Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 34,671 words

    က

    ကန်းတူးမိုက်

    [káɴtùးmaɪʔ]
    မစဉ်းမစား။ မဆင်မခင်။ အဆုတ်အဆိုင်းမဟိဘဲ။ ထိုးကန်း
    မစဉ်းမစား။ မဆင်မခင်။ အဆုတ်အဆိုင်းမရှိပဲ။ တဇွတ်ထိုး
    unthinking
    နာမဝိသေသန

    ကန်းတူးမိုက်၂

    [káɴtùးmaɪʔ၂]
    အမိုက်တိုင်းမာ အထွတ်အထိပ်သို့ ရောက်ရေ။ ကမ်းကုန်ယောင်မိုက်သည်
    အမိုက်တကာတွင် အထွတ်အထိပ်သို့ ရောက်သည်။ ကမ်းကုန်အောင်မိုက်သည်
    stupid
    ကြိယာ

    ကန်တော့

    [kàɴtɔ̰]
    လက်အုပ်ချီးမြှောက်၍ ဦးညွတ်ကာ အရိုအသီပြုသည်
    လက်အုပ်ချီးမြှောက်၍ ဦးညွတ်ကာ အရိုအသေပြုသည်
    pay obeisance with one's hands clasped palm to palm to plam and raised to touch one's forehead present a gift in respect and gratictude [as in အမိကို ငွီတစ်ရာ~-]
    ကြိယာ

    ကန်တော်ကြီး

    [kàɴtɔ̀t͡ɕï]
    ဆံထုံးတခု၏ အမည်။ အသစ်ထက်ကေ၊ ကန်တော်ကြီးဟု၊ ဘီးစပတ်နှင့် (ပဋါ)
    ဆံထုံးတစ်ခု၏ အမည်။ အသစ်ပေါ်ကေ၊ ကန်တော်ကြီးဟု၊ ဘီးစပတ်နှင့် (ပဋါ)
    hairpin
    နာမ်

    ကန်တော်ကြီး၂

    [kàɴtɔ̀t͡ɕï၂]
    လူများ တူးထားရေ ရီကန်ကြီး။ ရီမြောင်းကြီးကို ဆည်ဖို့ထားရေ ဆည်ကြီး
    လူများ တူးထားသော ရေကန်ကြီး။ ရေမြောင်းကြီးကို ဆည်ဖို့ထားသော ဆည်ကြီး
    dam
    နာမ်

    ကန်းထစ်

    [káɴtʰɪʔ]
    ပြေပြစ်ချောမောခြင်းမဟိဘဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်ဗျာယ်။ ရည်ရွယ်ချက်မဟိဘဲ
    ပြေပြစ်ချောမောခြင်းမရှိပဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်လျက်။ ရည်ရွယ်ချက်မရှိပဲ
    foolhardy
    ကြိယာဝိသေသန

    ကန်းထစ်ကြီး

    [káɴtʰɪʔt͡ɕï]
    ပြေပြစ်ချောမောခြင်းမဟိဘဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်ဗျာယ်။ ရည်ရွယ်ချက်မဟိဘဲ
    ပြေပြစ်ချောမောခြင်းမရှိပဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်လျက်။ ရည်ရွယ်ချက်မရှိပဲ
    foolhardy
    ကြိယာဝိသေသန

    ကန်းထိုက်

    [káɴtʰaɪʔ]
    အရွက်နုနုကို (တမာချိုင်ပိုင်) ခြည်တည်ပြီးကေပင်ဖြစ်ဖြစ်၊ ရေနန့်ပြုတ်ပနာပင်ဖြစ်ဖြစ် တိုစားရရေ အပင်ငယ်တမျိုး
    အရွက်နုနုကို (တမာချဉ်ကဲ့သို့) ချည်တည်၍လည်းကောင်း၊ ရေဖြင့်ပြုတ်၍လည်းကောင်း တိုစားရသော အပင်ငယ်တစ်မျိုး
    sauerkraut
    နာမ်

    ကန်းထီကန်းထိုက်

    [káɴtʰíkáɴtʰaɪʔ]
    ပြေပြစ်ချောမောခြင်းမဟိဘဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်ဗျာယ်။ ရည်ရွယ်ချက်မဟိဘဲ
    ပြေပြစ်ချောမောခြင်းမရှိပဲ။ ဆင်ခြင်ဉာဏ်ကင်းမဲ့ ရိုင်းပျစွာ။ ဖီလာဆန့်ကျင်လျက်။ ရည်ရွယ်ချက်မရှိပဲ
    foolhardy
    ကြိယာဝိသေသန

    ကန်ထောက်

    [kàɴtʰɔ́ɛʔ]
    အိမ်၏ရက်မတိုင်ကို အောက်ကထောက်ကန်ထားရေ တိုင်တို
    အိမ်၏ရက်မတိုင်ကို အောက်ကထောက်ကန်ထားသော တိုင်တို
    pillar
    နာမ်

    ကန်ထောက်၂

    [kàɴtʰɔ́ɛʔ၂]
    လူ၏ဒူးဆစ်မှ အောက်ပိုင်းထိ
    လူ၏ဒူးဆစ်မှ အောက်ပိုင်းထိ
    Knee-under
    နာမ်

    ကန့်ပလီ

    [kàɴ့plí]
    ဆားငန်ရည်မှီရာမာ ပေါက်တတ်ရေ၊ အရွက်ကိုဟင်းချက်စားရရေ အပင်ငယ်တမျိုး
    ဆားငန်ရည်မှီရာတွင် ပေါက်တတ်သော၊ အရွက်ကိုဟင်းချက်စားရသည့် အပင်ငယ်တစ်မျိုး
    valerian - allheal Valerianan hardwickii
    နာမ်

