Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 34,671 words

    က

    ကပီစာ

    [kpísà]
    တန်းခါးရွက်၊ ဆောင်းဒူအပေါင် အစဟိစွာတတ်ဆင်ရာမာ ခေါက်ချိုးဖွင့်၍ ရနိုင်စီရန် တွယ်ဆက်ထားရေ သတ္တုပြား။ ကပ္ပဇာ
    တံခါးရွက်၊ သေတ္တာအဖုံး စသည်တတ်ဆင်ရာ၌ ခေါက်ချိုးဖွင့်၍ ရနိုင်စေရန် တွယ်ဆက်ထားသော သတ္တုပြား။ ပတ္တာ
    hinge [ Hindi ပဋ္ဋာ ]
    နာမ်

    ကပုကရု

    [kpoʊkɹoʊ]
    အချေ အချေ အများပြားကို ရည်၍ ပြောသော စကား
    ကလေး အငယ် အများပြားကို ရည်၍ ပြောသော စကား
    baby
    နာမ်

    ကပုကရု၂

    [kpoʊkɹoʊ၂]
    ပိထိုင်ချေ ချစ်စဖွယ် ကောင်းရေ အချေ
    ပုပုလေး ချစ်စဖွယ် ကောင်းသော ကလေးငယ်
    baby
    နာမ်

    ကပုကရုသျှေ

    [kpoʊkɹoʊʃè]
    ချစ်စဖွယ် ကောင်းရေ အချေ
    ချစ်စဖွယ် ကောင်းသော ကလေးငယ်
    baby
    နာမ်

    ကပုကရုသျှေ၂

    [kpoʊkɹoʊʃè၂]
    ချစ်ခင်ဖွယ် ကောင်းရေ (အချေ)
    ချစ်ခင်ဖွယ် ကောင်းသော (ကလေး)
    cute - sweet - lovable
    နာမဝိသေသန

    ကပေကတေ

    [kpèktè]
    စုတ်ပဲ့ ပေကျံဗျာယ်။ ပေပေ ကျံကျံ။ ညစ်ညစ် ပတ်ပတ်
    ညစ်ပတ် ပေကျံလျက်။ ပေပေ ကျံကျံ။ ညစ်ညစ် ပတ်ပတ်
    dirty
    ကြိယာဝိသေသန

    ကပေါက်ကချောက်

    [kpaʊʔkɕɔ́ɛʔ]
    အစီအစိုင်မဟိဘဲ လားလာလည်ပတ်ဗျာယ်။ ဆားမရရီမရ တွိ့ကရာ လားလာဗျာယ်။ ဇာအရာကိုမျှ တိကျစွဲမြဲစွာ ဦးတည်ခြင်း မဟိဘဲ
    အစီအစဉ်မရှိပဲ သွားလာလည်ပတ်လျက်။ ပေါက်ကရ တွေ့ကရာ သွားလာလျက်။ မည်သည့်အရာကိုမျှ တိကျစွဲမြဲစွာ ဦးတည်ခြင်း မရှိဘဲ
    walk without direction
    ကြိယာဝိသေသန

    ကံပေါ်

    [kံpɔ̀]
    အကျိုးခံစားရရေ
    အကျိုးခံစားရသည်
    be lucky (belatedly) [as in လေးဆယ်ကျော်မှ ~]
    ကြိယာ

    ကံပဲ

    [kံpɛ]
    အက္ခရာအရီးအသား။ စာအမှတ်အသား
    အက္ခရာအရေးအသား။ စာအမှတ်အသား
    note - writing - inscription [ကျမ်း+ပည်း]?
    နာမ်

    ကံပဲစာ

    [kံpɛsà]
    တခုတရီသော အကြောင်းအရာကို ရီးသား ထိုးထားရေ စာ
    တစ်စုံတစ်ခုသော အကြောင်းအရာကို ရေးသား ထိုးထားသော စာ
    monument - record in writing - inscribe
    နာမ်

    ကံပဲတိုင်

    [kံpɛtàɪɴ]
    တခုတရီသော အကြောင်းအရာကို ရီးသားစိုက်ထူထားရေ မှတ်တိုင်။ မော်ကွန်းတိုင်
    တစ်စုံတစ်ခုသော အကြောင်းအရာကို ရေးသားစိုက်ထူထားသော မှတ်တိုင်။ မော်ကွန်းတိုင်
    monument - record in writing - inscribe
    နာမ်

    ကံပဲထိုး

    [kံpɛtʰó]
    စာအမှတ်အသား အခိုင်အမာ ရီးမှတ်ထားရေ
    စာအမှတ်အသား အခိုင်အမာ ရေးမှတ်ထားသည်
    mark - record in writing - inscribe
    ကြိယာ

    ကပ္ပ

    [kpʰa̰]
    ကမ္ဇာကိုခေါ်သော စကားလုံး
    ကမ္ဘာကိုခေါ်သော စကားလုံး
    world
    နာမ်

    ကပ္ပလီ

    [kpʰa̰lí]
    ဆံပင်ကောက်၍ အသားမဲနက်ရေ လူမျိုးတမျိုး
    ဆံပင်ကောက်၍ အသားမည်းနက်သော လူမျိုးတစ်မျိုး
    negro [Arab. kāfir]
    နာမ်

