Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,841–3,860 of 34,671 words

    ခ

    ခါးဆီး

    [kʰàးsʰï]
    ခတောင်း၊ လုံချီ
    ပုဆိုး၊ လုံချီ
    longyi
    နာမ်

    ခါးဆီးကြို

    [kʰàးsʰït͡ɕÒ]
    အချေသူငယ်များမာ အန္တရာယ်ကင်းရှင်းအောင် ခါးမာ စည်းနှောင်ထားရေ ခြည်ကြိုး
    ကလေးသူငယ်များတွင် အန္တရာယ်ကင်းရှင်းအောင် ခါးတွင် စည်းနှောင်ထားသော ချည်ကြိုး
    cincture
    နာမ်

    ခါးဆွဲကြိုး

    [kʰàးsʰwɛt͡ɕó]
    အချေသူငယ်များမာ အန္တရာယ်ကင်းရှင်းအောင် ခါးမာ စည်းနှောင်ထားရေ ခြည်ကြိုး
    ကလေးသူငယ်များတွင် အန္တရာယ်ကင်းရှင်းအောင် ခါးတွင် စည်းနှောင်ထားသော ချည်ကြိုး
    cincture
    နာမ်

    ခါတိုင်း

    [kʰàtáɪɴ]
    နိစိုင်ရက်ပြတ်။ တရက်ပြီးကေ တရက်။ တရက်မပြတ်။ လွန်ခရေကာလက။ လွန်ခရေရက်က (နန့်မတူ)။ သွားမြဲသော ကာလ
    နေ့စဉ်ရက်ဆက်။ တစ်နေ့ပြီးလျှင် တစ်နေ့။ တစ်နေ့မပြတ်။ လွန်ခဲ့သောကာလက။ လွန်ခဲ့သောရက်က (နှင့်မတူ)။ သွားမြဲသော ကာလ
    everyday
    ကြိယာဝိသေသန

    ခါးတောင်း

    [kʰàးtáʊɴ]
    လုံချီ။ ခတောင်း
    လုံချီ။ ပုဆိုး
    longyi
    နာမ်

    ခါးတောင်းကျပ်

    [kʰàးtáʊɴt͡ɕaʔ]
    အချေသူငယ်ကို ခါးဆစ်တင်ပနာ ရွက်ရွက်ရေ။ ဝန်ဝန်ကို ခါးတောင်း၌ ထားပနာ ချီမ သယ်ယူရေ။ ခါးတောင်း ကျိုက်သည်
    ကလေးသူငယ်ကို ခါးဆစ်တင်၍ ရွက်ချီသည်။ ဝန်ပစ္စည်းကို ခါးတောင်း၌ ထား၍ ချီမ သယ်ယူသည်။ ခါးတောင်း ကျိုက်သည်
    carry something on the hip
    ကြိယာ

    ခါးတောင်းကျိတ်

    [kʰàးtáʊɴt͡ɕeɪʔ]
    အချေသူငယ်ကို ခါးဆစ်တင်ပနာ ရွက်ရွက်ရေ။ ဝန်ဝန်ကို ခါးတောင်း၌ ထားပနာ ချီမ သယ်ယူရေ
    ကလေးသူငယ်ကို ခါးဆစ်တင်၍ ရွက်ချီသည်။ ဝန်ပစ္စည်းကို ခါးတောင်း၌ ထား၍ ချီမ သယ်ယူသည်
    carry something on the hip
    ကြိယာ

    ခါးတောင်းကျိုက်

    [kʰàးtáʊɴt͡ɕaɪʔ]
    ဝတ်ထားရေ ခတောင်းစကို ပေါင်ကြားမှလျှို၍ နောက်မာ ညှပ်ထားရေ
    ဝတ်ထားသော ပုဆိုးစကို ပေါင်ကြားမှလျှို၍ နောက်တွင် ညှပ်ထားသည်
    grid oneself for sth
    ကြိယာ

    ခါးတောင်းချိတ်

    [kʰàးtáʊɴɕeɪʔ]
    အချေသူငယ်ကို ခါးတောင်းထက် တင်ပနာ ရွက်ပိုးရွက်ရေ
    ကလေးသူငယ်ကို ခါးတောင်းထက် တင်၍ ရွက်ပိုးချီသည်
    carry a child astride one’s hip
    ကြိယာ