    ကန်ပေါင်

    [kàɴpèàɪ̀ɴ]
    ရီကန်၏ပတ်ပတ်လည်မာ အမြင့်ဖို့ဆည်ထားရေ မြေပေါင်ရိုး
    ရေကန်၏ပတ်ပတ်လည်တွင် အမြင့်ဖို့ဆည်ထားသော မြေပေါင်ရိုး
    breakwater
    နာမ်

    ကန်ပေါင်ရိုး

    [kàɴpèàɪ̀ɴɹó]
    ရီကန်၏ပတ်ပတ်လည်မာ အမြင့်ဖို့ဆည်ထားရေ မြေပေါင်ရိုး
    ရေကန်၏ပတ်ပတ်လည်တွင် အမြင့်ဖို့ဆည်ထားသော မြေပေါင်ရိုး
    breakwater
    နာမ်

    ကန်းမ

    [káɴm]
    မျက်စိအလင်းကွယ်သော လူသားမမာ့၊ တိရိစ္ဆာန်မ အစဟိစွာ
    မျက်စိအလင်းကွယ်သော လူသားမိန်းမ၊ တိရိစ္ဆာန်မ စသည်
    blind
    နာမ်

    ကန်းမကုန်းမ

    [káɴmkóʊɴm]
    မျက်စိအလင်းကွယ်သော လူသားမမာ့၊ တိရိစ္ဆာန်မ စရေ။ နောက်ကုန်းသော လူသားမမာ့၊ တိရိစ္ဆာန်မ စရေ။ ကျွဲမ၊ နမ အစဟိစွာ၏အမည်။ အားလုံးး၊ အကန်း၊ အကျိုး၊ အပဲ့ အစဟိရေ ကျွဲမ၊ နမကိုခြုံ၍ ပြောသောစကား
    မျက်စိအလင်းကွယ်သော လူသားမိန်းမ၊ တိရိစ္ဆာန်မ စသည်။ ကျောကုန်းသော လူသားမိန်းမ၊ တိရိစ္ဆာန်မ စသည်။ ကျွဲမ၊ နွားမ စသည်၏အမည်။ အကုန်း၊ အကန်း၊ အကျိုး၊ အပဲ့ စသော ကျွဲမ၊ နွားမကိုခြုံ၍ ပြောသောစကား
    blind
    နာမ်

    ကန့်လန့်

    [kàɴ့làɴ့]
    ဖီလာ။ ဆန့်ကျင်။ ဆီးတားနှောင့်ယှက်သည့် အနေထားနန့်။ လားမေခရီး၊ လစွာကျယ်လေ၊ သီတာတန့်ပျာ၊ ကန့်လန့်ဆီးလို့ (ဂုတ်တ္တိလ)။ ဖီလာအနိန်အထားအားဖြင့်။ လိုင်းခြောင်းမာလေ၊ ဖီလာတန်းကေ၊ ကန့်လန့်ဖြတ်လို့(ကော်)
    ဖီလာ။ ဆန့်ကျင်။ ဆီးတားနှောင့်ယှက်သည့် အနေထားဖြင့်။ သွားမည်ခရီး၊ လဟာကျယ်လေ၊ သီတာတန့်ပျာ၊ ကန့်လန့်ဆီးလို့ (ဂုတ်တ္တိလ)။ ဖီလာအနေအထားအားဖြင့်။ လိုင်းခြောင်းမှာလေ၊ ဖီလာတန်းကေ၊ ကန့်လန့်ဖြတ်လို့(ကော်)
    contrarily athwart [as in ~ စီးသောချောင်း]
    ကြိယာဝိသေသန

    ကန့်လန့်၂

    [kàɴ့làɴ့၂]
    တန်းခါးကိုမြဲအောင် ဖီလာထိုးရရေ တုတ်ချောင်း။ သံတန်းခါးကို၊ လက်ဝါးပုတ်ကေ၊ ဂလန့်သံချောင်း၊ ပျွပျောင်းလို့ (ဓမ္မသာ)
    တံခါးကိုမြဲအောင် ဖီလာထိုးရသော တုတ်ချောင်း။ သံတံခါးကို၊ လက်ဝါးပုတ်ကေ၊ ဂလန့်သံချောင်း၊ ပျွပျောင်းလို့ (ဓမ္မသာ)
    crosspiece - bolt - bar (of door)
    နာမ်

    ကန့်လန့်ကာ

    [kàɴ့la̰ɴkà]
    မမြင်ရရောင် ဆီးကာရံရရေ ဖျင်ထည်။(ကုလားကညဆိုပနာပင်ဖြစ်ဖြစ်၊ တင်းတိမ်၊ တင်းတိမ်ရံဆိုပနာ ပင်ဖြစ်ဖြစ် ခေါ်ရေ။
    မမြင်ရအောင် ဆီးကာရံရသော ဖျင်ထည်။(ကုလားကညဟူ၍လည်းကောင်း၊ တင်းတိမ်၊ တင်းတိမ်ရံဟူ၍ လည်းကောင်း ခေါ်သည်။
    screen - curtain
    နာမ်

    ကန့်လန့်ထိုး

    [kàɴ့làɴ့tʰó]
    တန်းခါးကိုမြဲအောင် တုတ်ချောင်းနန့် ဖီလာထိုးထားရေ
    တံခါးကိုမြဲအောင် တုတ်ချောင်းဖြင့် ဖီလာထိုးထားသည်
    bolt
    ကြိယာ