Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,541–3,560 of 34,671 words

    ခ

    ခိုးကြောင်မြွီ

    [kʰót͡ɕàʊɴmWɹí]
    ကြက်ဥနှင် ငှက်ဥရို့ကို မျိုတတ်ရေ မြွီတမျိုး။ ကျိုင်းခေါင်းမြွီ
    ကြက်ဥနှင် ငှက်ဥတို့ကို မျိုတတ်သော မြွေတစ်မျိုး။ ကျိုင်းခေါင်းမြွေ
    snake
    နာမ်

    ခိုးကြောင်ဝှက်ကြောင်

    [kʰót͡ɕàʊɴʍɛʔt͡ɕàʊɴ]
    hide
    hide
    ကြိယာဝိသေသန

    ခိုးချ

    [kʰóɕ]
    လူများ ရီးသားစွာကို ကိုယ့် ရီးသားလေဟန် ပြုလုပ်ရေ
    သူတစ်ပါး ရေးသားသည်ကို မိမိ ရေးသားလေဟန် ပြုလုပ်သည်
    copy
    ကြိယာ

    ခိုခွက်

    [kʰÒkʰwɛʔ]
    စုန်း၊ ဖုတ်၊ ဆစ္ဆီ၊ သဆီ အစဟိရေ မကောင်း ဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အကွက်ကျဲကျဲ ခြင်းငယ်။ ခေါခွက်
    စုန်း၊ ဖုတ်၊ တစ္ဆေ စသော မကောင်း ဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အကွက်ကျဲကျဲ ခြင်းငယ်။ ခေါခွက်
    spirit food (offered in basket to placate evil spirits)
    နာမ်

    ခိုခွက်တောင်းပြန်

    [kʰÒkʰwɛʔtáʊɴpɹàɴ]
    စုန်း၊ ဖုတ်၊ ဆစ္ဆီ၊ သဆီ အစဟိရေ မကောင်းဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အခြီပါရေ ခေါပန်းတောင်း
    စုန်း၊ ဖုတ်၊ တစ္ဆေ စသော မကောင်းဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အခြေပါသော ခေါပန်းတောင်း
    spirit food (offered in basket to placate evil spirits)
    နာမ်

    ခိုင်

    [kʰàɪɴ]
    မြဲရေ။ တည်တံ့ရေ။ စွဲမြဲသည်
    မြဲသည်။ တည်တံ့သည်။ စွဲမြဲသည်
    endure
    ကြိယာ

    ခိုင်း

    [kʰáɪɴ]
    တခုတရီ ပြုလုပ်ဆောင်ရွက်ဖို့အတွက် ထုတ်ဖေါ်ပြရေ
    တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန်အတွက် ထုတ်ဖေါ်ပြသည်
    show
    ကြိယာ

    ခိုင်၂

    [kʰàɪɴ၂]
    (နှပျိုးခိုင်၊ အုန်းခိုင်စရေ) အခိုင်၏ အရွီအတွက်ကို ပြသောစကားလုံး
    (ငှက်ပျောခိုင်၊ အုန်းခိုင်စသည့်) အခိုင်၏ အရေအတွက်ကို ပြသောစကားလုံး
    counting banana coconut
    ပစ္စည်း

    ခိုင်း၂

    [kʰáɪɴ၂]
    ကိုယ့်သဘောအတိုင်း မဖြစ်ပနာ တဖက်သို့ ကျော(ခိုင်း) လှည့်နိန်ရေ။ တခုနှင်တခု၊ တဦးနန့်တဦး တွဲယဉ်ပြရေ
    မိမိသဘောအတိုင်း မဖြစ်၍ တစ်ဖက်သို့ ကျော(ခိုင်း) လှည့်နေသည်။ တစ်ခုနှင်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး တွဲယဉ်ပြသည်
    turn back on
    ပစ္စည်း

    ခိုင်ခံ့

    [kʰàɪɴkʰံ့]
    မယိမ်းမယိုင် မလှုပ်မရှားဖြစ်တေ။ မြဲမြံသည်
    မယိမ်းမယိုင် မလှုပ်မရှားဖြစ်သည်။ မြဲမြံသည်
    endure
    ကြိယာ

