Dictionary Entries
Showing 381–400 of 34,671 words
က
ကပ်၂
[kaʔ၂]
Arakanese:
၁၊ ကမ္ဘာ လောကကြီး။ ၂၊ ကမ္ဘာ၏ သက်တမ်း ကာလ အပိုင်းအရာ။ ၃၊ ဖီးကြီး ကျရောက်သော ကာလ အပိုင်းအရာ
Burmese:
၁၊ ကမ္ဘာ လောကကြီး။ ၂၊ ကမ္ဘာ၏ သက်တမ်း ကာလ အပိုင်းအခြား။ ၃၊ ဘေးကြီး ကျရောက်သော ကာလ အပိုင်းအခြား
English:
epoch (as in အာယု~၊ အန္တရ~) time of catastrophe calamity disaster [Pali ကပ္ပ ]
Grammar Note:
နာမ်
ကပ်ကပ်
[kaʔkaʔ]
Arakanese:
ခက်ခဲရေ။ ခဲယဉ်းရေ။ ကပ်စီး နှဲသည်
Burmese:
ခက်ခဲသည်။ ခဲယဉ်းသည်။ ကပ်စေး နှဲသည်
English:
parsimon
Grammar Note:
ကြိယာ
ကပ်ကပ်သပ်သပ်
[kaʔkaʔθaʔθaʔ]
Arakanese:
ခဲယဉ်းစွာ။ ကျပ်တည်းကျိုင်းမြောင်းစွာ။ အပေါက်အချေသျှေက တတောက်ငငတ်၊ ပစောင်ထွက်လို့ရဖို့လဲ
Burmese:
ခဲယဉ်းစွာ။ ကျပ်တည်းကျဉ်းမြောင်းစွာ။ အပေါက်အငယ်သျှေက ကတ်ကတ်သတ်သတ်၊ ပစောင်ထွက်လို့ရဖို့လဲ
English:
difficulty
Grammar Note:
ကြိယာဝိသေသန
ကပ်ကြီးသုံးပါး
[kaʔt͡ɕïθóʊɴpàး]
Arakanese:
၁၊ ဒုဗ္ဘိက္ခန္တရကပ်။ ၂၊ သတ္တန္တရကပ်။ ၃၊ ရောဂန္တရကပ်။ (ဆိုပနာ အပါးသုံးပါး ဟိရေ)
Burmese:
၁၊ ဒုဗ္ဘိက္ခန္တရကပ်။ ၂၊ သတ္တန္တရကပ်။ ၃၊ ရောဂန္တရကပ်။ (ဟူ၍ အပါးသုံးပါး ရှိသည်)
English:
the three catastrophes namely famine war and epidemic diseases See also ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်။
Grammar Note:
နာမ်
ကပ်ခင်း
[kaʔkʰɪ́ɴ]
Arakanese:
ဝါးခြမ်းစိတ်ကို အပြားပိုင် ကြိုးနှင့်ကျစ်၍ လောင်းဝမ်းထဲမာ ခင်းသော အခင်းတမျိုး
Burmese:
ဝါးခြမ်းစိတ်ကို အပြားကဲ့သို့ ကြိုးနှင့်ကျစ်၍ လှေဝမ်းထဲတွင် ခင်းသော အခင်းတစ်မျိုး
English:
raft
Grammar Note:
နာမ်
ကပ်ခို
[kaʔkʰÒ]
Arakanese:
၁၊ တခြားမှ ခိုဝင်လှာရေ။ ၂၊ ကပ်မြှောင်၍ စားသောက်နီထိုင်ရေ။ ၃၊ မမြင်ရရောင် ပုန်းဝှက်နီထိုင်သည်
Burmese:
၁၊ တစ်ခြားမှ ခိုဝင်လာသည်။ ၂၊ ကပ်မြှောင်၍ စားသောက်နေထိုင်သည်။ ၃၊ မမြင်ရအောင် ပုန်းဝှက်နေထိုင်သည်
English:
refuge
Grammar Note:
ကြိယာ
ကပ်ငြိ
[kaʔɲì]
Arakanese:
ငြိတွယ်ရေ။ တွယ်ကပ်သည်
Burmese:
ငြိတွယ်သည်။ တွယ်ကပ်သည်
English:
be afflicted (with some physical or mental disorder) - stick fast
Grammar Note:
ကြိယာ
ကပ်စည်း
[kaʔsɛ́]
Arakanese:
ကျိုးလားသော ခြေ၊ လက် စစွာကို ယင်းပြားအစဟိစွာနန့် ကျိုးသည့်နီရာကို ပတ်ရစ်၍ စည်းနှောင်ထားရေ
Burmese:
ကျိုးသွားသော ခြေ၊ လက် စသည်ကို ယင်းပြားစသည်ဖြင့် ကျိုးသည့်နေရာကို ပတ်ရစ်၍ စည်းနှောင်ထားသည်
English:
plaster of paris cast
Grammar Note:
ကြိယာ
ကပ်စား
[kaʔsá]
Arakanese:
ခိုကပ်၍ စားသောက်နိန်ရေ
Burmese:
ခိုကပ်၍ စားသောက်နေသည်
English:
parasite living in the eating
Grammar Note:
ကြိယာ
ကပ်စားယပ်စား
[kaʔsájaʔsá]
Arakanese:
ကပ်ရပ် စားသောက် နီထိုင်သည်
Burmese:
ကပ်ရပ် စားသောက် နေထိုင်သည်
English:
parasite living in the eating
Grammar Note:
ကြိယာ
ကပ်စိ.
[kaʔsì.]
Arakanese:
ဝန်ဥစ္စာကို မပီးရက် မကမ်းရက် မက်မောတွယ်စွာရေ
Burmese:
ပစ္စည်းဥစ္စာကို မပေးရက် မကမ်းရက် မက်မောတွယ်တာသည်
English:
parsimony
Grammar Note:
ကြိယာ
ကပ်စီး
[kaʔsï]
Arakanese:
ဝန်ဥစ္စာကို မပီးရက် မကမ်းရက် မက်မောတွယ်စွာရေ
Burmese:
ပစ္စည်းဥစ္စာကို မပေးရက် မကမ်းရက် မက်မောတွယ်တာသည်
English:
parsimony
Grammar Note:
ကြိယာ
ကပ်စီး၂
[kaʔsï၂]
Arakanese:
ပျောင်းသော အစီးအစဟိစွာတိုနန့် ငှက်ထောင်ဖမ်းရန် သုတ်လူးထားရေ ညွတ်
Burmese:
စေးကပ်သော အစေးစသည်တိုဖြင့် ငှက်ထောင်ဖမ်းရန် သုတ်လိမ်းထားသော ညွတ်
English:
trap
Grammar Note:
နာမ်
ကပ်စီးထောင်
[kaʔsïtʰàʊɴ]
Arakanese:
ယင်းအစီးရို့နန့် သုတ်လူးထားရေ ညွတ်နန့် ငှက်တိကို ထောင်သည်
Burmese:
ယင်းအစေးတို့ဖြင့် သုတ်လိမ်းထားသော ညွတ်ဖြင့် ငှက်များကို ထောင်သည်
English:
trap
Grammar Note:
ကြိယာ
ကပ်ဆိုက်
[kaʔsʰaɪʔ]
Arakanese:
၁၊ ကပ်ကြီးသုံးပါး ဖီးကြီးရောက်ရေ။ ၂၊ ဒုက္ခမားရောက်ရေ။ ကပ်သုံးဖြာရို့၊ ဆိုက်ကာရောက်သို့၊ တယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နမိတ်မြင်ရေ (ဒွေး)
Burmese:
၁၊ ကပ်ကြီးသုံးပါး ဘေးကြီးရောက်သည်။ ၂၊ ဒုက္ခများရောက်သည်။ ကပ်သုံးဖြာတို့၊ ဆိုက်ကာရောက်သို့၊ တစ်ယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နမိတ်မြင်ရေ (ဒွေး)
English:
