Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,041–4,060 of 34,671 words

    ခ

    ချိ၂

    [ɕì၂]
    ခွန်အား နည်းပါးသော
    ခွန်အား နည်းပါးသော
    weak
    နာမဝိသေသန

    ချိ၃

    [ɕì၃]
    ပစ္စုပ္ပန်၊ အနာဂတ် ကာလ နှစ်ပါးဆိုင်ရာ ကြိယာရို့၏ အနက်ကို လီးနက်စီရေ စကားလုံး
    ပစ္စုပ္ပန်၊ အနာဂတ် ကာလ နှစ်ပါးဆိုင်ရာ ကြိယာတို့၏ အနက်ကို လေးနက်စေသော စကားလုံး
    none
    ကြိယာထောက်ပစ္စည်း

    ချိချိပါးပါး

    [ɕìɕìpàးpàး]
    မရဲမဝံ့ တွန့်ဆုတ်ဗျာယ်။ ဗြုန်းခနဲ ရှက်ရွံဗျာယ်။ ယိုင်ကျေးဖွယ်ရာသော ဟန်အမူအရာဖြင့်။ ခြေကို အသာအယာ ဖြည်းညှင်းစွာ ကြွချီဗျာယ်
    မရဲမဝံ့ တွန့်ဆုတ်လျက်။ ရုတ်တရက် ရှက်ရွံလျက်။ ယဉ်ကျေးဖွယ်ရာသော ဟန်အမူအရာဖြင့်။ ခြေကို အသာအယာ ဖြည်းညှင်းစွာ ကြွချီလျက်
    stop short and draw
    ကြိယာဝိသေသန

    ချိတ်

    [ɕeɪʔ]
    ပြုစုပျိုးထောင်သော လယ်မြီ။ (ခတ္တိယ- ချတ္တိယ- ချတ္တရီ- ချိတ်
    ပြုစုပျိုးထောင်သော လယ်မြေ။ (ခတ္တိယ- ချတ္တိယ- ချတ္တရီ- ချိတ်
    paddy land
    နာမ်

    ချိတ်၂

    [ɕeɪʔ၂]
    ၁၊ အဖျားကောက်သော အရာ။ ၂၊ အင်္ကျီစစွာကို ဆွဲထားရရေ ကိရိယာ။ ၃၊ အဝတ်အထည် တခုနန့်တခုကို ချိတ်တွယ်ရရေ သံချိတ်ငယ်
    ၁၊ အဖျားကောက်သော အရာ။ ၂၊ အင်္ကျီစသည်ကို ဆွဲထားရသော ကိရိယာ။ ၃၊ အဝတ်အထည် တစ်ခုနှင့်တစ်ခုကို ချိတ်တွယ်ရသော သံချိတ်ငယ်
    hook
    ကြိယာ

    ချိတ်ကောက်

    [ɕeɪʔkɔ́ɛʔ]
    တယောက်တလီအား ထိခိုက်အောင် စောင်းခပ်မြောင်းခပ် ပြောဆိုရေ
    တစ်စုံတစ်ယောက်အား ထိခိုက်အောင် စောင်းမြောင်း ပြောဆိုသည်
    backbiting
    ကြိယာ

    ချိတ်ချိတ်

    [ɕeɪʔɕeɪʔ]
    တတိတ်ချေ ရယ်သော အသံပြုဗျာယ်။ သုံးယောက်သား၊ ချိတ်ချိတ်ရယ်၊ ယင်းခါဝမ်းကြီးပိုပြီးကေ(ဗမာချီ)
    တိုးတိုးတိတ်တိတ် ရယ်သော အသံပြုလျက်။ သုံးယောက်သား၊ ချိတ်ချိတ်ရယ်၊ ယင်းခါဝမ်းကြီးသာ၍(ဗမာချီ)
    quiet laugh
    ကြိယာဝိသေသန