    ခိုင်းစီ

    [kʰáɪɴsí]
    တခုတရီ ပြုလုပ်ဆောင်ရွက်ဖို့အတွက် ထုတ်ဖေါ်ပြရေ။ ကိစ္စတခုခု လုပ်ဆောင်ရန် တိုက်တိုးရေ
    တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန်အတွက် ထုတ်ဖေါ်ပြသည်။ ကိစ္စတစ်ခုခု လုပ်ဆောင်ရန် တိုက်တွန်းသည်
    urge
    ကြိယာ

    ခိုင်မာ

    [kʰàɪɴmà]
    မပျော့မညံ့ ၊ မာကျောရေ။ တောင့်တင်းရေ။ အားကိုးအားထား ပြုလောက်သည်
    မပျော့မညံ့ ၊ မာကျောသည်။ တောင့်တင်းသည်။ အားကိုးအားထား ပြုလောက်သည်
    stiff-stout
    ကြိယာ

    ခိုင်မြဲ

    [kʰàɪɴmɹɛ]
    မြဲမြံရေ။ မယိမ်းမယိုင် မပျက်မစီးဟိရေ
    မြဲမြံသည်။ မယိမ်းမယိုင် မပျက်မစီးရှိသည်
    endure
    ကြိယာ

    ခိုင်လုံ

    [kʰàɪɴlòʊɴ]
    မှီငြမ်းအားထား ပြုနိုင်လောက်ရေ။ လောက်ငှသော အတိုင်းအတာ ပမာဏ ပြည့်စုံရေ။ အားကိုး လောက်ယောင် အထောက်အထား ပြုနှိုင်ရေ
    မှီငြမ်းအားထား ပြုနိုင်လောက်သည်။ လုံလောက်သော အတိုင်းအတာ ပမာဏ ပြည့်စုံသည်။ အားကိုး လောက်အောင် အထောက်အထား ပြုနိုင်သည်
    sufficient
    ကြိယာ

    ခိုင်းသတ်

    [kʰáɪɴθaʔ]
    ခိုင်းစီသမျှကို လုပ်ဆောင်ပေးသူ
    ခိုင်းစေသမျှကို လုပ်ဆောင်ပေးသူ
    servant
    နာမ်

    ခိုစံ

    [kʰÒsံ]
    မင်းရို့ ယာယီတည်းခို စံမြန်းသော နီရာ
    မင်းတို့ ယာယီတည်းခို စံမြန်းသော နေရာ
    bivouac
    နာမ်

    ခိုးစားဝှက်စား

    [kʰósáʍɛʔsá]
    စားသောက်ဖွယ်ရို့ကို လူများမသိရယောင် ယူငင်သုံးဆောင်သောအနိန်နန့်။ ပြောင်ပြောင်တင်းတင်း သိသာမြင်သာ မဟိစီပဲ။ လူများ မတွိမမြင်စီရေအနိန်နန့်
    စားသောက်ဖွယ်တို့ကို သူတစ်ပါးမသိရအောင် ယူငင်သုံးဆောင်သော အားဖြင့်။ ပြောင်ပြောင်တင်းတင်း သိသာမြင်သာ မရှိစေပဲ။ သူတစ်ပါး မတွေ့မမြင်စေသော အားဖြင့်
    steal
    ကြိယာဝိသေသန

    ခိုတဲ

    [kʰÒtɛ]
    လမ်းခရီးအကြားမာ လူရို့တည်းခိုရန် ဆောက်လုပ်ထားရေ အဆောက်အဦး
    လမ်းခရီးအကြားတွင် လူတို့တည်းခိုရန် ဆောက်လုပ်ထားသော အဆောက်အဦး
    Rest-house
    နာမ်

    ခိုနန်းဆောင်

    [kʰÒnáɴsʰàʊɴ]
    မင်းသမီးနန့် အပျိုတော်များ သီးသန့်နိန်ရေ အဆောင်။ အိမ်မနန့် တဆက်တည်း ပြုလုပ်ထားရေ အဆောင်
    မင်းသမီးနှင့် အပျိုတော်များ သီးခြားနေသော အဆောင်။ အိမ်မနှင့် တစ်ဆက်တည်း ပြုလုပ်ထားသော အဆောင်
    Lady-in-waiting building
    နာမ်

    ခိုနန်းဆောင်၂

    [kʰÒnáɴsʰàʊɴ၂]
    မင်းသမီးနန့် အပျိုတော်များရို့ လီညင်းခံရာ အဆောင်
    မင်းသမီးနှင့် အပျိုတော်များတို့ လေညှင်းခံရာ အဆောင်
    roofless balcony of a house
    နာမ်