Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,601–3,620 of 34,671 words

    ခ

    ခုတောင်က

    [kʰoʊtàʊɴk]
    တအောင့်လောက်က။ ပြောဆိုဖေါ်ပြသော ကာလမရောက်ခင် အခိုက်အတန်မာ။ မကြာသိမ့်ခင် အခိုက်အတန်မာ
    မကြာသေးမီက။ ပြောဆိုဖေါ်ပြသော ကာလမတိုင်မီ အခိုက်အတန်တွင်။ မကြာသေးမီ အခိုက်အတန်တွင်
    recent
    ကြိယာဝိသေသန

    ခုတ်

    [kʰoʊʔ]
    သင်္ဘော၊ မီးရထားအစဟိစွာရို့ လားယောင် မောင်းနှင်သည်
    သင်္ဘော၊ မီးရထားစသည်တို့ သွားအောင် မောင်းနှင်သည်
    drive-operate
    ကြိယာ

    ခုတ်ခုတ်ကုတ်ကုတ်

    [kʰoʊʔkʰoʊʔkoʊʔkoʊʔ]
    မအားမနေ တကုတ်ကုတ်(လုပ်နိန်ရေ)
    မအားမနေ တကုတ်ကုတ်(လုပ်နေသည်)
    diligently
    ကြိယာဝိသေသန

    ခုတ်ထွင်

    [kʰoʊʔtʰwɪ̀ɴ]
    တောခြုံ၊ သစ်ငုတ်အစဟိစွာ ရို့ကို ခုတ်ဖြတ်ထွင်ရေ
    တောချုံ၊ သစ်ငုတ်စသည် တို့ကို ခုတ်ဖြတ်ရှင်းလင်းသည်
    clear
    ကြိယာ

    ခုထက်တောင်ပင်

    [kʰoʊtʰɛʔtàʊɴpɪ̀ɴ]
    အတိတ်၊ ပစ္စုပ္ပန် ကာလနှစ်ပါးကို ညွှန်ပြသော စကားလုံး
    အတိတ်၊ ပစ္စုပ္ပန် ကာလနှစ်ပါးကို ညွှန်ပြသော စကားလုံး
    present perfect
    နာမ်

    ခုထက်တောင်ပင်၂

    [kʰoʊtʰɛʔtàʊɴpɪ̀ɴ၂]
    အဂုထက်ထိတောင်။ ရှည်မြင့်စွာသော ကာလထိတောင်
    ယခုထက်တိုင်အောင်။ ရှည်မြင့်စွာသော ကာလတိုင်အောင်
    until now
    ကြိယာဝိသေသန

    ခုနတင်

    [kʰoʊntɪ̀ɴ]
    မကြာသိမ့်ခင် အခိုက်အတန့်မာ
    မကြာသေးမီ အခိုက်အတန့်တွင်
    recent
    ကြိယာဝိသေသန

    ခုနိ.

    [kʰoʊnì.]
    ဒေနိ
    ယနေ့
    today
    နာမ်

    ခုန်

    [kʰòʊɴ]
    တဖက်ခြီထောက်ကို နောက်ကို ကွေးညွတ်ပြီး ကိုယ်ကိုအထက်ကို မြှောက်တက်အောင် ပြုလုပ်ရေ
    တစ်ဖက်ခြေထောက်ကို နောက်သို့ ကွေးညွတ်ပြီး ကိုယ်ကိုအပေါ်သို့ မြှောက်တက်အောင် ပြုလုပ်သည်
    jump
    ကြိယာ

    ခုန်ကျော်

    [kʰòʊɴt͡ɕɔ̀]
    ခြီထောက်ကို လွှား၍ လားရေ
    ခြေထောက်ကို လွှား၍ သွားသည်
    jump
    ကြိယာ

    ခုန်ကျော်၂

    [kʰòʊɴt͡ɕɔ̀၂]
    ဗရမ်းဗစွာပါရာ။ ကမောက်ကမ။ ထိုရောက်ဟိုရောက်
    အစီအစဉ်မကျပဲ။ ကမောက်ကမ။ ထိုရောက်ဟိုရောက်
    in disorder
    ကြိယာဝိသေသန