    ချိတ်ချွတ်

    [ɕeɪʔɕwaʔ]
    ၁၊ ခြေကုပ် မမြဲဖွယ်ဖြစ်တေ။ ၂၊ ခြီလှမ်း မားယွင်းရေ။ ၃၊ မားယွင်းရေ။ ကပျာချိတ်ချွတ်ထပနာ (ကုသတု)။ ၃၊ လွဲရေ။ ချွတ်ချော်သည်
    ၁၊ ခြေကုပ် မမြဲဖွယ်ဖြစ်သည်။ ၂၊ ခြေလှမ်း မှားယွင်းသည်။ ၃၊ မှားယွင်းသည်။ ကပျာချိတ်ချွတ်ထ၍ (ကုသတု)။ ၃၊ လွဲသည်။ ချွတ်ချော်သည်
    wrong
    ကြိယာ

    ချိတ်စ

    [ɕeɪʔs]
    ပြုသင့်ပြုအပ်ရေ အမှု။ အဇာချိတ်စ၊ လိုတောင့်တ၊ ရွှီအာဏာကို၊ ကျွန်ကိုချလျင်ပါ(ဓမ္မက)
    ပြုသင့်ပြုအပ်သော အမှု။ အဘယ်ချိတ်စ၊ လိုတောင့်တ၊ ရွှေအာဏာကို၊ ကျွန်ကိုချလျင်ပါ(ဓမ္မက)
    should do
    နာမ်

    ချိတ်ဆက်

    [ɕeɪʔsʰɛʔ]
    ၁၊ အဆက်အသွယ် ပြုရေ။ ၂၊ ကောက်သောအရာချင်း ပူးကပ်သည်
    ၁၊ အဆက်အသွယ် ပြုသည်။ ၂၊ ကောက်သောအရာချင်း ပူးကပ်သည်
    connect
    ကြိယာ

    ချိတ်ဆက်၂

    [ɕeɪʔsʰɛʔ၂]
    တခုနန့်တခု ဆက်စပ်မှု၊ ကူးလူးဆက်ဆံမှု
    တစ်ခုနှင့်တစ်ခု ဆက်စပ်မှု၊ ကူးလူးဆက်ဆံမှု
    connect
    ကြိယာ

    ချိတ်ပိုင်

    [ɕeɪʔpàɪɴ]
    လယ်မြီပိုင်သျှင်။ ပြုစုကောင်း။ (ဖသွန်ိတ်၊ ကာဒီချိတ် အစဟိစွာအနိန်နန့် လယ်မြီပိုင်ဆိုင်သူကို တွဲစပ်၍ မှည့်ခေါ်ထားရေ။) (ချိတ်သျှင် ကို ကုလားက ချော်ဒရီ ဇ(ဂျ)မီဒါရီ အစဟိစွာအနိန်နန့် ခေါ်ရေ။
    လယ်မြေပိုင်သျှင်။ ပြုစုကောင်း။ (ဖလောင်းချိတ်၊ ကာဒီချိတ် စသည်ဖြင့် လယ်မြေပိုင်ဆိုင်သူကို တွဲစပ်၍ မှည့်ခေါ်ထားသည်။) (ချိတ်သျှင် ကို ကုလားက ချော်ဒရီ ဇ(ဂျ)မီဒါရီ စသည်ဖြင့် ခေါ်သည်။
    owner of field
    နာမ်

    ချိတ်လတ်

    [ɕeɪʔlaʔ]
    တန်းခါးရွက်ကို ပိတ်ရာမာ အရာကပ္ပဇာ လက်ယှက်ကွင်းတံတခုဖြင့် စွပ်သွင်း၍ လက်ခုတ်သီး လန့်ဆန့်တံအစဟိစွာ လျှိုပိတ်ရေ ကိရိယာ။ ဖကပ်
    တံခါးရွက်ကို ပိတ်ရာတွင် အခြားပတ္တာ လက်ယှက်ကွင်းတံတစ်ခုဖြင့် စွပ်သွင်း၍ သော့ခလောက် ကန့်လန့်တံစသည် လျှိုပိတ်သည့် ကိရိယာ။ မျောက်လက်
    hasp
    နာမ်

