Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,581–3,600 of 34,671 words

    ခ

    ခု၄

    [kʰoʊ၄]
    ထောက်ခံသည်
    ထောက်ခံသည်
    support
    ကြိယာ

    ခုခံ

    [kʰoʊkʰံ]
    အောက်က ပင့်ထောက်ထားရေ။ တပါးသူ၏ အလိုသို့ မလိုက်ပဲ ပြန်လှန်ပြောဆိုရေ
    အောက်က ပင့်ထောက်ထားသည်။ တစ်ပါးသူ၏ အလိုသို့ မလိုက်ပဲ ပြန်လှန်ပြောဆိုသည်
    resist-oppose
    ကြိယာ

    ခုံခင်း

    [kʰòʊɴkʰɪ́ɴ]
    စားပွဲထက်မာ ဖုံးလွှမ်းထားရရေ ဖျင်အစဟိစွာ
    စားပွဲပေါ်တွင် ဖုံးလွှမ်းထားရသည့် ဖျင်စသည်
    table cloth
    ကြိယာ

    ခုံခုံမင်မင်

    [kʰòʊɴkʰòʊɴmɪ̀ɴmɪ̀ɴ]
    ချစ်ခင်မြတ်နိုးရေ။ မေတ္တာ သက်ဝင်ရေ။ နှစ်သက် အားရရေ။ ဖေါ်ရွေရေ။ အယဉ်အကျေး ပြုသည်
    ချစ်ခင်မြတ်နိုးသည်။ မေတ္တာ သက်ဝင်သည်။ နှစ်သက် အားရသည်။ ဖေါ်ရွေသည်။ အယဉ်အကျေး ပြုသည်
    like
    ကြိယာ

    ခုံခုံမင်မင်၂

    [kʰòʊɴkʰòʊɴmɪ̀ɴmɪ̀ɴ၂]
    ယိုင်ကျေး ဖေါ်ရွေသော။ ပျူငှာစွာ ပဇာယန ကျီယောင် ပြုမူသော
    ယဉ်ကျေး ဖေါ်ရွေသော။ ပျူငှာစွာ လောကဝတ် ကျေအောင် ပြုမူသော
    bland
    နာမဝိသေသန

    ခုချင်း

    [kʰoʊɕɪ́ɴ]
    မဆိုင်းမငံ့။ လက်ငင်း။ အဂု
    မဆိုင်းမငံ့။ လက်ငင်း။ ချက်ချင်း
    immediately
    ကြိယာဝိသေသန

    ခုချင်း၂

    [kʰoʊɕɪ́ɴ၂]
    တခုတရီသော အရာကို အရာအရာတခုခုနန့် ဖလှယ်ရေ။ ဖရေ။ တခုနန့်တခု အပြန်အလှန်ပြောင်းလဲရေ
    တစ်စုံတစ်ခုသော အရာကို အခြားအရာတစ်ခုခုနှင့် ဖလှယ်သည်။ လဲလှယ်သည်။ တစ်ခုနှင့်တစ်ခု အပြန်အလှန်ပြောင်းလဲသည်
    exchange
    ကြိယာ

    ခုစိုက်တိုက်

    [kʰoʊsaɪʔtaɪʔ]
    ဆီးဆောက်ခရောက်
    ရောက်တတ်ရာရာ
    random talk-thought
    ကြိယာဝိသေသန

    ခုဆင့်ခုလတ်

    [kʰoʊsʰɪ̰ɴkʰoʊlaʔ]
    တခုနန့်တခု ၊ တယောက်နန့် တယောက်မကြီးမငယ်။ အရည်အခြင်း အနိမ့်အမြင့်။ အဆင့်အတန်း။ အဆင့်ဆင့်။ တဆင့်ပြီး တဆင့်
    တစ်ခုနှင့်တစ်ခု ၊ တစ်ယောက်နှင့် တစ်ယောက်မကြီးမငယ်။ အရည်အချင်း အနိမ့်အမြင့်။ အဆင့်အတန်း။ အဆင့်ဆင့်။ တစ်ဆင့်ပြီး တစ်ဆင့်
    step by step
    နာမ်

