Dictionary Entries
Showing 34,021–34,040 of 34,671 words
အ
အုန်းသီးမာလာ
[ʔóʊɴθïmàlà]
Arakanese:
အုန်းသီးဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အထဲခွံ
Burmese:
အုန်းသီးဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အတွင်းခွံ
English:
inner skin
Grammar Note:
နာမ်
အုန်းသီးမျှင်
[ʔóʊɴθïmɹ̯ɪ̀ɴ]
Arakanese:
အုန်းသီးဆန်ကို ခြစ်ထားရေ အဖတ်၊ အမျှင်
Burmese:
အုန်းသီးဆန်ကို ခြစ်ထားသော အဖတ်၊ အမျှင်
English:
none
Grammar Note:
နာမ်
အုန်းအက်ကျက်ကျက်
[ʔóʊɴʔɛʔt͡ɕɛʔt͡ɕɛʔ]
Arakanese:
ဆူဆူညံညံ။ ကျကျယ် လောင်လောင်
Burmese:
ဆူဆူညံညံ။ ကျယ်ကျယ် လောင်လောင်
English:
loudly
Grammar Note:
ကြိယာဝိသေသန
အုန်းအင်း
[ʔóʊɴʔɪ́ɴ]
Arakanese:
များပြားစွာ မကန်မဝှန်။ လူအဝှမ်း
Burmese:
များပြားစွာ အများအပြား။ လူအနှံ့အပြား
English:
more
Grammar Note:
ကြိယာဝိသေသန
အုန်းအင်းကျွတ်ကျွတ်
[ʔóʊɴʔɪ́ɴt͡ɕwaʔt͡ɕwaʔ]
Arakanese:
အသံ။ လူသူ အစဟိစွာရို့ ကျီရောင်ဘာရောင်။ အုတ်အုတ် ကျက်ကျက်။ ကျကျယ် လောင်လောင်
Burmese:
အသံ။ လူသူ စသည်တို့ ဆူညံစွာ။ အုတ်အုတ် ကျက်ကျက်။ ကျယ်ကျယ် လောင်လောင်
English:
audibly
Grammar Note:
ကြိယာဝိသေသန
အုန်းအင်းမတက်
[ʔóʊɴʔɪ́ɴmtɛʔ]
Arakanese:
ဇာပိုင် လုပ်ကိုင်ရမှန်းမသိ ကြံရာမရ ဖြစ်လှားရေ
Burmese:
မည်ကဲ့သို့ လုပ်ကိုင်ရမှန်းမသိ ကြံရာမရ ဖြစ်သွားသည်
English:
none
Grammar Note:
ကြိယာဝိသေသန
အုန်းအုန်း
[ʔóʊɴʔóʊɴ]
Arakanese:
များပြားစွာ မကန်မဝှန်။ လူအဝှမ်း။ လူအသံ အစဟိစွာရို့ ကျီရောင်ဘာရောင်၊ ကျကျယ် လောင်လောင်
Burmese:
များပြားစွာ အများအပြား။ လူအနှံ့အပြား။ လူအသံ စသည်တို့ ဆူညံစွာ၊ ကျယ်ကျယ် လောင်လောင်
English:
noisily
Grammar Note:
ကြိယာဝိသေသန
အုန်းဧကမုခ်
[ʔóʊɴʔèkmoʊkʰ်]
Arakanese:
အုန်းသီး အခွံမာ၏ ထိပ်မာ မျက်လုံးပေါက် တခုတည်းရာ ပါရေ အုန်းသီးတမျိုး
Burmese:
အုန်းသီး အခွံမာ၏ ထိပ်တွင် မျက်လုံးပေါက် တစ်ခုတည်းသာ ပါသော အုန်းသီးတစ်မျိုး
English:
coconut with only one micropyle [Pali ဧက+ မုခ+Arakan. အုန်း]