    ချိတ်သျှင်

    [ɕeɪʔʃɪ̀ɴ]
    လယ်မြီပိုင်သျှင်။ ပြုစုကောင်း။ (ဖသွန်ိတ်၊ ကာဒီချိတ် အစဟိစွာအနိန်နန့် လယ်မြီပိုင်ဆိုင်သူကို တွဲစပ်၍ မှည့်ခေါ်ထားရေ။) (ချိတ်သျှင် ကို ကုလားက ချော်ဒရီ ဇ(ဂျ)မီဒါရီ အစဟိစွာအနိန်နန့် ခေါ်ရေ။
    လယ်မြေပိုင်သျှင်။ ပြုစုကောင်း။ (ဖလောင်းချိတ်၊ ကာဒီချိတ် စသည်ဖြင့် လယ်မြေပိုင်ဆိုင်သူကို တွဲစပ်၍ မှည့်ခေါ်ထားသည်။) (ချိတ်သျှင် ကို ကုလားက ချော်ဒရီ ဇ(ဂျ)မီဒါရီ စသည်ဖြင့် ခေါ်သည်။
    owner of field
    နာမ်

    ချိနဲ့

    [ɕìné]
    အားနည်းပျော့လျသော
    အားနည်းပျော့လျသော
    wackiness
    နာမဝိသေသန

    ချိန်

    [ɕèɪɴ]
    ၁၊ တခုတရီသော ဝန် ဝတ္တု တခုခုရို့၏ အလီးပမာဏကို သိရယောင် ခြင်တွယ်ရရေ ကိရိယာ။ ၂၊ အလီး။ ၃၊ အစောက်ကို တိုင်းတာသော ကိရိယာ။ ယင်းတိုင်ယောင်းတာ သူ။ ရီကြောင်းချိန်ကေ၊ မာလိန်မှုးကို၊ ရှီးဦးခေါ်သွင်း (မာရဒ)
    ၁၊ တစ်စုံတစ်ခုသော ပစ္စည်း ဝတ္တု တစ်ခုခုတို့၏ အလေးပမာဏကို သိရအောင် ချိန်တွယ်ရသော ကိရိယာ။ ၂၊ အလေး။ ၃၊ အစောက်ကို တိုင်းတာသော ကိရိယာ။ ယင်းသို့တိုင်းတာ သူ။ ရေကြောင်းချိန်ကေ၊ မာလိန်မှုးကို၊ ရှေးဦးခေါ်သွင်း (မာရဒ)
    pairr of scales
    နာမ်

    ချိန်း

    [ɕéɪɴ]
    တခုတရီသော ကိစ္စကို ဆောင်ရွက်ရန် အခါကာလ နီရာဒေသကို သတ်မှတ်ထားရေ
    တစ်စုံတစ်ခုသော ကိစ္စကို ဆောင်ရွက်ရန် အခါကာလ နေရာဒေသကို သတ်မှတ်ထားသည်
    appoint
    ကြိယာ

    ချိန်၂

    [ɕèɪɴ၂]
    တွေးခေါ် ဆင်ခြင်ရေ။ တွက်ဖော် မှန်းကြည့်ရေ
    တွေးတော ဆင်ခြင်သည်။ စဉ်းစား မှန်းကြည့်သည်
    judge
    ကြိယာ

    ချိန်၃

    [ɕèɪɴ၃]
    တုတ်၊ ဓါး၊ လှံ၊ မြှားအစဟိစွာအနိန်နန့် ပစ်ခတ်ရန် ရည်မှန်းရေ။ မှန်းရေ။ ရွယ်သည်
    တုတ်၊ ဓါး၊ လှံ၊ မြှားစသည်ဖြင့် ပစ်ခတ်ရန် ရည်မှန်းသည်။ မှန်းသည်။ ရွယ်သည်
    aim
    ကြိယာ

    ချိန်ကိုက်

    [ɕèɪɴkaɪʔ]
    ၁၊ ပြုအံ့ ကိစ္စဟူသမျှကို တင်ကူးပနာ ညှိနိုင်းရေ။ ၂၊ အချိန်အခါနန့် လိုက်ဖက်ညီယောင် ပြုလုပ်ထားရေ
    ၁၊ ပြုလတ္တံ့ ကိစ္စဟူသမျှကို တင်ကူး၍ ညှိနိုင်းသည်။ ၂၊ အချိန်အခါနှင့် လိုက်ဖက်ညီအောင် ပြုလုပ်ထားသည်
    bring into harmony
    ကြိယာ