Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,061–4,080 of 34,671 words

    ခ

    ချိန်စာကိုက်

    [ɕèɪɴsàkaɪʔ]
    ၁၊ ရည်ရွယ်ချက်၊ မှန်းဆချက်အတိုင်း ဖြစ်တေ။ ၂၊ မှန်းချိန်ခြင်းနန့်အညီ ဖြစ်တေ
    ၁၊ ရည်ရွယ်ချက်၊ မှန်းဆချက်အတိုင်း ဖြစ်သည်။ ၂၊ မှန်းချိန်ခြင်းနှင့်အညီ ဖြစ်သည်
    bring into harmony
    ကြိယာ

    ချိန်ဆ

    [ɕèɪɴsʰ]
    ၁၊ ထောက်ထားရေ။ ဆင်ခြင်ရေ။ ၂၊ စိုင်းစားသည်
    ၁၊ ထောက်ထားသည်။ ဆင်ခြင်သည်။ ၂၊ စဉ်းစားသည်
    conider
    ကြိယာ

    ချိန်းဆို

    [ɕéɪɴsʰÒ]
    တခုတရီသော ကိစ္စကို ဆောင်ရွက်ရန် အခါကာလ နီရာဒေသကို ကြိုတင် သတ်မှတ်ထားရေ
    တစ်စုံတစ်ခုသော ကိစ္စကို ဆောင်ရွက်ရန် အခါကာလ နေရာဒေသကို ကြိုတင် သတ်မှတ်ထားသည်
    appoint
    ကြိယာ

    ချိန်တွက်

    [ɕèɪɴtwɛʔ]
    နိုင်းနိူင်း ဆင်ခြင်ရေ။ တခုနန့်တခု၊ တဦးနန့်တဦး တွဲနိူင်းပြရေ
    နိုင်းယှဉ် ဆင်ခြင်သည်။ တစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး တွဲယှဉ်ပြသည်
    compare
    ကြိယာ

    ချိန်းမ

    [ɕéɪɴm]
    အပိုင်းအရာ။ တဦးနန့်တဦး၊ တနိုင်ငံနန့် တနိုင်ငံ နယ်မြီ အပိုင်းအရာအရပ်။ နယ်ခြား။ နယ်စပ်။ မှတ်တိုင်။ အမှတ်အသား စိုက်ထူထားရေ အရာ။ (သီမာ- သျှီမာ-ချိန်းမ-ပါပျက်)
    အပိုင်းအခြား။ တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နယ်မြေ အပိုင်းအခြားအရပ်။ နယ်ခြား။ နယ်စပ်။ မှတ်တိုင်။ အမှတ်အသား စိုက်ထူထားသော အရာ။ (သီမာ- သျှီမာ-ချိန်းမ-ပါပျက်)
    specify
    နာမ်

    ချိန်ရွယ်

    [ɕèɪɴɹwɛ̀]
    ၁၊ စိတ်မာကြံရွယ် ဦးတည်ချက် ထားရေ။ ၂၊ ကြိုတင် မျှော်မှန်းထားရေ
    ၁၊ စိတ်တွင်ကြံရွယ် ဦးတည်ချက် ထားသည်။ ၂၊ ကြိုတင် မျှော်မှန်းထားသည်
    aim
    ကြိယာ

    ချိန်သီး

    [ɕèɪɴθï]
    ချိန်ရေကြိုး အစွန်းဖျားမာ ဆွဲထားရေ အလီး
    ချိန်သည့်ကြိုး အစွန်းဖျားတွင် ဆွဲထားသော အလေး
    plumbbob
    နာမ်

    ချိပ်

    [ɕìaʔ]
    ၁၊ အဖျားကောက်သော အရာ။ ၂၊ တခုတရီသော ဝန်ကိုဆွဲယူ၊ ဆွဲထားရရေ ကိရိယာ။ ၃၊ အဝတ်အထည် တခုနန့်တခုကို ချိတ်တွယ်ရရေ သံချိတ်ငယ်
    ၁၊ အဖျားကောက်သော အရာ။ ၂၊ တစ်စုံတစ်ခုသော ပစ္စည်းကိုဆွဲယူ၊ ဆွဲထားရသော ကိရိယာ။ ၃၊ အဝတ်အထည် တစ်ခုနှင့်တစ်ခုကို ချိတ်တွယ်ရသော သံချိတ်ငယ်
    safety pin
    နာမ်

