Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 33,861–33,880 of 34,671 words

    အ

    အိုးမှောက်

    [ʔóm̥ɔ́ɛʔ]
    ချက်ပြုတ်သည့် အိုးမာ မီးတောက်ထိသနန့် မည်း၍ စွဲကပ်ထင်နိန်ရေ မီးခိုးမှ ဖြစ်ရေ အမှုန့်
    ချက်ပြုတ်သည့် အိုးတွင် မီးတောက်ထိသဖြင့် မည်း၍ စွဲကပ်ထင်နေသော မီးခိုးမှ ဖြစ်သော အမှုန့်
    soot - lamp-black
    နာမ်

    အိုးမှောက်ခွီတမ်း

    [ʔóm̥ɔ́ɛʔkʰwítáɴ]
    တခုခု ကစပ်ကတ်ရာမာ အိုးမဲဖြင့် မျက်နှာမာ အရီးအကြောင်း ထင်အောင် ပြုလုပ်ပနာ ကစပ်သောနည်း
    တစ်ခုခု ကစားကြရာတွင် အိုးမဲဖြင့် မျက်နှာတွင် အရေးအကြောင်း ထင်အောင် ပြုလုပ်၍ ကစားသောနည်း
    game
    နာမ်

    အိုးမှောက်လူးခွက်မှောက်လူး

    [ʔóm̥ɔ́ɛʔlùးkʰwɛʔm̥ɔ́ɛʔlùး]
    (ငါး၊ ဟင်း အစဟိစွာ့ ချက်ပြုတ်ရရေ အတွက်) ကိုယ်ခန္ဓာမာ အိုးမဲများ ပေကပ်နီရေ
    (ငါး၊ ဟင်း စသည့် ချက်ပြုတ်ရသည့် အတွက်) ကိုယ်ခန္ဓာတွင် အိုးမဲများ ပေကပ်နေသည်
    dirt
    ကြိယာ

    အိုးမှောက်သုတ်

    [ʔóm̥ɔ́ɛʔθoʊʔ]
    မိဖ ဆွီမျိုး အစဟိစွာရို့၏ မျက်နှာကို မထောက်ထားပဲ ဂုဏ်ငယ်အောင် ပြုလုပ်ရေ။ အရှက်ရစီရေ
    မိဖ ဆွေမျိုး စသည်တို့၏ မျက်နှာကို မထောက်ထားပဲ ဂုဏ်ငယ်အောင် ပြုလုပ်သည်။ အရှက်ရစေသည်
    [fig.] disgrace - blacken someone’s reputation
    ကြိယာ

    အိုးလူကြီး

    [ʔólùt͡ɕï]
    ထမင်း ဟင်း ချက်ပြုတ်ရာမာ ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    ထမင်း ဟင်း ချက်ပြုတ်ရာတွင် ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    chef
    နာမ်

    အိုးလူးခွက်လူး

    [ʔólùးkʰwɛʔlùး]
    ချက်ပြုတ်သည့် အိုးမာ မီးတောက်ထိသနန့် မည်း၍ စွဲကပ်ထင်နိန်ရေ မီးခိုးမှ ဖြစ်ရေ အမှုန့်
    ချက်ပြုတ်သည့် အိုးတွင် မီးတောက်ထိသဖြင့် မည်း၍ စွဲကပ်ထင်နေသော မီးခိုးမှ ဖြစ်သော အမှုန့်
    soot - lamp-black
    ကြိယာ

    အိုးလူးခွက်လူး၂

    [ʔólùးkʰwɛʔlùး၂]
    အိုးထဲခွက်ထဲမာ ကပ်၍ ကျန်ရေ ဟင်းကြွင်း၊ ငါးကြွင်း၊ ဟင်းကျန်၊ ငါးကျန်ကို ထမင်းဖြင့် ရောနှောကြေမွအောင် လက်ဖြင့် ဖိနှိပ်နယ်ဗျာယ်
    အိုးထဲခွက်ထဲတွင် ကပ်၍ ကျန်သော ဟင်းကြွင်း၊ ငါးကြွင်း၊ ဟင်းကျန်၊ ငါးကျန်ကို ထမင်းဖြင့် ရောနှောကြေမွအောင် လက်ဖြင့် ဖိနှိပ်နယ်လျက်
    massage lightly
    ကြိယာဝိသေသန

    အိုဝေ

    [ʔÒwè]
    မွီးကင်းစ အချေ၏ ငိုသံ။ အော်သံ
    မွေးကင်းစ ကလေးငယ်၏ ငိုသံ။ အော်သံ
    voice choked with emotion
    နာမ်

