Dictionary Entries
Showing 34,401–34,420 of 34,671 words
အ
အဲအဲ
[ʔɛʔɛ]
Arakanese:
ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာမာ သုံးသော ဝန်ခံစကားလုံး
Burmese:
ဆဲ ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဘောတူကြောင်းကို ဖေါ်ပြရာ၌ သုံးသော ဝန်ခံစကားလုံး
English:
yes
Grammar Note:
အာလုပ်
အွ့
[ʔw့]
Arakanese:
နောင်အခါမှ မဆက်ဆံချင် လောက်ယောင် စက်ဆုပ်သန မုန်းတီးသည်
Burmese:
နောင်အခါတွင် မဆက်ဆံချင် လောက်အောင် စက်ဆုပ်ရွံရှာ မုန်းတီးသည်
English:
hate
Grammar Note:
ကြိယာ
အွံ့
[ʔwံ့]
Arakanese:
အွံ့ ဟု ကျွဲမြည်သော အသံ
Burmese:
အွံ့ ဟု ကျွဲမြည်သော အသံ
English:
none
Grammar Note:
နာမ်
အွံ့၂
[ʔwံ့၂]
Arakanese:
အွံ့ ဟု ကျွဲမြည်ရေ။ အွံ့ ဟု မြည်ပနာ လက်မြှောက် အယှုံးပီးသည်
Burmese:
အွံ့ ဟု ကျွဲမြည်သည်။ အွံ့ ဟု မြည်၍ လက်မြှောက် အရှုံးပေးသည်
English:
none
Grammar Note:
ကြိယာ
အွိုင်
[ʔwàɪɴ]
Arakanese:
အားကျဖွယ်ရာ။ ကြောက်မက်ဖွယ်ရာ အကြောင်း ဖြစ်လှာရေခါ၊ တအံ့တဩ ဖြစ်ရေအခါ၊ အထိတ်တလန့် မြင်ရ ကြားရရေအခါ အစဟိစွာရို့မာ နှုတ်က ထွက်သော အသံ
Burmese:
အားကျဖွယ်ရာ။ ကြောက်မက်ဖွယ်ရာ အကြောင်း ဖြစ်လာသောအခါ၊ တအံ့တဩ ဖြစ်သောအခါ၊ အထိတ်တလန့် မြင်ရ ကြားရသောအခါ စသည်တို့၌ နှုတ်မှ ထွက်သော အသံ
English:
feeling nervous
Grammar Note:
နာမ်
အွိုင်၂
[ʔwàɪɴ၂]
Arakanese:
သားသမီးတိက ခေါ်ရေအခါ အမိက နာသောင့်နာသာဖြင့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးသော အာလုပ်အသံ
Burmese:
သားသမီးများက ခေါ်သောအခါ အမိက နာသောင့်နာသာဖြင့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးသော အာလုပ်အသံ
English:
none
Grammar Note:
အာလုပ်
ဣ
ဣ
[ʔḭ]
Arakanese:
သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးမာ ပါဝင်ရေ သရမျိုး။ အက္ခရာ အိဟု ခေါ်ရေ
Burmese:
သင်ရိုးသရ နှစ်ဆယ့်နှစ်လုံးတွင် ပါဝင်သော သရမျိုး။ အက္ခရာ အိဟု ခေါ်သည်
English:
third in the set of twelve vowels traditionally taught in the learning of Arakan Language
Grammar Note:
နာမ်
ဣန္ဒြေ
[ʔḭn̪a̰n̪d̪a̰ɹè]
Arakanese:
စက္ခု သောတ အစဟိရေ စောင့်စည်း အပ်ရေ အရာခြောက်ပါး။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ အစဟိစွာ ရို့ကို စောင့်စည်းမှု
Burmese:
စက္ခု သောတ စသော စောင့်စည်း အပ်သော အရာခြောက်ပါး။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ စသည် တို့ကို စောင့်စည်းမှု
English:
guarded or controlled speech or action composure - modest
Grammar Note:
နာမ်
ဣန္ဒြေ၂
[ʔḭn̪a̰n̪d̪a̰ɹè၂]
Arakanese:
ယောက်ျား၊ မမာ့ရို့၏ အင်္ဂါဇာတ်
Burmese:
ယောက်ျား၊ မိန်းမတို့၏ အင်္ဂါဇာတ်
English:
control of the six senses genitals [as in လက်ကတီးမွေး၊ ~မွေးရှည်၏။] [Pali ဣန္ဒြိယ]
Grammar Note:
နာမ်
ဣန္ဒြေကြီး
[ʔḭn̪a̰n̪d̪a̰ɹèt͡ɕï]
Arakanese:
အရှက် လွန်ကဲရေ။ အရှက်ကြီးရေ။ ကိုယ်နှုတ် အမူအရာ အလွန် တည်ကြည် ငြိမ်သက်သည်
Burmese:
