Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 34,301–34,320 of 34,671 words

    အ

    အောက်မွီး၂

    [ʔɔ́ɛʔmwï၂]
    လွမ်းတရေ။ တမ်းတသည်
    လွမ်းဆွတ်သည်။ တမ်းတသည်
    miss
    နာမ်

    အောက်မွီးအောက်ရောက်

    [ʔɔ́ɛʔmwïʔɔ́ɛʔɹɔ́ɛʔ]
    ကွဲကွာသူ တယောက်ယောက်ကို တမ်းတ၍ ကြီကွဲ ဝမ်းနည်းရေ။ အောက်မိ တသရေ။ လွမ်းတသည်
    ကွဲကွာသူ တစ်စုံတစ်ဦးကို တမ်းတ၍ ကြေကွဲ ဝမ်းနည်းသည်။ အောက်မေ့ တသသည်။ လွမ်းဆွတ်သည်
    miss
    ကြိယာ

    အောက်ရည်ထက်ရည်

    [ʔɔ́ɛʔɹɛ̀tʰɛʔɹɛ̀]
    မြေ(မည်သည့် အရာဝတ္တုမဆို အစဟိစွာရို့၏) အောက်မာဟိသော အရည်များ အောက်မှ အထက်ကို တက်ရေ
    မြေ(မည်သည့် အရာဝတ္တုမဆို စသည်တို့၏) အောက်တွင်ယှိသော အရည်များ အောက်မှ အထက်သို့ တက်သည်
    climb up
    ကြိယာ

    အောက်ရီပြန်

    [ʔɔ́ɛʔɹípɹàɴ]
    ဖြားကျပြီးကေ အီနီရာမှ ပြန်ပနာ တက်စပြုသည်
    ဒီရေကျပြီးနောက် အီနေရာမှ ပြန်၍ တက်စပြုသည်
    [of water table or ground water] rise in level condense [as of moisture in the pot of ငါးပိ ]
    ကြိယာ

    အောက်လက်ကျေ

    [ʔɔ́ɛʔlɛʔt͡ɕè]
    လုပ်ငန်း ကိစ္စတခုခုမာ အခြီခံ အောက်ပိုင်းမှစပြီးကေ အားလုံး နားလည်သည်
    လုပ်ငန်း ကိစ္စတစ်ခုခုတွင် အခြေခံ အောက်ပိုင်းမှစ၍ အကုန် နားလည်သည်
    understand
    ကြိယာ

    အောက်လမ်း

    [ʔɔ́ɛʔláɴ]
    ယုတ်နိမ့်သော အစီအရင် လောကီ အတတ်ပညာ
    ယုတ်နိမ့်သော အစီအရင် လောကီ အတတ်ပညာ
    black magic - sorcery cf အထက်လမ်း illegal means
    နာမ်

    အောက်လူငယ်သား

    [ʔɔ́ɛʔlùŋɛ̀θá]
    တယောက်ယောက်၏ လက်အောက်မာ အမှုဆောင်ရွက်သူ
    တစ်စုံတစ်ဦး၏ လက်အောက်တွင် အမှုဆောင်ရွက်သူ
    subordinate
    နာမ်

    အောက်ဝါ

    [ʔɔ́ɛʔwà]
    အဆောက်အအုံရို့မာ ထုတ်လျောက်မှစပြီးကေ အောက် မြီပြင်ထိ အပိုင်း
    အဆောက်အအုံတို့တွင် ထုတ်လျောက်မှစ၍ အောက် မြေပြင်ထိ အပိုင်း
    the lower part of a building
    နာမ်

    အောက်သား

    [ʔɔ́ɛʔθá]
    မြန်မာပြည် အောက်ပိုင်း ဇာတိ ဖြစ်သူ
    မြန်မာပြည် အောက်ပိုင်း ဇာတိ ဖြစ်သူ
    lower myanmar nation
    နာမ်

    အောက်သားကော်

    [ʔɔ́ɛʔθákɔ̀]
    ကြမ်းတမ်းစွာ ကော်ဆဲခြင်း
    ကြမ်းတမ်းစွာ ဆဲဆိုခြင်း
    rude
    နာမ်

    အောက်သားကော်၂

    [ʔɔ́ɛʔθákɔ̀၂]
    နှစ်သက်ဖွယ်ရာ။ အမြင်မတော်ရာ။ အမြင်ကတ်စရာ။ လူတံပက်လူ ကြောက်လန့်အောင် (အောင်)ဟုဆို၍ ဟစ်အော် ပြောဆိုရေ။ မျိုးက်ခြောက်ခြောက်ရေ
    နှစ်သက်ဖွယ်ရာ။ အမြင်မတော်ရာ။ အမြင်ကတ်စရာ။ လူတစ်ဘက်သား ကြောက်လန့်အောင် (အောင်)ဟုဆို၍ ဟစ်အော် ပြောဆိုသည်။ ခြိမ်းခြောက်သည်
    threat
    ကြိယာ

