Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,521–3,540 of 34,671 words

    ခ

    ခသွင်ခပြင်

    [kʰθwɪ̀ɴkʰpɹɪ̀ɴ]
    ပုံပန်းသဏ္ဍာန်။ ရုပ်ရည်အသွင်အပြင်။ အမူအရာ။(တစိတ်တဒီသအနိန်နန့်တူစွာ)
    ပုံပန်းသဏ္ဍာန်။ ရုပ်ရည်အသွင်အပြင်။ အမူအရာ။(တစ်စိတ်တစ်ဒေသ အားဖြင့်တူသည်)
    behaviour
    ကြိယာဝိသေသန

    ခသွန်က

    [kʰθʊ̀ɴk]
    မကြာသိမ့်သော အခါကာလက။ မကြာသိမ့်သော အချိန်က
    မကြာသေးသော အခါကာလက။ မကြာသေးသော အချိန်က
    recent
    နာမ်

    ခသွေက

    [kʰθwèk]
    မကြာသိမ့်သော အခါကာလက။ မကြာသိမ့်သော အချိန်က
    မကြာသေးသော အခါကာလက။ မကြာသေးသော အချိန်က
    recent
    နာမ်

    ခအီးခကြင်

    [kʰʔïkʰt͡ɕɪ̀ɴ]
    မနီနှိုင် မထိုင်နှိုင်ယောင် နာကြင်ကိုက်ခဲဗျာယ်
    မနေနိုင် မထိုင်နိုင်အောင် နာကျင်ကိုက်ခဲလျက်
    injure
    ကြိယာဝိသေသန

    ခအုံးခါး

    [kʰʔóʊɴkʰàး]
    ဝမ်းခြင့်လျှင် ယင်း၏ အနုရွက်ကို စားရရေ(တတောင် ကျော်ကျော်လီာက်မြင့်ရေ) ခြုံပင်တမျိုး
    ဗိုက်အောင့်လျှင် ယင်း၏ အနုရွက်ကို စားရသော(တစ်တောင် ကျော်ကျော်ခန့်မြင့်သည့်) ချုံပင်တစ်မျိုး
    plant for recovery of stomach ache
    နာမ်

    ခအောင်းခါး

    [kʰʔáʊɴkʰàး]
    ဝမ်းခြင့်လျှင် ယင်း၏ အနုရွက်ကို စားရရေ(တတောင် ကျော်ကျော်လီာက်မြင့်ရေ) ခြုံပင်တမျိုး
    ဗိုက်အောင့်လျှင် ယင်း၏ အနုရွက်ကို စားရသော(တစ်တောင် ကျော်ကျော်ခန့်မြင့်သည့်) ချုံပင်တစ်မျိုး
    plant for recovery of stomach ache
    နာမ်

    ခိ.

    [kʰì.]
    တခိ. ခိ.ရယ်ရေ
    တခိ. ခိ.ရယ်သည်
    laugh
    ကြိယာ

    ခိ.၂

    [kʰì.၂]
    (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်) ကာလသုံးပါး ဆိုင်ရာ ကြိယာရို့၏ အနက်ကို လီးနက်စီရေ စကားလုံး
    (အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်) ကာလသုံးပါး ဆိုင်ရာ ကြိယာတို့၏ အနက်ကို လေးနက်စေသော စကားလုံး
    tense
    ပစ္စည်း

    ခို

    [kʰÒ]
    သက်ရာမှု ယှာရေ။ သူတိနည်းတူ အပင်ပန်းမခံပဲ သက်သာယောင် နိန်ရေ။ အရိပ်အထဲထဲကို ဝင်ကပ်ရေ။ တန့်နားရေ။ အားကိုးရေ။ မှီခို အောင်းသည်
    သက်သာမှု ရှာသည်။ သူများနည်းတူ အပင်ပန်းမခံပဲ သက်သာအောင် နေသည်။ အရိပ်အတွင်းထဲသို့ ဝင်ကပ်သည်။ တန့်နားသည်။ အားကိုးသည်။ မှီခို အောင်းသည်
    shirk
    ကြိယာ

    ခို့

    [kʰo̰]
    မနှစ်မသက် မနှစ်လိုဖွယ်ဖြစ်ရေ အမူအရာကို ပြရေ။ မာန တက်ကြွမှုကို ပြရေ။ မာန်စောင်နိန်ရေ။ တယောက်ယောက် မလိုလား၍ ဆန့်ကျင် ဖီဆန်သောအနိန်နန့် အတိုက်အခံပြုပနာ အခွင့် စောင့်သည်
    မနှစ်မသက် မနှစ်လိုဖွယ်ဖြစ်သော အမူအရာကို ပြသည်။ မာန တက်ကြွမှုကို ပြသည်။ မာန်စောင်နေသည်။ တစ်စုံတစ်ဦး မလိုလား၍ ဆန့်ကျင် ဖီဆန်သော အားဖြင့် အတိုက်အခံပြု၍ အခွင့် စောင့်သည်
    damning
    ကြိယာ

