Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 33,701–33,720 of 34,671 words

    အ

    အိမ်ရာ

    [ʔèɪɴɹà]
    အိမ်၏ အဆောက်အအုံ
    အိမ်၏ အဆောက်အအုံ
    plot of land for house building house - condo [ fig ] another mans wife
    နာမ်

    အိမ်ရာကျူး

    [ʔèɪɴɹàt͡ɕùး]
    သူ့လင် သူ့သား သူ့မယားကို ကျူးလွန် ယှောက်ခိုးရေ
    သူ့လင် သူ့သား သူ့မယားကို ကျူးလွန် ဖောက်ပြားသည်
    change for the worse
    ကြိယာ

    အိမ်ရာချ

    [ʔèɪɴɹàɕ]
    မိဘက သားသမီးကို ပီးစပ်ပေး၊ ပဇပ်ပီးသည်
    မိဘက သားသမီးကို အိမ်ထောင်ပြုပေး၊ လက်ထပ်ပေးသည်
    marry off ones children allot house site
    ကြိယာ

    အိမ်ရာတည်ထောင်

    [ʔèɪɴɹàtɛ̀tʰàʊɴ]
    အိမ်ထောင် ပြုသည်
    အိမ်ထောင် ပြုသည်
    marry
    ကြိယာ

    အိမ်ရှိ.

    [ʔèɪɴʃḭ.]
    အိမ်၏ အဟိဖက် ဖြစ်ရေ အရပ်
    အိမ်၏ အရှေ့ဘက် ဖြစ်သော အရပ်
    front
    နာမ်

    အိမ်ရှိ.မင်းသား

    [ʔèɪɴʃḭ.mɪ́ɴθá]
    ဘုရင် မင်းမြတ်၏ ထီးမွေနန်းမွေကို မင်းအဖြစ် ဆက်ခံရန် လျာထားခြင်း ခံရသူ
    ဘုရင် မင်းမြတ်၏ ထီးမွေနန်းမွေကို မင်းအဖြစ် ဆက်ခံရန် လျာထားခြင်း ခံရသူ
    prince - heir apparent - crown price Also ဥပရာဇာ
    နာမ်

    အိမ်ရှိ.အပ်

    [ʔèɪɴʃḭ.ʔaʔ]
    ဥပရာဇာအဖြစ် ထီးနန်းကို အပ်ရေ။ အိမ်ဟိမင်းအဖြစ် ထီးနန်း အပ်ရေ
    ဥပရာဇာအဖြစ် ထီးနန်းကို အပ်သည်။ အိမ်ရှေ့မင်းအဖြစ် ထီးနန်း အပ်သည်
    none
    ကြိယာ

    အိမ်လက်ကြား

    [ʔèɪɴlɛʔt͡ɕá]
    လမ်းမကြီးမှ ခွဲဖြာထွက်သော လမ်း
    လမ်းမကြီးမှ ခွဲဖြာထွက်သော လမ်း
    by path
    နာမ်

    အိမ်လည်တတ်

    [ʔèɪɴlɛ̀taʔ]
    လူများအိမ်သို့ လားရောက် လည်ပတ်တတ်သူ
    သူတစ်ပါးအိမ်သို့ သွားရောက် လည်ပတ်တတ်သူ
    visitor - pay a visit
    နာမ်

    အိမ့်လည်းမဆိုအင့်လည်းမဆို

    [ʔèɪɴ့lɛ́msʰÒʔɪ̰ɴlɛ́msʰÒ]
    တခုတရီ တုံ့ပြန်ပြောဆိုခြင်း မပြုရေ
    တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မပြုသော
    unrequited
    နာမဝိသေသန

    အိမ့်လည်းမလှုပ်အင့်လည်းမလှုပ်

    [ʔèɪɴ့lɛ́mɬoʊʔʔɪ̀ɴ့lɛ́mɬoʊʔ]
    တခုတရီ တုံ့ပြန်ပြောဆိုခြင်း မပြုရေ
    တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မပြုသော
    unrequited
    နာမဝိသေသန

