Dictionary Entries
Showing 33,101–33,120 of 34,671 words
အ
အသွ၂
[ʔθw၂]
Arakanese:
ဖေါင်းပွ ကြွရွနိန်ရေ
Burmese:
ဖေါင်းပွ ကြွရွနေသော
English:
swell up
Grammar Note:
နာမဝိသေသန
အသွက်
[ʔθwɛʔ]
Arakanese:
မဆိုင်းမတွ ဖြတ်လတ်စွာ လုပ်ကိုင်တတ်ရေ။ လှုပ်ယှားမှု ပိုပြီးကေ ကကောင်းလျင်သော။ အလျဉ် တဆက်တည်း မပြတ်မလပ် ဖြစ်ရေ
Burmese:
မဆိုင်းမတွ ဖျတ်လတ်စွာ လုပ်ကိုင်တတ်သော။ လှုပ်ရှားမှု ပို၍ လျင်မြန်သော။ အလျဉ် တဆက်တည်း မပြတ်မလပ် ဖြစ်သော
English:
active
Grammar Note:
နာမဝိသေသန
အသွက်သွက်
[ʔθwɛʔθwɛʔ]
Arakanese:
ပေါ့ပါး ကကောင်းလျင်သော။ အလျဉ်မပြတ် တဆက်တည်း ထွက်သော
Burmese:
ပေါ့ပါး လျင်မြန်သော။ အလျဉ်မပြတ် တဆက်တည်း ထွက်သော
English:
active
Grammar Note:
နာမဝိသေသန
အသွက်အလက်
[ʔθwɛʔʔlɛʔ]
Arakanese:
ပေါ့ပါး ကကောင်းလျင်သော။ မဆိုင်းမတွ ဖြတ်လပ်စွာ လုပ်ကိုင်တတ်ရေ
Burmese:
ပေါ့ပါး လျင်မြန်သော။ မဆိုင်းမတွ ဖျတ်လပ်စွာ လုပ်ကိုင်တတ်သော
English:
active
Grammar Note:
နာမဝိသေသန
အသွင်
[ʔθwɪ̀ɴ]
Arakanese:
အသီးအဆန် အစဟိစွာ ယှူရေသော ကောက်ပဲ သီးနှံ ပုံပန်း သဏ္ဍာန်
Burmese:
အသီးအဆန် စသည် မအောင်မြင်သော ကောက်ပဲ သီးနှံ ပုံပန်း သဏ္ဍာန်
English:
form - appearance
Grammar Note:
နာမ်
အသွင်း
[ʔθwɪ́ɴ]
Arakanese:
စုံဖက် ထိမ်းမြားရန် အတွက် ယောက်ျားဘက်က ပီးဆောင်ရရေ ရွှီ၊ ငွီ၊ လယ်ယာ ဝန် အစဟိစွာ
Burmese:
ထိမ်းမြား လက်ထပ်ရန် အတွက် ယောက်ျားဘက်က ပေးဆောင်ရသော ရွှေ၊ ငွေ၊ လယ်ယာ ပစ္စည်း စသည်
English:
property brought by the bridegroom to the bride - put up property or money to the prospective bride’s parents
Grammar Note:
နာမ်
အသွင်၂
[ʔθwɪ̀ɴ၂]
Arakanese:
ရုပ်ရည် လက္ခဏာ
Burmese:
ရုပ်ရည် လက္ခဏာ
English:
character
Grammar Note:
နာမ်
အသွင်၃
[ʔθwɪ̀ɴ၃]
Arakanese:
ခြေ၊ လက်များ ကွေးကောက် သိမ်ကပ်သော။ ပကတိ ခြေလက်ထက် သိမ်ငယ်၊ ငယ်ရေ
Burmese:
ခြေ၊ လက်များ ကွေးကောက် သိမ်ကပ်သော။ ပကတိ ခြေလက်ထက် သိမ်ငယ်၊ သေးငယ်သော
English:
slender
Grammar Note:
နာမဝိသေသန
အသွင်းတောင်း
[ʔθwɪ́ɴtáʊɴ]
Arakanese:
ထိမ်းမြား စုံဖက်ရန် အတွက် စီစပ်ရေအခါ မမာ့ဘက်က ယောက်ျားပါးက ရွှီ၊ ငွီ ဝန် အစဟိစွာ ဤရွေ့ ဒေလောက် ပီးရဖို့လို့ တောင်းသည်၏ အဖြစ်
Burmese:
လက်ထပ် ထိမ်းမြားရန် အတွက် စေ့စပ်သည့်အခါ မိန်းမဘက်က ယောက်ျားထံမှ ရွှေ၊ ငွေ ပစ္စည်း စသည် ဤရွေ့ ဤမျှ ပေးရမည်ဟု တောင်းသည်၏ အဖြစ်
English:
property brought by the bridegroom to the bride - put up property or money to the prospective bride’s parents
Grammar Note:
နာမ်
အသွင်းပြတ်
[ʔθwɪ́ɴpɹaʔ]
Arakanese:
ထိမ်းမြား စုံဖက်ရန် အတွက် ယောက်ျားဘက်ကို မမာ့ဘက်က အသွင်းဝန် ရွှီ၊ ငွီအစဟိစွာ ဒေလောက်ထိ ပီးရဖို့လို့ တောင်းရာ၊ ယောက်ျားဘက်က ဒေလောက်ထိသာ ပီးဖို့ အစဟိစွာအနိန်နန့် အပီးအယူ ဈီးစွာတိ ဈီးပြတ်စနစ်မျိုး အဖြစ်