Grammar Note:
နာမ်
အုပ်
[ʔoʊʔ]
Arakanese:
စားဖွယ် သောက်ဖွယ် ထည့်ရရေ အပေါင်ပါရေ ထည့်စရာ တမျိုး
Burmese:
စားဖွယ် သောက်ဖွယ် ထည့်ရသော အဖုံးပါသည့် ထည့်စရာ တစ်မျိုး
English:
large bowl with stand and cover to offer food to monks
Grammar Note:
နာမ်
အုပ်၂
[ʔoʊʔ၂]
Arakanese:
တခုတရီကို လုံခြုံစီရန် အပေါ်မှ ဖုံးလွှမ်းရေ။ ဖုံးဖိ လျှို့ဝှက် ထားရေ။ ရင့်သော သစ်သီးတိကို မှည့်စီရန် တခုတရီဖြင့် ဖုံးပီးရေ။ ထိမ်းသိမ်း စောင့်ရှောက်ရေ။ ရွိ၍ မလားရယောင် ပြုလုပ်ထားရေ။ စောင့်စည်း ထိန်းချုပ်ရေ။ ကြက်စာကောက်သည်
Burmese:
တစ်စုံတစ်ခုကို လုံခြုံစေရန် အပေါ်မှ ဖုံးလွှမ်းသည်။ ဖုံးဖိ လျှို့ဝှက် ထားသည်။ ရင့်သော သစ်သီးများကို မှည့်စေရန် တစ်စုံတစ်ခုဖြင့် ဖုံးပေးသည်။ ထိမ်းသိမ်း စောင့်ရှောက်သည်။ ရွေ့လျား၍ မသွားရအောင် ပြုလုပ်ထားသည်။ စောင့်စည်း ထိန်းချုပ်သည်။ အပြီးသတ်သည်
English:
cover [as in အဖုံး~ထားပါ] give another coating using a different colour [as in စိမ်းချင်လျှင် အပြာမှာ အဝါ~ရ-] cover mature but green fruit with burlap straw etc to aid ripening [as in သရက်သီးကို ဆန်အိုးထဲ၌~ထား-] add garnish or seasoning to a dish ju
Grammar Note:
ကြိယာ
အုပ်ကရုပ်
[ʔoʊʔkɹoʊʔ]
Arakanese:
ပန်းပွင့်ရို့၏ ပွင့်ချပ် ပွင့်ဖတ်ရို့စွာ ငုံရာမှ ကွဲဟ လာရေ
Burmese:
ပန်းပွင့်တို့၏ ပွင့်ချပ် ပွင့်ဖတ်တို့သည် ငုံရာမှ ကွဲဟ လာသည်
English:
broke
Grammar Note:
ကြိယာ
အုပ်ကရုပ်၂
[ʔoʊʔkɹoʊʔ၂]
Arakanese:
(လွှမ်းခြုံရရေ) တံပက်ဖြင့် မျက်နှာကို (အပြင်က မမြင်ရရောင်) စိကေချေ ဖွင့်ထားပနာ လွှမ်းခြုံထားရေ
Burmese:
(လွှမ်းခြုံရသည့်) တဘက်ဖြင့် မျက်နှာကို (အပြင်က မမြင်ရအောင်) အနည်းငယ် ဖွင့်ထား၍ လွှမ်းခြုံထားသည်
English:
wrap
Grammar Note:
ကြိယာ
အုပ်ဂေါင်းပေါင်း
[ʔoʊʔɡèàɪ́ɴpèàɪ́ɴ]
Arakanese:
သျှောင်ထုံးကို ပုဝါအုပ်ပြီးကေ ခေါင်းပေါင်း ပေါင်းနည်း တမျိုး
Burmese:
သျှောင်ထုံးကို ပုဝါအုပ်၍ ခေါင်းပေါင်း ပေါင်းနည်း တစ်မျိုး
English:
turban