    ကပ္ပလီငရုပ်

    [kpʰa̰líŋɹoʊʔ]
    မဲနက်ရေ အရောင်ဟိရေ ငရုပ်တမျိုး
    မည်းနက်သော အရောင်ရှိသော ငရုပ်တစ်မျိုး
    black chilli
    နာမ်

    ကပ္ပလီမြောက်

    [kpʰa̰límɹɔ́ɛʔ]
    ဥကိုစားသောက်နှိုင်ရေ အရွက်လက်ခြားဟိ အပင်ငယ်တမျိုး။ ကလမဲဥ။ မလျောက်ပတ်ရေ။ မြောက်ကလမဲ၊ ဓါတ်မညီ၍၊ ဇိန်ဇီပိုးကောင်၊ ရှောင်ရန်အဂေါင့်(ပုဒုမ္မာ)
    ဥကိုစားသောက်နိုင်သော အရွက်လက်ခြားရှိ အပင်ငယ်တစ်မျိုး။ ပီလောပီနံဥ။ မလျောက်ပတ်သည်။ မြောက်ကပ္ပလီ၊ ဓါတ်မညီ၍၊ ဇိန်ဇီပိုးကောင်၊ ရှောင်ရန်အဟုတ်(ပုဒုမ္မာ)
    tapioca
    နာမ်

    ကပ္ပီစာ

    [kpʰa̰ísà]
    တန်းခါးရွက်၊ ဆောင်းဒူအပေါင် အစဟိစွာတတ်ဆင်ရာမာ ခေါက်ချိုးဖွင့်၍ ရနိုင်စီရန် တွယ်ဆက်ထားရေ သတ္တုပြား။ ကပ္ပဇာ
    တံခါးရွက်၊ သေတ္တာအဖုံး စသည်တတ်ဆင်ရာ၌ ခေါက်ချိုးဖွင့်၍ ရနိုင်စေရန် တွယ်ဆက်ထားသော သတ္တုပြား။ ပတ္တာ
    hinge [ Hindi ပဋ္ဋာ ]
    နာမ်

    ကပ္ပျာ

    [kpʰa̰rà]
    စာလုံး စာပိုဒ် အရွီအတွက်အနိန်နန့် ကာရန်အချိတ်အဆက် အစဟိစွာရို့နန့် စီကုံးထားရေအဖွဲ့အနွဲ့ (ပါ)။ ကပ္ပျာသံဆင့်၊ တယင့်ယင့်ကို၊ ဆိုရိုးပင်စာ(ဥဂ္ဂါဖွဲ့)
    စာလုံး စာပိုဒ် အရေအတွက်အားဖြင့် ကာရန်အချိတ်အဆက် စသည်တို့ဖြင့် စီကုံးထားသောအဖွဲ့အနွဲ့ (ပါ)။ ကပ္ပျာသံဆင့်၊ တယင့်ယင့်ကို၊ ဆိုရိုးပင်စာ(ဥဂ္ဂါဖွဲ့)
    verse - poem [ Sans. ကာပျ]
    နာမ်

    ကပါးကရ

    [kpàးkɹ]
    တွိ့ကရာ ထင်ကရာ။ ဟိုရောက်ရေရောက်။ ဆီးဆောက်ခရောက်
    တွေ့ကရာ ထင်ကရာ။ ဟိုရောက်သည်ရောက်။ ရောက်တတ်ရာရာ
    discursive
    ကြိယာဝိသေသန

    ကပ်

    [kaʔ]
    ၁၊ ထက်ကြပ်မကွာ (နောက်ထပ်ကပ်၍) ပါရေ။ တောင်လောက်ကျီလည်း၊ ယင်းခါနောက်ထပ်ကပ်၍၊ ညည့်ထလတ်၊ သိုင်ခေါင်မာ (ဗမာချီ)။ ရာပသိန်သတ် မင်းမြတ်၏နောက်တော်ဝယ်၊ ပွင့်လောင်းလျာ မေကြင်စ၊ ကပ်၍ပါရေ၊ ဆံမြွာယွင်းမခွတည်း(ဗမာချီ)။ ၂၊ (ဝါမားကာလ) ဝါဆိုရေ၊။ ဝါကပ်ရေ။ ၃၊ ခဲယဉ်
    ၁၊ ထက်ကြပ်မကွာ (နောက်ထပ်ကပ်၍) ပါသည်။ တောင်လောက်ကျီလည်း၊ ယင်းခါနောက်ထပ်ကပ်၍၊ ညည့်ထလတ်၊ သိုင်ခေါင်တွင် (ဗမာချီ)။ ရာပသိန်သတ် မင်းမြတ်၏နောက်တော်ဝယ်၊ ပွင့်လောင်းလျာ မယ်ကြင်စ၊ ကပ်၍ပါသည်၊ ဆံမြွာယွင်းမခွတည်း(ဗမာချီ)။ ၂၊ (ဝါတွင်းကာလ) ဝါဆိုသည်၊။ ဝါကပ်သည်။ ၃၊ ခဲယဉ်
    come close (as in အနားသို့~- ) - be near (as in အိမ်ချင်း ~-) - approach stick (as in ေကော်ဖြင့်~- ) offer things reverently (as inဆွမ်း~-၊ပန်း~-) approach someone for favours (as in အထက်လူကြီးကို ~- )
    ကြိယာ