Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 33,941–33,960 of 34,671 words

    အ

    အုံး

    [ʔóʊɴ]
    ကောင်း၏ဟု ကတိဝန်ခံပြုရေ အခါမှ ဖြစ်စီ။ သုံးသော စကား
    ကောင်း၏ဟု ကတိဝန်ခံပြုသော အခါတွင် ဖြစ်စေ။ သုံးသော စကား
    good
    နာမ်

    အု၂

    [ʔoʊ၂]
    မကြိုက်ကြောင်း ဖွင့်ဟ၍ ပြောဆိုရေ (အာမေဋိတ်) စကား။ ၂၊ မကြိုက်ဖွယ်သော အမူအရာဖြင့် ပြောသော စကား
    မနှစ်သက်ကြောင်း ဖွင့်ဟ၍ ပြောဆိုသော (အာမေဋိတ်) စကား။ ၂၊ မနှစ်သက်ဖွယ်သော အမူအရာဖြင့် ပြောသော စကား
    none
    ပစ္စည်း

    အုံ၂

    [ʔòʊɴ၂]
    အနာထက်မာ ဆီးများ စေးဖွဲသိပ်သည်း အပုံလိုက် တင်ရေ။ စုပေါင်း ပါဝင်ရေ ဟိသည်
    အနာပေါ်တွင် ဆေးများ စေးဖွဲသိပ်သည်း စုပုံ တင်သည်။ စုပေါင်း ပါဝင်သည် ယှိသည်
    crowd together - assemble - swarm apply poultice or medicinal plaster over a swelling etc pile up [charcoal firewood etc] over a fire [as in မီး~] be dull heavy-headed [as in ခေါင်း~]
    ကြိယာ

    အုံ့၂

    [ʔo̰ʊɴ၂]
    မျက်နှာ မဲပြာပုပ်နှင့် ရမ်းသော မျက်နှာပိုင်ယှောင်
    မျက်နှာ မည်းပုပ်ပုပ်နှင့် ရောင်ရမ်းသော မျက်နှာကဲ့သို့သော
    just like black face
    နာမဝိသေသန

    အုံး၂

    [ʔóʊɴ၂]
    အဂေါင်းကို တခုတရီထက်မာ မှီတင်ရေ။ ကျွဲကျောင်းသားသည် သရပ်ပင် အောက်မာ သရက်မြစ်ကို ခေါင်းအုံး၍ အိပ်နီသည်
    ဦးခေါင်းကို တစ်စုံတစ်ခုပေါ်တွင် မှီတင်သည်။ ကျွဲကျောင်းသားသည် သရပ်ပင် အောက်မှာ သရက်မြစ်ကို ခေါင်းအုံး၍ အိပ်နီသည်
    sleep
    ကြိယာ

    အုံး၃

    [ʔóʊɴ၃]
    အဂေါင်း၊ လက်အစဟိစွာရို့ မှီအုံးရန် လဲ၊ ဝါဂွမ်း အစဟိစွာရို့နန့် သွင်းချုပ် ထားရေ အရာ
    ဦးခေါင်း၊ လက်စသည်တို့ မှီအုံးရန် လဲ၊ ဝါဂွမ်း စသည်တို့ဖြင့် သွင်းချုပ် ထားသော အရာ
    pillow sheaves used to prop up paddy sheaves
    နာမ်

    အုံး၄

    [ʔóʊɴ၄]
    စိတ်နှလုံး ကြီကွဲ ဝမ်းနည်းခြင်း ပြင်းပြစွာ ခံစားရရေ။ စိတ်ထိခိုက်မှု ပြင်းစွာ ခံစားရရေ။ တခုတရီကို မီးကျီးခဲပြာမူ ထမင်းပူ အစဟိစွာ ဖုံးအုပ်ပြီးကေ ကျက်နပ်စီရေ။ တခုတရီ အစိတ်အပိုင်း ဖောင်းကြွ မို့မောက် ရမ်းနိန်သည်
    စိတ်နှလုံး ကြေကွဲ ဝမ်းနည်းခြင်း ပြင်းပြစွာ ခံစားရသည်။ စိတ်ထိခိုက်မှု ပြင်းစွာ ခံစားရသည်။ တစ်စုံတစ်ခုကို မီးကျီးခဲပြာမူ ထမင်းပူ စသည် ဖုံးအုပ်၍ ကျက်နပ်စေသည်။ တစ်စုံတစ်ခု အစိတ်အပိုင်း ဖောင်းကြွ မို့မောက် ရောင်ရမ်းနေသည်
    swell
    ကြိယာ

    အုံး၅

    [ʔóʊɴ၅]
    ပြည့်ရွှန် ပိုကဲသော။ ဖောင်းပြည့် တင်းမို့သော။ စည်ပင် သာယာသော
    ပြည့်လျှံ ပိုကဲသော။ ဖောင်းပြည့် တင်းမို့သော။ စည်ပင် သာယာသော
    develop
    နာမဝိသေသန

    အုံကြွ

    [ʔòʊɴt͡ɕw]
    ကျီနပ်မှုမဟိအတွက်နန့် သည်းမခံ နှိုင်ကတ်သည်ဖြစ်ပနာ လူအများ စုပေါင်း ထလှုပ်ရှားသည်
    ကျေနပ်မှုမယှိသောကြောင့် သည်းမခံ နိုင်ကြသည်ဖြစ်၍ လူအများ စုပေါင်း ထကြွလှုပ်ရှားသည်
    rise up - protest in anger - rebel
    ကြိယာ