    ခါးတောင်းဆင်

    [kʰàးtáʊɴsʰɪ̀ɴ]
    ခတောင်း၊ လုံချီ ၊ ကိုယ်ဝတ်တန်ဆာ အစဟိစွာတိကို ဝတ်ဆင်သည်
    ပုဆိုး၊ လုံချီ ၊ ကိုယ်ဝတ်တန်ဆာ စသည်များကို ဝတ်ဆင်သည်
    wear
    ကြိယာ

    ခါးတောင်းတင်

    [kʰàးtáʊɴtɪ̀ɴ]
    တခုတရီကို ခါးဆစ်တင်ပနာ ရွက်ရွက်ရေ။ ချီမယူရေ။ ချီမယူသယ်ယူရေ
    တစ်စုံတစ်ခုကို ခါးဆစ်တင်၍ ရွက်ချီသည်။ ချီမယူသည်။ ချီမယူသယ်ယူသည်
    carry something on the hip
    ကြိယာ

    ခါးတောင်းပင့်

    [kʰàးtáʊɴpɪ̰ɴ]
    ခတောင်း၊ လုံချီ၊ ထဘီ အစဟိစွာရို့ကို ခါးသို့ ပင့်တင်သည်
    ပုဆိုး၊ လုံချီ၊ ထဘီ စသည်တို့ကို ခါးသို့ ပင့်တင်သည်
    none
    ကြိယာ

    ခါတော်ကျူး

    [kʰàtɔ̀t͡ɕùး]
    တနှစ်ထက် ပိုပြီးကေ အလွန်။ အချိန်ကြာညောင်းစွာ
    တစ်နှစ်ထက် ပို၍ လွန်စွာ။ အချိန်ကြာညောင်းစွာ
    more than one year
    ကြိယာဝိသေသန

    ခါးထစ်

    [kʰàးtʰɪʔ]
    တင်ပချိတ်အထက် အပြင်သို့ ပိုထွက်နိန်ရေ ခါးအရပ်
    တင်ပါးရိုးအထက် အပြင်သို့ ပိုထွက်နေသော ခါးအရပ်
    lumbar joint
    နာမ်

    ခါးထစ်တင်

    [kʰàးtʰɪʔtɪ̀ɴ]
    တခုတရီသော ဝန်ဝန်ကို ခါးထစ်၌ တင်ပနာသယ်ဆောင်ရေ
    တစ်စုံတစ်ခုသော ဝန်ပစ္စည်းကို ခါးထစ်၌ တင်၍သယ်ဆောင်သည်
    carry something on the hip
    ကြိယာ

    ခါးထပိန်သျှေ

    [kʰàးtʰpèɪɴʃè]
    သျှစ်နှစ် အရွယ်( အမျိုးသမီး)
    ရှစ်နှစ် အရွယ်( အမျိုးသမီး)
    girl
    နာမ်

    ခါးထပိန်အရွယ်

    [kʰàးtʰpèɪɴʔɹwɛ̀]
    အရွယ်ရောက်စ မမာ့ငယ်။ ဂေါရီ
    အရွယ်ရောက်စ မိန်းမငယ်။ အပျိုပေါက်
    maiden
    နာမ်

    ခါထွက်

    [kʰàtʰwɛʔ]
    အပြင်သို့ ရွင့်လားရေ
    အပြင်သို့ လွင့်သွားသည်
    blown away
    ကြိယာ

    ခါးပတ်

    [kʰàးpaʔ]
    ခါးမာ ဝတ်ထားရေ အဝတ်ခတောင်းကို မြဲအောင် ခါးမာပတ်စည်း နှောင်ထားရေ အဝတ်။ ကြိုးပြားအစဟိစွာ
    ခါးတွင် ဝတ်ထားသော အဝတ်ပုဆိုးကို မြဲအောင် ခါးတွင်ပတ်စည်း နှောင်ထားသော အဝတ်။ ကြိုးပြားစသည်
    belt
    နာမ်

    ခါးပန်း

    [kʰàးpáɴ]
    ခါးမာဝတ်ထားရေ အဝတ်ကို စည်းနှောင်ရရေ ကြိုး။ ကျောင်း၊ အိမ် အစဟိစွာရို့မာ ကြမ်းပြင်၏ အစွန်ဖျား မပေါ်ရယောင် ရိုက်ထားရေ ပျိုင်ပြားချပ်
    ခါးတွင်ဝတ်ထားသော အဝတ်ကို စည်းနှောင်ရသော ကြိုး။ ကျောင်း၊ အိမ် စသည်တို့တွင် ကြမ်းပြင်၏ အစွန်ဖျား မပေါ်ရအောင် ရိုက်ထားသော ပျဉ်ပြားချပ်
    girdle-sash
    နာမ်