Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 34,181–34,200 of 34,671 words

    အ

    အေပြီးကေဝါ

    [ʔèpɹïkèwà]
    ဇာချိန်ဇာခါ ဆိုပနာ အနာဂတ် ကာလကို ရည်ညွှန်း၍ မီးမြန်းသည့် အမီးစကားလုံး
    မည်သည့်အခါ ဟူ၍ အနာဂတ် ကာလကို ရည်ညွှန်း၍ မေးမြန်းသည့် အမေးစကားလုံး
    when?
    နာမ်

    အေးမ

    [ʔém]
    အစ်မ
    အစ်မ
    sister
    နာမ်

    အေမှာဒေ

    [ʔèm̥àdè]
    အမျိုးအမည် မကွဲပြားသော အရာဝတ္တု တခုခုကို တိုက်ရိုက် ရည်ညွှန်း ထုတ်ဖေါ်၍ ပြရာမာ သုံးသော စကားလုံး
    အမျိုးအမည် မကွဲပြားသော အရာဝတ္တု တစ်ခုခုကို တိုက်ရိုက် ရည်ညွှန်း ထုတ်ဖေါ်၍ ပြရာ၌ သုံးသော စကားလုံး
    something
    နာမ်

    အေးယို

    [ʔéjÒ]
    အကိုယ့်ခင်
    အမေ့မိခင်
    grandmother
    နာမ်

    အေးယေ

    [ʔéjè]
    (မထွီးကို ခေါ်သော အာလုပ်စကား)
    (မိထွေးကို ခေါ်သော အာလုပ်စကား)
    stepmother
    နာမ်

    အေရာ

    [ʔèɹà]
    လောင်း၊ သင်္ဘော အစဟိစွာရို့၏ ဝမ်းပိုင်းအောက်ခံ။ တခုတရီ အခက်အခဲ ကြုံရေအခါ။ အထိတ်တလန့် ဖြစ်ရေအခါ ရို့မာ သုံးသော စကားလုံး
    လှေ၊ သင်္ဘော စသည်တို့၏ ဝမ်းပိုင်းအောက်ခံ။ တစ်စုံတစ်ခု အခက်အခဲ ကြုံသောအခါ။ အထိတ်တလန့် ဖြစ်သောအခါ တို့၌ သုံးသော စကားလုံး
    none
    နာမ်

    အေရာမ

    [ʔèɹàm]
    အလွန်တရာ။ အလွန်အကျွံ
    အလွန့်အလွန်။ အလွန်အမင်း
    extremely
    ကြိယာဝိသေသန

    အေရာမ၂

    [ʔèɹàm၂]
    ဆင်ပြောင်ကြီး တကောင်
    ဆင်ပြောင်ကြီး တစ်ကောင်
    elephant
    နာမ်

    အေရာမလားယေ

    [ʔèɹàmlájè]
    စိတ်မာ ကျီနပ် နှစ်သက်ရခြင်း။ နှစ်လိုအားရခြင်း စရေအခါရို့မာ သုံးသော စကားလုံး
    စိတ်တွင် ကျေနပ် နှစ်သက်ရခြင်း။ နှစ်လိုအားရခြင်း စသည့်အခါတို့၌ သုံးသော စကားလုံး
    feeling good
    နာမ်

    အေရာမဟောက်

    [ʔèɹàmhɔ́ɛʔ]
    အလွန် များပြားစွာ၊ မကန်မဝှန်
    အလွန် များပြားစွာ၊ အများအပြား
    extremely
    ကြိယာဝိသေသန

    အေရာမဟောက်လားယေ

    [ʔèɹàmhɔ́ɛʔlájè]
    တယောက်တလီအား ဂုဏ်ထူး စွမ်းရည်ကို ချီးမွှမ် မြှောက်ပင့် ချီးမြှင့် ပြောဆိုလိုရာမာ နှုတ်က ထွက်ပေါ်လှာသော စကား
    တစ်စုံတစ်ယောက်အား ဂုဏ်ထူး စွမ်းရည်ကို ချီးမွှမ် မြှောက်ပင့် ချီးမြှင့် ပြောဆိုလိုရာ၌ နှုတ်မှ ထွက်ပေါ်လာသော စကား
    honor word
    နာမ်