be struck by the three catastrophes
Grammar Note:
ကြိယာ
ကပ်တင်
[kaʔtɪ̀ɴ]
Arakanese:
(ကပ္ပတိန်)၁၊ အကြီးအကဲ။ ဂေါင်းဆောင်။ ၂၊ တပ်မတော်ဗိုလ်ကြီး။ ရေယာဉ်မှူး။ ရီတပ်ဗိုလ်ကြီး။ (လိပ်) ကပ်တင်ဟုမှတ်၊ ဒေါင်ရောင်မော်သတ်ကို လွတ်လွတ်ပြီးအပ်ကေ(ဗမာချီ)
Burmese:
(ကပ္ပတိန်)၁၊ အကြီးအကဲ။ ခေါင်းဆောင်။ ၂၊ တပ်မတော်ဗိုလ်ကြီး။ ရေယာဉ်မှူး။ ရေတပ်ဗိုလ်ကြီး။ (လိပ်) ကပ်တင်ဟုမှတ်၊ ဒေါင်ရောင်မော်သတ်ကို လွတ်လွတ်ပြီးအပ်ပါက(ဗမာချီ)
English:
captain
Grammar Note:
နာမ်
ကပ်တော်
[kaʔtɔ̀]
Arakanese:
(နိုင်ငံတော်၏ဝင်ငွီရသုံးကတ်ွေးငွီနှင့် ပက်သက်ပနာ လုပ်ငန်းတာဝန်ကိုယူရရေ) ဘဏ်ဋာရီးဝန်ကြီး။မင်းထံတော်နေခစား၊ မှူးမတ်ကတ္တော်၊ သေနဂါကေ၊ ဗိုလ်ပါလူအများနှင့် (ကုသတု)။ (မြို့ဟောင်းမြို့နယ် ခမေါင်းတက်ရွာနှင့် ကျွဲတဲရွာအကြားမာ စန္ဒဝိဇယမင်းလက်ထက် ကပ်တော်မှူးသိမ်ဘုရာ
Burmese:
(နိုင်ငံတော်၏ဝင်ငွေရသုံးကြွေးငွေနှင့် ပက်သက်၍ လုပ်ငန်းတာဝန်ကိုယူရသော) ဘဏ်ဋာရေးဝန်ကြီး။မင်းထံတော်နေခစား၊ မှူးမတ်ကတ္တော်၊ သေနဂါကေ၊ ဗိုလ်ပါလူအများနှင့် (ကုသတု)။ (မြို့ဟောင်းမြို့နယ် ခမေါင်းတက်ရွာနှင့် ကျွဲတဲရွာအကြားတွင် စန္ဒဝိဇယမင်းလက်ထက် ကပ်တော်မှူးသိမ်ဘုရာ
English:
treasurer
Grammar Note:
နာမ်
ကပ်နာ
[kaʔnà]
Arakanese:
၁၊ အခါအနိန်နန့် ဖြစ်ပေါ်လှာတတ်ရေ ရောဂါဆိုး။ ၂၊ လူရို့၏ ခန္ဓာကိုယ်၌ ကျရောက်တတ်ရေ ကျောက်၊ ဝက်သက်အစဟိစွာ့ အနာ အမျိုးမျိုး
Burmese:
၁၊ အခါအားလျော်စွာ ဖြစ်ပေါ်လာတတ်သော ရောဂါဆိုး။ ၂၊ လူတို့၏ ခန္ဓာကိုယ်၌ ကျရောက်တတ်သော ကျောက်၊ ဝက်သက်စသည့် အနာ အမျိုးမျိုး
English:
epidemic diseases
Grammar Note:
နာမ်
ကပ်ပယ်
[kaʔpɛ̀]
Arakanese:
ပန်းထိမ် သုံးသိုက်ငယ်တမျိုး
Burmese:
ပန်းထိမ် သုံးချိန်ခွင်ငယ်တစ်မျိုး
English:
measuring cup - scales - balance testicle [mon ကပေါ်]
Grammar Note:
နာမ်
ကပ်ပီကပ်ပါး
[kaʔpíkaʔpàး]
Arakanese:
အခွင့်အရီးကို မျှော်စပ်ဗျာယ် တခုတရီ၏ လိုလားနှစ်သက်မှုကို ဖြည့်စွမ်းပီးရေ
Burmese:
အခွင့်အရေးကို မျှော်ကိုးလျက် တစ်စုံတစ်ခု၏ လိုလားနှစ်သက်မှုကို ဖြည့်စွမ်းပေးသည်
English:
sycophant
Grammar Note:
ကြိယာ