့်ကြမှု မဟိပဲ စိတ်အီး ချမ်းသာစွာ သေနှိုင်ရေ အကြောင်း ဟိသည်
    ပူပင်ကြောင့်ကြမှု မယှိပဲ စိတ်အေး ချမ်းသာစွာ သေနိုင်သော အကြောင်း ယှိသည်
    die a peaceful death
    ကြိယာ

    အသီယပ်မ

    [ʔθíjaʔm]
    သိဒ္ဓိရှင်၊ ဇော်ဂျီရို့ အကျင့်၏ စွမ်းအားဖြင့် ပင်ဖြစ်ဖြစ်၊ ဆီး၏ အစွမ်းအားဖြင့် ပင်ဖြစ်ဖြစ်၊ စီရင် ပြုလုပ်ထားရေ ယပ်တမျိုး၊ (ယင်းယပ်ဖြင့် အသီကောင်ကို ယပ်ခတ်ပီးလျှင် အသက်ရှင်သည် ဟူ၏)
    သိဒ္ဓိရှင်၊ ဇော်ဂျီတို့ အကျင့်၏ စွမ်းအားဖြင့် လည်းကောင်း၊ ဆေး၏ အစွမ်းအားဖြင့် လည်းကောင်း၊ စီရင် ပြုလုပ်ထားသော ယပ်တစ်မျိုး၊ (၎င်းယပ်ဖြင့် အသေကောင်ကို ယပ်ခတ်ပေးလျှင် အသက်ရှင်သည် ဟူ၏)
    spirit fan
    နာမ်

    အသီသတ်

    [ʔθíθaʔ]
    အသက်ဆုံးအောင် စီရင် ကွပ်မျက်သည်
    အသက်ဆုံးအောင် စီရင် ကွပ်မျက်သည်
    kill
    ကြိယာ

    အသီအကြီ

    [ʔθíʔt͡ɕí]
    တဖက်နှင့် တဖက် အကြိတ်အနယ်။ ဇကုန် အားထုတ်ဗျာယ်
    တစ်ဘက်နှင့် တစ်ဘက် အကြိတ်အနယ်။ အစွမ်းကုန် အားထုတ်လျက်
    very much
    ကြိယာဝိသေသန