Burmese:
လက်ထပ် ထိမ်းမြားရန် အတွက် ယောက်ျားဘက်ကို မိန်းမဘက်က အသွင်းပစ္စည်း ရွှေ၊ ငွေစသည် ဤမျှလောက် ပေးရမည်ဟု တောင်းရာ၊ ယောက်ျားဘက်က ဤမျှလောက်သာ ပေးမည် စသည်ဖြင့် အပေးအယူ ဈေးသည်များ ဈေးဆစ်စနစ်မျိုး အဖြစ်
English:
property brought by the bridegroom to the bride - put up property or money to the prospective bride’s parents
Grammar Note:
နာမ်
အသွင်ပြောင်း
[ʔθwɪ̀ɴpɹáʊɴ]
Arakanese:
အရာ အသွင်ဆောင်ရေ။ တပါးသော သူ့အသွင် သဏ္ဍာန် ပေါ်ယောင် ပြုပျင် ချယ်လှယ် ဝတ်ဆင်သည်
Burmese:
အခြား အသွင်ဆောင်သည်။ တစ်ပါးသော သူ့အသွင် သဏ္ဍာန် ပေါ်အောင် ပြုပြင် ချယ်လှယ် ဝတ်ဆင်သည်
English:
metamorphose - transform
Grammar Note:
ကြိယာ
အသွင်သွင်
[ʔθwɪ̀ɴθwɪ̀ɴ]
Arakanese:
(မျက်ရည် အသွင်သွင်) သွယ်တန်းဗျာယ်။ အလျဉ်မပြတ် တဆက်တည်း တဒီဒီ စီးဆင်း သွန်ကျဗျာယ်
Burmese:
(မျက်ရည် အသွင်သွင်) သွယ်တန်းလျက်။ အလျဉ်မပြတ် တဆက်တည်း တဒီဒီ စီးဆင်း သွန်ကျလျက်
English:
copiously
Grammar Note:
ကြိယာဝိသေသန
အသွင်အပြင်
[ʔθwɪ̀ɴʔpɹɪ̀ɴ]
Arakanese:
ရုပ်ဝါ လက္ခဏာ။ ပုံပန်း သဏ္ဍာန်
Burmese:
ရုပ်ဝါ လက္ခဏာ။ ပုံပန်း သဏ္ဍာန်
English:
form - appearance
Grammar Note:
နာမ်
အသွင်းအဖျင်း
[ʔθwɪ́ɴʔpʰrɪ́ɴ]
Arakanese:
ခြေ၊ လက်များ ကွေးကောက် သိမ်ကပ်သော။ ပကတိ ခြေ၊ လက်ထက် သိမ်ငယ်၊ ငယ်ရေ
Burmese:
ခြေ၊ လက်များ ကွေးကောက် သိမ်ကပ်သော။ ပကတိ ခြေ၊ လက်ထက် သိမ်ငယ်၊ သေးငယ်သော
English:
slender
Grammar Note:
နာမ်
အသွပ်
[ʔθwaʔ]
Arakanese:
ရူးကောင်ကောင်။ ရူးနှမ်းနှမ်း။ စိကေချေ အနှမ်းပဲ
Burmese:
ရူးကောင်ကောင်။ ရူးနှမ်းနှမ်း။ အနည်းငယ် စိတ်မနှံ့ပဲ
English:
mad
Grammar Note:
ကြိယာ
အသွပ်ချောင်
[ʔθwaʔɕàʊɴ]
Arakanese:
ရူးရူးမူးမူး၊ ဆင်ခြင် နိုင်စွမ်း ကင်းကွာခြင်းကြောင့် ပြုမိပြုရာ ပြုရေအနိန်နန့်
Burmese:
ရူးရူးမူးမူး၊ ဆင်ခြင် နိုင်စွမ်း ကင်းကွာခြင်းကြောင့် ပြုမိပြုရာ ပြုသော အားဖြင့်
English:
madding
Grammar Note:
ကြိယာဝိသေသန
အသွမ်း
[ʔθʊ̀ɴ]
Arakanese:
စိကေချေ သိမ်ငယ်သော။ အနှစ်သာရ မဟိသော (စကား)။ ပြိန်းဖျင်းသော
Burmese:
သေးနုပ် သိမ်ငယ်သော။ အနှစ်သာရ မယှိသော (စကား)။ ပြိန်းဖျင်းသော
English:
banal
Grammar Note:
နာမဝိသေသန
အသွမ်း၂
[ʔθʊ̀ɴ၂]
Arakanese:
စားလေ့စားထ မဟိသော ပိန်းရိုင်း
Burmese:
စားလေ့စားထ မယှိသော ပိန်းရိုင်း
English:
taro
Grammar Note:
နာမ်
အသွမ်း၃
[ʔθʊ̀ɴ၃]
Arakanese:
ရယ်ရွှင်ဖွယ် စကား
Burmese:
ရယ်ရွှင်ဖွယ် စကား
English:
joke
Grammar Note:
နာမ်
အသွမ်းကရမ်း
[ʔθʊ̀ɴkɹáɴ]
Arakanese:
ကြမ်းတမ်း ဟော့ရမ်းသော သူ။ အကျင့်ဆိုး ပျက်သောသူ
Burmese:
ကြမ်းတမ်း ဟော့ရမ်းသော သူ။ အကျင့်ဆိုး ပျက်သောသူ
English:
a bad lot
Grammar Note:
ကြိယာ