Grammar Note:
နာမ်
အုပ်စု
[ʔoʊʔsoʊ]
Arakanese:
တစုတတိုင်သားတည်း ဖွဲ့ပနာဟိနီရေ သက်ဟိ၊ သက်မဲ့
Burmese:
တစ်စုတစ်ဖွဲ့တည်း ဖွဲ့လျက်ယှိနေသော သက်ယှိ၊ သက်မဲ့
English:
group - bloc [as in တော်လှန်ရေး~]
Grammar Note:
နာမ်
အုပ်ဆိုင်း
[ʔoʊʔsʰáɪɴ]
Arakanese:
ဆီးနှင်း၊ မြူမှုန်၊ မီးခိုး စစွာတိ မှိုင်းအုံနိန်ရေ။ သစ်ရွက်အပင်များ ထူထပ်စွာ အုပ်မိုးသည်
Burmese:
ဆီးနှင်း၊ မြူမှုန်၊ မီးခိုး စသည်များ မှိုင်းအုံနေသည်။ သစ်ရွက်သစ်ပင်များ ထူထပ်စွာ အုပ်မိုးသည်
English:
be veiled in (mist fog) [as in မြူ~နေ -] cover - conceal [as in အေကိစ္စကို~ထားဖို့မသင့်ပါ]
Grammar Note:
ကြိယာ
အုပ်ထွီ
[ʔoʊʔtʰwí]
Arakanese:
တစုတဝေး။ များပြားစွာ
Burmese:
တစ်စုတစ်ဝေး။ များပြားစွာ
English:
[ arch ] galore - in abundance [as in အံ့ချီးဖွယ်ရာ၊ မြို့ရွာနယ်မြေ၊ ~များပြား၊ ခမ်းနားကြီးကျယ်]
Grammar Note:
ကြိယာဝိသေသန
အုပ်နှဲ
[ʔoʊʔn̥ɛ]
Arakanese:
ခွီးသွားစိပ် အရွက်ဟိပြီး အသားကို စဉ်း၍ ဆီးရိုးအဖြစ် အသုံးပြုရရေ အသားပွ ပင်လတ်တမျိုး
Burmese:
ခွေးသွားစိပ် အရွက်ယှိပြီး အသားကို စဉ်း၍ ဆေးရိုးအဖြစ် အသုံးပြုရသော အသားပွ ပင်လတ်တစ်မျိုး
English:
none
Grammar Note:
နာမ်
အုပ်ပုံ
[ʔoʊʔpòʊɴ]
Arakanese:
တစုတဝေး များပြားစွာ
Burmese:
တစ်စုတစ်ဝေး များပြားစွာ
English:
plenty
Grammar Note:
ကြိယာဝိသေသန
အုပ်ဖုံး
[ʔoʊʔpʰóʊɴ]
Arakanese:
စားဖွယ် သောက်ဖွယ် ရို့ကို ယင်မနားစီရန် ဖုံးအုပ်ထားရရေ ဖုံးစရာတမျိုး။ လူများ မသိယောင် လျှို့ဝှက်သော နည်းနန့် ရယူရေ၊ စီးပွားယှာသည်
Burmese:
စားဖွယ် သောက်ဖွယ် တို့ကို ယင်မနားစေရန် ဖုံးအုပ်ထားရသော ဖုံးစရာတစ်မျိုး။ သူတစ်ပါး မသိအောင် လျှို့ဝှက်သော နည်းဖြင့် ရယူသည်၊ စီးပွားရှာသည်
English:
commercialise
Grammar Note:
ကြိယာ
အုပ်ဖုံး၂
[ʔoʊʔpʰóʊɴ၂]
Arakanese:
လူများ မသိယောင် လျှို့ဝှက်သော နည်းနန့် စီးပွားယှာသူ
Burmese:
သူတစ်ပါး မသိအောင် လျှို့ဝှက်သော နည်းဖြင့် စီးပွားရှာသူ
English:
secret business
Grammar Note:
နာမ်