အရှက် လွန်ကဲသည်။ အရှက်ကြီးသည်။ ကိုယ်နှုတ် အမူအရာ လွန်စွာ တည်ကြည် ငြိမ်သက်သည်
English:
be staid - be stiff and formal
Grammar Note:
ကြိယာ
ဣန္ဒြေစောင့်
[ʔḭn̪a̰n̪d̪a̰ɹèsa̰ʊɴ]
Arakanese:
ကိုယ်၊ နှုတ်၊ အမူအရာ စစွာကို ထိန်းချုပ်သည်
Burmese:
ကိုယ်၊ နှုတ်၊ အမူအရာ စသည်ကို ထိန်းချုပ်သည်
English:
control
Grammar Note:
ကြိယာ
ဣန္ဒြေဆည်
[ʔḭn̪a̰n̪d̪a̰ɹèsʰɛ̀]
Arakanese:
စိတ် မတည်မငြိမ် မှုကြောင့် ဖြစ်ပေါ်လှာရေ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို နောက်ထပ် ချုပ်တည်းသည်
Burmese:
စိတ် မတည်မငြိမ် မှုကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာကို တဖန် ချုပ်တည်းသည်
English:
maintain composure - control nervous
Grammar Note:
ကြိယာ
ဣန္ဒြေဆောင်
[ʔḭn̪a̰n̪d̪a̰ɹèsʰàʊɴ]
Arakanese:
ကိုယ်၊ နှုတ်၊ အမူအရာ မပျက်အောင် ချုပ်တည်းရေ။ စောင့်စည်းသည်
Burmese:
ကိုယ်၊ နှုတ်၊ အမူအရာ မပျက်အောင် ချုပ်တည်းသည်။ စောင့်စည်းသည်
English:
assume or put on an air of dignity
Grammar Note:
ကြိယာ
ဣန္ဒြေတခွဲသား
[ʔḭn̪a̰n̪d̪a̰ɹètkʰwɛθá]
Arakanese:
စိတ်လှုပ်ယှားမှုကြောင့် ကိုယ်၊ နှုတ် အမူအရာ မပျက်အောင် ထိန်းချုပ်သည်၊ ကိုယ်၊ နှုတ်၊ အမူအရာ တိုင်းသည်
Burmese:
စိတ်လှုပ်ရှားမှုကြောင့် ကိုယ်၊ နှုတ် အမူအရာ မပျက်အောင် ထိန်းချုပ်သည်၊ ကိုယ်၊ နှုတ်၊ အမူအရာ တည်ငြိမ်သည်
English:
with an affected stern countenance - collected
Grammar Note:
ကြိယာ
ဣန္ဒြေပျက်
[ʔḭn̪a̰n̪d̪a̰ɹèprɛʔ]
Arakanese:
စိတ် မတည်မငြိမ် လှုပ်ယှားမှုကြောင့် ကိုယ်၊ နှုတ် အမူအရာ ဖောက်ပြန်ရေ
Burmese:
စိတ် မတည်မငြိမ် လှုပ်ရှားမှုကြောင့် ကိုယ်၊ နှုတ် အမူအရာ ဖောက်ပြန်သည်
English:
lose composure - disconcert
Grammar Note:
ကြိယာ
ဣန္ဒြေပျက်အရှက်ပျက်
[ʔḭn̪a̰n̪d̪a̰ɹèprɛʔʔʃɛʔprɛʔ]
Arakanese:
အရှက်ကို ခံစားရရေ။ အရှက်ရယောင် ပြုလုပ်ရေကို ခံရရေ
Burmese:
အရှက်ကို ခံစားရသည်။ အရှက်ရအောင် ပြုလုပ်သည်ကို ခံရသည်
English:
lose composure - disconcert
Grammar Note:
ကြိယာ
ဣန္ဒြေပျက်အရှက်ပျက်၂
[ʔḭn̪a̰n̪d̪a̰ɹèprɛʔʔʃɛʔprɛʔ၂]
Arakanese:
ဣန္ဒြေကင်းအောင် တုန်လှုပ် ချောက်ချားဗျာယ်
Burmese:
ဣန္ဒြေမဲ့အောင် တုန်လှုပ် ချောက်ချားလျက်
English:
immodestly
Grammar Note:
ကြိယာဝိသေသန
ဣန္ဒြေဖျက်
[ʔḭn̪a̰n̪d̪a̰ɹèpʰrɛʔ]
Arakanese:
အရှက်ရစီရေ။ အရှက်ရယောင် ပြုလုပ်ရေကို ခံရရေ
Burmese:
အရှက်ရစေသည်။ အရှက်ရအောင် ပြုလုပ်သည်ကို ခံရသည်
English:
shame
Grammar Note:
ကြိယာ
ဣန္ဒြေမရ
[ʔḭn̪a̰n̪d̪a̰ɹèmɹ]
Arakanese:
(လူများ အကြောင်း ကြောင့်) အကဲ့၏ ခံရရေ။ အထင်သေး ခံရရေ။ ဂုဏ်သိက္ခာ ထိခိုက်ခံရရေ
Burmese:
(သူတစ်ပါး အကြောင်း ကြောင့်) အကဲ့ရဲ့ ခံရသည်။ အထင်သေး ခံရသည်။ ဂုဏ်သိက္ခာ ထိခိုက်ခံရသည်
English:
have a low opinion of someone - be lacking in propriety or modesty
Grammar Note:
ကြိယာ
ဣန္ဒြေမရအရှက်မရ
[ʔḭn̪a̰n̪d̪a̰ɹèmɹʔʃɛʔmɹ]
Arakanese:
အကျိုးယုတ် အရှက်ရဗျာယ်
Burmese:
အကျိုးယုတ် အရှက်ရလျက်
English:
immodestly
Grammar Note:
ကြိယာဝိသေသန