    အေလား

    [ʔèlá]
    ကိုယ့် ပြောဘက်ကို ခေါ်ဝေါ်ရာမာ သုံးစွဲသော စကား။ နာသူ နာမ်စား
    မိမိ၏ ပြောဘက်ကို ခေါ်ဝေါ်ရာ၌ သုံးစွဲသော စကား။ နာသူ နာမ်စား
    you
    အာလုပ်

    အေးလား

    [ʔélá]
    ကိုယ့် ပြောဘက်ကို ခေါ်ဝေါ်ရာမာ သုံးစွဲသော စကား။ နာသူ နာမ်စား
    မိမိ၏ ပြောဘက်ကို ခေါ်ဝေါ်ရာ၌ သုံးစွဲသော စကား။ နာသူ နာမ်စား
    you
    နာမ်စား

    အေးလိုက်

    [ʔélaɪʔ]
    ဟိကို တဖဲ့ချေ တိုးကတ်ပါဟု ပြောဆိုရာမာ ယိုင်ကျေးဖွယ်ရာ ဆိုရေ စကား
    ရှေ့ကို နည်းနည်း တိုးကြပါဟု ပြောဆိုရာ၌ ယဉ်ကျေးဖွယ်ရာ ဆိုသော စကား
    execute me
    နာမ်

    အေးလိုက်၂

    [ʔélaɪʔ၂]
    ရရန်ဟိသော ကြီးငွီစစွာကို ပီးဖို့ ဟိသည့်အထဲက နှုတ်ယူရေ။ ဖြတ်ရေ
    ရရန်ယှိသော ကြေးငွေစသည်ကို ပေးရန် ယှိသည့်အထဲမှ နှုတ်ယူသည်။ ဖြတ်သည်
    deduct
    ကြိယာ

    အေလိုက်ကိုင်း

    [ʔèlaɪʔkáɪɴ]
    ပကတိဟိမြဲ အတိုင်းပင်။ ပင်ကိုအတိုင်း မူလအခြီ
    ပကတိယှိမြဲ အတိုင်းပင်။ ပင်ကိုအတိုင်း မူလအခြေ
    origin
    နာမ်

    အေလိုက်တိုင်း

    [ʔèlaɪʔtáɪɴ]
    ပကတိဟိမြဲ အတိုင်း ဖြစ်ရေ။ ပင်ကို အတိုင်း ဖြစ်ရေ။ မူရင်း အခြီဖြစ်ရေ
    ပကတိယှိမြဲ အတိုင်း ဖြစ်သော။ ပင်ကို အတိုင်း ဖြစ်သော။ မူရင်း အခြေဖြစ်သော
    original
    နာမဝိသေသန

    အေလိုက်တိုင်း၂

    [ʔèlaɪʔtáɪɴ၂]
    ပကတိ ဟိမြဲအတိုင်းအနိန်နန့်။ ပင်ကိုသဖောအတိုင်း ဖြစ်ရေအနိန်နန့်။ မူရင်း အခြီဖြစ်ရေအနိန်နန့်
    ပကတိ ယှိမြဲအတိုင်း အားဖြင့်။ ပင်ကိုသဘော အတိုင်း ဖြစ်သော အားဖြင့်။ မူရင်း အခြေဖြစ်သော အားဖြင့်
    originally
    ကြိယာဝိသေသန

    အေလူ

    [ʔèlù]
    ငါ။ ကျွန်ုပ်။ (ကိုယ့်) နံဖီးအနားဟိ လူတယောက်တလီကို ညွှန်ပြသော စကား
    ငါ။ ကျွန်ုပ်။ (မိမိ၏) အနီးအနားယှိ လူတစ်စုံတစ်ယောက်ကို ညွှန်ပြသော စကား
    he
    နာမ်စား

    အေလူ၂

    [ʔèlù၂]
    ကိုယ့်ကိုယ်ကို ကြွားဝင့်၍ ပြောသော စကား
    မိမိကိုယ်ကို ကြွားဝင့်၍ ပြောသော စကား
    brag
    နာမ်