    အုံးခံ

    [ʔóʊɴkʰံ]
    အုံးဟု ဆက်ကာဆက်ကာ ထောက်ခံ ပြောဆိုရေ။ လူများ ပြောရေကို အလိုက်သင့် ထောက်ခံ ပြောဆိုရေ
    အုံးဟု ဆက်ကာဆက်ကာ ထောက်ခံ ပြောဆိုသည်။ သူတစ်ပါး ပြောသည်ကို အလိုက်သင့် ထောက်ခံ ပြောဆိုသည်
    agree
    ကြိယာ

    အုံခဲ

    [ʔòʊɴkʰɛ]
    တစုတည်း တတိုင်သားတည်း ပေါင်းရုံး တည်ဟိသော အရာ။ မပြိုမကွဲပဲ တနီရာတည်း၌ စုပေါင်းဖွဲ့ပနာ ဟိနေခြင်း။ လူအများ စုဝေးဗျာယ် ဟိနေခြင်း
    တစ်စုတည်း တစ်ဖွဲ့တည်း ပေါင်းရုံး တည်ယှိသော အရာ။ မပြိုမကွဲပဲ တစ်နေရာတည်း၌ စုပေါင်းဖွဲ့လျက် ယှိနေခြင်း။ လူအများ စုဝေးလျက် ယှိနေခြင်း
    collect
    နာမ်

    အုံ့ချာချာ

    [ʔo̰ʊɴɕàɕà]
    မကျီမချမ်း စူပုပ်သော မျက်နှာမူရာ ဖြစ်ဗျာယ်
    မကျေမချမ်း စူပုပ်သော မျက်နှာမူရာ ဖြစ်လျက်
    sullenly
    ကြိယာဝိသေသန

    အုံးခွဲ

    [ʔóʊɴkʰwɛ]
    လဲ၊ ဝါသီး၊ လက်ပံသီး အထဲက ရဟိသော နူးညံ့သည့် အမျှင်ထွေး
    လဲ၊ ဝါသီး၊ လက်ပံသီး အတွင်းမှ ရယှိသော နူးညံ့သည့် အမျှင်ထွေး
    string
    နာမ်

    အုံးခွဲမျှင်

    [ʔóʊɴkʰwɛmɹ̯ɪ̀ɴ]
    လဲ၊ ဝါသီး၊ လက်ပံသီး အထဲက ရဟိသော နူးညံ့သည့် အမျှင်ထွေး
    လဲ၊ ဝါသီး၊ လက်ပံသီး အတွင်းမှ ရယှိသော နူးညံ့သည့် အမျှင်ထွေး
    string
    နာမ်

    အုံ့စနဲ

    [ʔo̰ʊɴsnɛ]
    ကိုယ့် အပြုအမူ၊ အကြံအစည် အလိုဆန္ဒ စစွာကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း မဟိပဲ အထဲကျိတ် နီတတ်သူ
    မိမိ၏ အပြုအမူ၊ အကြံအစည် အလိုဆန္ဒ စသည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း မယှိပဲ အတွင်းကျိတ် နေတတ်သူ
    secret
    နာမ်

    အုံ့စနဲ၂

    [ʔo̰ʊɴsnɛ၂]
    သဘောမတွိ ပဇိပဆာများ မသတီသော အမူအရာ ပြဗျာယ်
    သဘောမတွေ့ အလိုမကျ မကြည်ဖြူသော အမူအရာ ပြလျက်
    negative face
    ကြိယာဝိသေသန

    အုံးစာ

    [ʔóʊɴsà]
    လဲ၊ ဝါသီး၊ လက်ပံသီး အထဲက ရဟိသော နူးညံ့သည့် အမျှင်ထွေး
    လဲ၊ ဝါသီး၊ လက်ပံသီး အတွင်းမှ ရယှိသော နူးညံ့သည့် အမျှင်ထွေး
    string
    နာမ်

    အုံးစာမျှင်

    [ʔóʊɴsàmɹ̯ɪ̀ɴ]
    လဲ၊ ဝါသီး၊ လက်ပံသီး အထဲက ရဟိသော နူးညံ့သည့် အမျှင်ထွေး
    လဲ၊ ဝါသီး၊ လက်ပံသီး အတွင်းမှ ရယှိသော နူးညံ့သည့် အမျှင်ထွေး
    string
    နာမ်

    အုံ့ဆောင်း

    [ʔo̰ʊɴsʰáʊɴ]
    ဒေါသ စိတ်ဖြင့် မခံမရပ်နိုင်အတွက်နန့် မပြောမဆိုကား အံခဲဗျာယ် ငိုမည်းမျက်နှာ ရုပ်သွင် ဖြစ်နီသော အရာ
    ဒေါသ စိတ်ဖြင့် မခံမရပ်နိုင်သောကြောင့် မပြောမဆိုပဲ အံခဲလျက် ငိုမည်းမျက်နှာ ရုပ်သွင် ဖြစ်နေသော အရာ
    angry face
    နာမ်

    အုံးဇက်လွဲ

    [ʔóʊɴzɛʔlwɛ]
    ခေါင်းအုံးရာမာ နီသားတကျ မဖြစ်ပနာ ဇက်၊ လိုင်ဖင်း အကြောများနာမကျဉ်းဖြစ်ပနာ ခေါင်းမလှည့်နိုင် ဖြစ်တေ၊ ဇက်ခိုင်သည်
    ခေါင်းအုံးရာ၌ နေသားတကျ မဖြစ်၍ ဇက်၊ လည်ပင်း အကြောများနာ၍ ခေါင်းမလှည့်နိုင် ဖြစ်သည်၊ ဇက်ခိုင်သည်
    have a crick in the neck
    ကြိယာ