    အိမ်လယ်ကောင်

    [ʔèɪɴlɛ̀kàʊɴ]
    အိမ်၏ အလယ် ချက်ချာ။ ဗဟို
    အိမ်၏ အလယ် ချက်ချာ။ ဗဟို
    center
    နာမ်

    အိမ်လေးဘက်ခေါင်

    [ʔèɪɴlébʱɛʔkʰèàɪ̀ɴ]
    အဆောက်အအုံ၏ မျက်နှာလေးဖက်မာ အုန်းလက်ချထားရေ ခေါင်မိုး
    အဆောက်အအုံ၏ မျက်နှာလေးဘက်တွင် အုန်းလက်ချထားသော ခေါင်မိုး
    roof
    နာမ်

    အိမ်လှည်း

    [ʔèɪɴɬɛ́]
    အမွီးအတောင်၊ အကိုင်းအခက်၊ အချောင်းအတံ အစဟိစွာရို့ကို စုစည်းထားရေ့ အမှိုက်ဂါရီရရေ ကိရိယာ
    အမွေးအတောင်၊ အကိုင်းအခက်၊ အချောင်းအတံ စသည်တို့ကို စုစည်းထားသည့် အမှိုက်လှည်းရသော ကိရိယာ
    broom
    နာမ်

    အိမ်လှည်းခတ်

    [ʔèɪɴɬɛ́kʰaʔ]
    အဂါရီခက်ဖြင့် အမှိုက်ကို သုတ်သင်ရေ
    တံမြက်စည်းဖြင့် အမှိုက်ကို သုတ်သင်သည်
    sweep
    ကြိယာ

    အိမ်လှည်းလှည်း

    [ʔèɪɴɬɛ́ɬɛ́]
    အဂါရီခက်ဖြင့် အမှိုက်ကို သုတ်သင်ရေ
    တံမြက်စည်းဖြင့် အမှိုက်ကို သုတ်သင်သည်
    sweep
    ကြိယာ

    အိမ်သက်

    [ʔèɪɴθɛʔ]
    အိမ်ဆောက်သော နှစ်ပရိစေ္ဆဒ ကာလ အပိုင်းအရာ
    အိမ်ဆောက်သော နှစ်ပရိစေ္ဆဒ ကာလ အပိုင်းအခြား
    none
    နာမ်

    အိမ်သံစည်

    [ʔèɪɴθံsɛ̀]
    ရယ်မောသံ၊ စကားပြောသံ အစဟိစွာရို့နန့် အိမ်မား၌ သာယာ ပျော်ရွှင်မှုကို ဖြစ်စီသည့် သားငယ် သမီးသျှေ
    ရယ်မောသံ၊ စကားပြောသံ စသည်တို့ဖြင့် အိမ်တွင်း၌ သာယာ ပျော်ရွှင်မှုကို ဖြစ်စေသည့် သားငယ် သမီးငယ်
    laugh
    နာမ်

    အိမ်သစ်အိုးသစ်

    [ʔèɪɴθɪʔʔóθɪʔ]
    မူလ အိမ်ထောင်ဘက် သီဆုံးပနာ ဖြစ်စီ၊ ကွဲကွာ၍ ဖြစ်စီ၊ နောက်ထပ် ပြုရေ အိမ်ထောင်
    မူလ အိမ်ထောင်ဘက် သေဆုံး၍ ဖြစ်စေ၊ ကွဲကွာ၍ ဖြစ်စေ၊ နောက်ထပ် ပြုသော အိမ်ထောင်
    second marriage
    နာမ်

    အိမ်သစ်အိုးသစ်၂

    [ʔèɪɴθɪʔʔóθɪʔ၂]
    ပထမစပြီးကေ ထူထောင်ခါစ ဖြစ်ရေ အိုးအိမ်
    ပထမစ၍ ထူထောင်ခါစ ဖြစ်သော အိုးအိမ်
    house
    နာမ်