    ခုဆတ်ခုလတ်

    [kʰoʊsʰaʔkʰoʊlaʔ]
    ဟိုမရောက် သည်မရောက် ဖြစ်ခြင်း။ တောင်မရောက် မြောက်မကျဖြစ်ခြင်း။ စံဂိုးစကဖြစ်ခြင်း။ တခုနန့်တခု မကြီးမငယ်
    ဟိုမရောက် သည်မရောက် ဖြစ်ခြင်း။ တောင်မရောက် မြောက်မကျဖြစ်ခြင်း။ စကောစကဖြစ်ခြင်း။ တစ်ခုနှင့်တစ်ခု မကြီးမငယ်
    random talk
    နာမ်

    ခုံတင်နာရီ

    [kʰòʊɴtɪ̀ɴnàɹí]
    စားပွဲထက်မာ တင်ထားလိဟိရေ နာရီ
    စားပွဲပေါ်တွင် တင်ထားလေ့ရှိသော နာရီ
    clock
    နာမ်

    ခုံတစ်ယင်

    [kʰòʊɴtɪʔjɪ̀ɴ]
    အမြမြန်ဆဆန်။ အယင့်အယင်
    အဆောတလျင်။ အလျင်အမြန်
    hurriedly
    ကြိယာဝိသေသန

    ခုံတန်း

    [kʰòʊɴtáɴ]
    နောက်ခါီလက်တန်း မပါရေ အလျားရှည်သော ခုံ
    နောက်မှီလက်တန်း မပါသော အလျားရှည်သော ခုံ
    bench
    နာမ်

    ခုံတန်းရှည်

    [kʰòʊɴtáɴʃɛ̀]
    နောက်ခါီ လက်တန်း မပါရေ အလျားရှည်သော ခုံ
    နောက်မှီ လက်တန်း မပါသော အလျားရှည်သော ခုံ
    bench
    နာမ်

    ခုံတိုင်

    [kʰòʊɴtàɪɴ]
    ရက်ကန်း ရက်ရာစင်မာ အမာခံ စိုက်ထူထားရေ တိုင်။ ခိုင်မြဲစွာ စိုက်ထူထားရေ တိုင်မြင့်
    ယက်ကန်း ရက်ရာစင်တွင် အမာခံ စိုက်ထူထားသော တိုင်။ ခိုင်မြဲစွာ စိုက်ထူထားသော တိုင်မြင့်
    main pole of loom
    နာမ်

    ခုတုံးခံ

    [kʰoʊtóʊɴkʰံ]
    အောက်ကခုရ ခံရရေတုံး
    အောက်ကခုရ ခံရသောတုံး
    block of wood
    နာမ်

    ခုတေခု

    [kʰoʊtèkʰoʊ]
    တနားတခါ။ ရက်ပြတ်ရက်ပြတ်။ မကြာအဂု။ အဂုလက်ငင်း
    ခဏခဏ။ မကြာမကြာ။ မကြာချက်ချင်း။ ယခုလက်ငင်း
    frequently
    ကြိယာဝိသေသန

    ခုံတောက်

    [kʰòʊɴtɔ́ɛʔ]
    ထမင်းအိုး၊ ဟင်းအိုးစစွာကို တင်ပနာ ချက်ဖို့ ခြီထောက် သုံးချောင်းပါရေ ဝန်။ ဖိုခံလောက်
    ထမင်းအိုး၊ ဟင်းအိုးစသည်ကို တင်၍ ချက်ရန် ခြေထောက် သုံးချောင်းပါသော ပစ္စည်း။ ဖိုခံလောက်
    tripod stand
    နာမ်

    ခုံတောက်ငှက်

    [kʰòʊɴtɔ́ɛʔŋ̊ɛʔ]
    ခေါင်တောက်
    ဇီးကွက်
    owl
    နာမ်

    ခုံတောက်ဆောက်

    [kʰòʊɴtɔ́ɛʔsʰɔ́ɛʔ]
    ဖိုခုံလောက် အခြီပိုင် ခွင်ခတောက်ဆိုင်တည်သောအနိန်နန့်။ သုံးဒေါင့် အနိန်အထားအားဖြင့်
    ဖိုခုံလောက် အခြေသဖွယ် သုံးပွင့်ဆိုင်တည်သော အားဖြင့်။ သုံးထောင့် အနေအထားအားဖြင့်
    tripod
    ကြိယာဝိသေသန