    ခိုး

    [kʰó]
    နည်းယူ မှတ်သားရေ။ အတုယူရေ။ ပိုင်သျှင်မပီးရေ အရာဝတ္တုတခုခုကို မသိယောင် တတိန်းချေ ယူရေ
    နည်းယူ မှတ်သားသည်။ အတုယူသည်။ ပိုင်ရှင်မပေးသော အရာဝတ္တုတစ်ခုခုကို မသိအောင် တိတ်တဆိတ် ယူသည်
    steal
    ကြိယာ

    ခို့၂

    [kʰo̰၂]
    မနှစ်မသက် မနှစ်လိုဖွယ်ဖြစ်ရေ အမူအရာ။ မာနတက် တက်ကြွမှုကို ပြသော အမူအရာ။ လူတိကိုတုပြိုင်၍ ဖြစ်ပွားသော မောက်မာစိတ်
    မနှစ်မသက် မနှစ်လိုဖွယ်ဖြစ်သော အမူအရာ။ မာနတက် တက်ကြွမှုကို ပြသော အမူအရာ။ သူတစ်ပါးကို တုပြိုင်၍ ဖြစ်ပွားသော မောက်မာစိတ်
    damning
    နာမ်

    ခိုကတ်

    [kʰÒkaʔ]
    အပင်ပန်းမခံပဲ သက်သာကြောင်းကို ရှာပြီးကေ လွှတ်ရာသို့ လွှဲဖယ်နိန်ရေ
    အပင်ပန်းမခံပဲ သက်သာကြောင်းကို ရှာ၍ လွှတ်ရာသို့ လွှဲဖယ်နေသည်
    shirk
    ကြိယာ

    ခိုကပ်

    [kʰÒkaʔ]
    ချိုင်းကပ် မှီခိုသည်
    ချဉ်းကပ် မှီခိုသည်
    depend
    ကြိယာ

    ခိုကိုး

    [kʰÒkó]
    မှီခိုအားထားရေ
    မှီခိုအားထားသည်
    depend
    ကြိယာ

    ခိုက်

    [kʰaɪʔ]
    စည်း (တခုတရီသော ကိစ္စနန့် အခန့်သင့်တွိဆုံ၊ တိုက်ဆိုင်ရေ) ခဏအချိန်ကာလကို ညွှန်ပြသောစကားလုံး
    စည်း (တစ်စုံတစ်ခုသော ကိစ္စနှင့် အခန့်သင့်တွေ့ဆုံ၊ တိုက်ဆိုင်သော) ခဏအချိန်ကာလကို ညွှန်ပြသောစကားလုံး
    moment
    နာမ်

    ခိုက်၂

    [kʰaɪʔ၂]
    အမြင့်သို့ရောက်ရေ။ ထိတွိရေ။ ထိပါး ပုတ်ခတ် ပြောဆိုရေ။ စောင်းခပ်မြောင်းခပ် ပြောဆိုရေ။ ဖီးဒဏ် ထိရေ။ ဖီးဒဏ် ကျရောက်ရေ
    အမြင့်သို့ရောက်သည်။ ထိတွေ့သည်။ ထိပါး ပုတ်ခတ် ပြောဆိုသည်။ စောင်းမြောင်း ပြောဆိုသည်။ ဘေးဒဏ် ထိသည်။ ဘေးဒဏ် ကျရောက်သည်
    slander
    ကြိယာ

    ခိုက်ခိုက်တုန်

    [kʰaɪʔkʰaɪʔtòʊɴ]
    တကိုယ်လုံး ဆတ်ဆတ်ခါ လှုပ်သည်
    တစ်ကိုယ်လုံး ဆတ်ဆတ်ခါ လှုပ်သည်
    shake-shiver
    ကြိယာ

    ခိုက်ရန်

    [kʰaɪʔɹàɴ]
    အမျက်ဒေါသ။ ရန်ဖြစ်ခြင်း
    အမျက်ဒေါသ။ ရန်ဖြစ်ခြင်း
    fight
    နာမ်

    ခိုးကြောင်

    [kʰót͡ɕàʊɴ]
    hide
    hide
    ကြိယာဝိသေသန