    အောက်သိုးမျက်နှာ

    [ʔɔ́ɛʔθómrɛʔn̥à]
    မကျီမချမ်း စူပုပ်သော မျက်နှာမူရာ ဖြစ်ဗျာယ်
    မကျေမချမ်း စူပုပ်သော မျက်နှာမူရာ ဖြစ်လျက်
    (look) scowlingly - grumpily - sullenly
    ကြိယာဝိသေသန

    အောက်အောက်

    [ʔɔ́ɛʔʔɔ́ɛʔ]
    ဗဟရီ ဖြစ်တေ
    အသုံးမကျ ဖြစ်သည်
    be base
    ကြိယာ

    အောက်အောက်စပ်စပ်

    [ʔɔ́ɛʔʔɔ́ɛʔsaʔsaʔ]
    ဇာတခုလေ့ ဆက်စပ် အကျုံးဝင်ခြင်း မဟိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်း မဟိပဲ။ မစပ်မဟပ် ပတ်သက် ရောနှောခြင်း မဟိပဲ
    မည်သို့မျှ ဆက်စပ် အကျုံးဝင်ခြင်း မယှိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်း မယှိပဲ။ မစပ်မဟပ် ပတ်သက် ရောနှောခြင်း မယှိပဲ
    inexpediently
    ကြိယာဝိသေသန

    အောက်အောက်တောက်တောက်

    [ʔɔ́ɛʔʔɔ́ɛʔtɔ́ɛʔtɔ́ɛʔ]
    မဟုတ်ကဟုတ်ကတ်ပဲဗျာယ်။ မသက်ဆိုင် ပါရာဗျာယ်
    မဟုတ်မဟတ်ပဲလျက်။ မသက်ဆိုင် ပါပဲလျက်
    inexpediently
    ကြိယာဝိသေသန

    အောက်အောက်ဖပ်ဖပ်

    [ʔɔ́ɛʔʔɔ́ɛʔpʰaʔpʰaʔ]
    ဇာတခုလေ့ ဆက်စပ် အကျုံးဝင်ခြင်း မဟိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်းမဟိပဲ။ မစပ်မဟပ် ပတ်သက် ရောနှောခြင်း မဟိပဲ
    မည်သို့မျှ ဆက်စပ် အကျုံးဝင်ခြင်း မယှိပဲ။ လိုက်ဖက် စပ်ဟပ်ခြင်းမယှိပဲ။ မစပ်မဟပ် ပတ်သက် ရောနှောခြင်း မယှိပဲ
    incongruously
    ကြိယာဝိသေသန

    အောက်အောက်ဖပ်ဖပ်၂

    [ʔɔ́ɛʔʔɔ́ɛʔpʰaʔpʰaʔ၂]
    မကောင်းရေ အနံ့အသက်ဟိသော။ အစိုဓါတ်ကြောင့် ဆွေးမြည့်သော။ ဗဟရီသော
    မကောင်းသော အနံ့အသက်ယှိသော။ အစိုဓါတ်ကြောင့် ဆွေးမြည့်သော။ အသုံးမကျသော
    valueless
    နာမဝိသေသန

    အောက်အောက်သိုးသိုး

    [ʔɔ́ɛʔʔɔ́ɛʔθóθó]
    ချိုင်သိုးသောအနံ့
    ချဉ်သိုးသောအနံ့
    rotten smell
    နာမ်

    အောချင်

    [ʔɔ́ɕɪ̀ɴ]
    မကြိုက်၍ နောင် မဆက်ဆံလိုကြောင်း ပြောရေ။ စက်ဆုပ် သန မုန်းတီးသည်
    မနှစ်သက်၍ နောင် မဆက်ဆံလိုကြောင်း ပြောသည်။ စက်ဆုပ် ရွံရှာ မုန်းတီးသည်
    hate
    ကြိယာ

    အော့ချင်အန်ချင်

    [ʔɔ̰ɕɪ̀ɴʔàɴɕɪ̀ɴ]
    ချထုတ်မှ အစာအရည် အစဟိစွာ ပစမှ အန်ထွက်လုနီး ဖြစ်တေ
    အစာအိမ်မှ အစာအရည် စသည် ပါးစပ်မှ အန်ထွက်လုနီး ဖြစ်သည်
    vomit
    ကြိယာ