    အိုးသစ်အိမ်သစ်

    [ʔóθɪʔʔèɪɴθɪʔ]
    မူလ အိမ်ထောင်ဘက် သီဆုံးပနာ ဖြစ်စီ၊ ကွဲကွာ၍ ဖြစ်စီ၊ နောက်ထပ် ပြုရေ အိမ်ထောင်
    မူလ အိမ်ထောင်ဘက် သေဆုံး၍ ဖြစ်စေ၊ ကွဲကွာ၍ ဖြစ်စေ၊ နောက်ထပ် ပြုသော အိမ်ထောင်
    marry
    နာမ်

    အိုးသစ်အိမ်သစ်၂

    [ʔóθɪʔʔèɪɴθɪʔ၂]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ၊ အဆောက်အအုံ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ၊ အဆောက်အအုံ
    realty
    နာမ်

    အိုးသီး

    [ʔóθï]
    မိသားစုနှင့် ခွဲပြီးကေ တသီး အခြား နီထိုင်သည်
    မိသားစုနှင့် ခွဲ၍ တသီး တခြား နေထိုင်သည်
    live alone
    ကြိယာ

    အိုးသီးရာခြား

    [ʔóθïɹàkʰɹá]
    မိသားစုနှင့် ခွဲခွါ၍ တသီးအခြား နိန်ရေ အိမ်
    မိသားစုနှင့် ခွဲခွါ၍ တသီးတခြား နေသော အိမ်
    house
    နာမ်

    အိုးသီးအိမ်သီး

    [ʔóθïʔèɪɴθï]
    မိသားစုနှင့် ခွဲခွါ၍ တသီးအခြား နိန်ရေ အိမ်
    မိသားစုနှင့် ခွဲခွါ၍ တသီးတခြား နေသော အိမ်
    house
    နာမ်

    အိုးသူကြီး

    [ʔóθùt͡ɕï]
    ထမင်း ဟင်း ချက်ပြုတ်ရာမာ ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    ထမင်း ဟင်း ချက်ပြုတ်ရာတွင် ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    chef
    နာမ်

    အိုးသျှေခွက်သျှေ

    [ʔóʃèkʰwɛʔʃè]
    အချေ ကစပ်စရာ အိုးခွက်ငယ်
    ကလေး ကစားစရာ အိုးခွက်ငယ်
    toy pot
    နာမ်

    အိုးအနားဖီး

    [ʔóʔnápʰï]
    အိုးအစဟိစွာရို့၏ နှုတ်ခမ်း တဖက်တချက်၌ တပ်ထားရေ လက်ကိုင်ကွင်း။ အိုးနှုတ်ခမ်း
    အိုးစသည်တို့၏ နှုတ်ခမ်း တစ်ဘက်တစ်ချက်၌ တပ်ထားသော လက်ကိုင်ကွင်း။ အိုးနှုတ်ခမ်း
    goblet pot
    နာမ်

    အိုးအိမ်

    [ʔóʔèɪɴ]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ။ အဆောက်အအုံ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ။ အဆောက်အအုံ
    house - home - realty
    နာမ်

    အိုးအိမ်ခွက်ယောက်

    [ʔóʔèɪɴkʰwɛʔjɔ́ɛʔ]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ အဆောက်အအုံနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ရန်၊ ထမင်း ဟင်း စားသည်အခါ အသုံးပြုဖို့ ထည့်စရာ ဝန်အစဟိစွာ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ အဆောက်အအုံနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ရန်၊ ထမင်း ဟင်း စားသည့်အခါ အသုံးပြုရန် ထည့်စရာ ပစ္စည်းစသည်
    pottery - household utensils - receptacle
    နာမ်

    အိုအို

    [ʔÒʔÒ]
    အသံဖြင့် ကြောက်စီရေ။ အရွံ့စီရေ။ လန့်စီရေ။ လှန့်သည်
    အသံဖြင့် ကြောက်စေသည်။ အရွံ့စေသည်။ လန့်စေသည်။ လှန့်သည်
    be afraid of
    ကြိယာ

    အို့အို့

    [ʔo̰ʔo̰]
    မျက်နှာပြင် ဝိုင်းစက် ဖြိုးမောက်သော။ စိကေချေ ရမ်းစ ပြုရေ
    မျက်နှာပြင် ဝိုင်းစက် ဖြိုးမောက်သော။ အနည်းငယ် ရောင်ရမ်းစ ပြုသော
    perfectly circular
    နာမဝိသေသန