    ခုန်ချ

    [kʰòʊɴɕ]
    အမြင့်မှ အနိမ့်သို့ ခုန်ဆင်းရေ
    အမြင့်မှ အနိမ့်သို့ ခုန်ဆင်းသည်
    jump
    ကြိယာ

    ခုန်ဆွဆွ

    [kʰòʊɴsʰwsʰw]
    ကြွသည်ဆိုရုံမျှ အသာအယာခုန်ရေ။ တဖြတ်ဖြတ် ခုန်ရေ။ ဆွေ့ဆွေ့ခုန်ရေ
    ကြွသည်ဆိုရုံမျှ အသာအယာခုန်သည်။ တဖျတ်ဖျတ် ခုန်သည်။ ဆွေ့ဆွေ့ခုန်သည်
    hoop
    ကြိယာ

    ခုန်းတိုင်

    [kʰóʊɴtàɪɴ]
    မြဲခိုင်စွာ စိုက်ထူထားရေ တိုင်။ နွားကိုခြည်သော တိုင်။ တလင်းနယ်ရာမာ စိုက်ထူ၍ အသုံးပြုရေ တိုင်။ (ကောက်ပြန့်ထက်မာ ကျွဲ၊ နွားတိကို အထပ်ထပ် လှည့်ပတ်၍ နင်းစီရေမျိုး မဟုတ်ဘဲ၊ ခုန်းတိုင်ခေါ် တိုင်ကို စိုက်ထူပြီးမှ ကောက်လှိုင်းတိကို ဖြန့်ကာတိုင်မာ
    မြဲခိုင်စွာ စိုက်ထူထားသော တိုင်။ နွားကိုချည်သော တိုင်။ တလင်းနယ်ရာတွင် စိုက်ထူ၍ အသုံးပြုသော တိုင်။ (ကောက်ပြန့်ပေါ်တွင် ကျွဲ၊ နွားများကို အထပ်ထပ် လှည့်ပတ်၍ နင်းစေသည်မျိုး မဟုတ်ပဲ၊ ခုန်းတိုင်ခေါ် တိုင်ကို စိုက်ထူပြီးမှ ကောက်လှိုင်းများကို ဖြန့်ကာတိုင်တွင်
    none
    နာမ်

    ခုန်ပေါက်

    [kʰòʊɴpaʊʔ]
    ကိုယ်ကိုအဟိန်ဖြင့် အထက်ကို မြှောက်စီသည်
    ကိုယ်ကိုအရှိန်ဖြင့် အထက်သို့ မြှောက်စေသည်
    jump
    ကြိယာ

    ခုန်လွှား

    [kʰòʊɴlW̯á]
    အထက်ကို မြင့်တက်ပနာ ကျော်သည်
    အထက်သို့ မြင့်တက်၍ ကျော်သည်
    jump
    ကြိယာ

    ခုနှစ်

    [kʰoʊn̥ɪʔ]
    ရောက်ဆဲဖြစ်ရေ နှစ်။ နှစ်ကာလ တခုခုကို ဖေါ်ပြသော စကားလုံး။ (ခုနှစ်) သက္ကရာဇ်
    ရောက်ဆဲဖြစ်သော နှစ်။ နှစ်ကာလ တစ်ခုခုကို ဖေါ်ပြသော စကားလုံး။ (ခုနှစ်) သက္ကရာဇ်
    year
    နာမ်

    ခုနှစ်စဉ်ကြယ်

    [kʰoʊn̥ɪʔsɪ̀ɴt͡ɕɛ̀]
    ခုနှစ်လုံး အရွီအတွက်ဟိရေ ကြယ်အစု
    ခုနှစ်လုံး အရေအတွက်ရှိသော ကြယ်အစု
    seven stars
    နာမ်

    ခုနှစ်ရက်သားကြယ်

    [kʰoʊn̥ɪʔɹɛʔθát͡ɕɛ̀]
    ခုနှစ်လုံး အရွီအတွက်ဟိရေ ကြယ်အစု
    ခုနှစ်လုံး အရေအတွက်ရှိသော ကြယ်အစု
    seven stars
    နာမ်

    ခုနှစ်ရက်သားသမီး

    [kʰoʊn̥ɪʔɹɛʔθáθmï]
    လူတိအားလုံး
    လူများအားလုံး
    all
    နာမ်