    ချို

    [ɕÒ]
    ၁၊ (အဝတ်) ဖွပ်။ တောအောက်မြိုင်ခွင်၊ ကျောက်အိုင်ကြီး၌၊ အနှီးချိုရန်၊ လားလိုပြန်ပနာ (ရာမ)။ ၂၊ ရင်းနှီးမှု အချင်းချင်း ဖဲကစပ်ကတ်ရာ ရယ်စရာအဖြစ် ပြုတ်မနူး ပြုလုပ်ဗျာယ် ဖဲဒိုင်သမားက ဝိုင်းတော်သားအားလုံးကို ချို ရေလို့ ဆိုကာ အလျင်မပီးထားကတ်တေ။ ဝိုင်းတေ
    ၁၊ (အဝတ်) လျှော်ဖွပ်သည်။ တောအောက်မြိုင်ခွင်၊ ကျောက်အိုင်ကြီး၌၊ အနှီးချိုရန်၊ သွားလိုပြန်၍ (ရာမ)။ ၂၊ ရင်းနှီးမှု အချင်းချင်း ဖဲကစားကြရာ ရယ်စရာအဖြစ် ပြောင်ချော်ချော် ပြုလုပ်ကာ ဖဲဒိုင်သမားက ဝိုင်းတော်သားအားလုံးကို ချို သည်ဟု ဆိုကာ အလျင်မပေးထားကြသည်။ ဝိုင်းတေ
    wash
    ကြိယာ

    ချို့

    [ɕo̰]
    ပြည့်စုံခြင်းမဟိ။ လိုနီသိမ့်ရေ
    ပြည့်စုံခြင်းမရှိ။ လိုနေသေးသည်
    be poor
    ကြိယာ

    ချိုး

    [ɕó]
    ၁၊ လက်ဝဲ၊ လက်ယာတဖက်ကို လှည့်ရေ။ ကွေ့ရေ။ ၂၊ တခုတရီကို ကျိုးစီရေ။ ကျိုးယောင်လုပ်ရေ။ ၃၊ နှိမ်နင်း ဖျက်ဆီးရေ။ ၄၊ ရီချိုးရေ။ ၅၊ ရွီတွက်မှတ်သားရေ။ လက်ဆစ် ချိုးလို့ ရွီ
    ၁၊ လက်ဝဲ၊ လက်ယာတစ်ဘက်သို့ လှည့်သည်။ ကွေ့သည်။ ၂၊ တစ်စုံတစ်ရာကို ကျိုးစေသည်။ ကျိုးအောင်လုပ်သည်။ ၃၊ နှိမ်နင်း ဖျက်ဆီးသည်။ ၄၊ ရေချိုးသည်။ ၅၊ ရေတွက်မှတ်သားသည်။ လက်ဆစ် ချိုးလို့ ရွီ
    broke
    ကြိယာ

    ချို၂

    [ɕÒ၂]
    ၁၊ သကြား၊ သကာရို့ပိုင် အရသာမျိုးဟိရေ။ ၂၊ ရွှင်ပြ ကြည်လင်သော မျက်ကြောဟိရေ။ မျက်နှာချိုရေ
    ၁၊ သကြား၊ သကာတို့ကဲ့သို့ အရသာမျိုးရှိသော။ ၂၊ ရွှင်ပျ ကြည်လင်သော မျက်နှာထားရှိသော။ မျက်နှာချိုသည်
    sweet
    နာမဝိသေသန

    ချိုးခရွက်

    [ɕókʰɹwɛʔ]
    တတိန်းချေနိန်ရေမှ ပေါ်ထွက်လှာသော လှုပ်ယှားမှုအသံ
    တိတ်တဆိတ်နေသည်မှ ပေါ်ထွက်လာသော လှုပ်ရှားမှုအသံ
    none
    နာမ်

    ချိုချို

    [ɕÒɕÒ]
    လီးနက်ရေ ချိုခြင်းမျိုးမဟုတ်ဘဲ။ အရသာ လျော့နည်းစွာ
    လေးနက်သော ချိုခြင်းမျိုးမဟုတ်ပဲ။ အရသာ လျော့နည်းစွာ
    sweet
    ကြိယာဝိသေသန

    ချိုချိုး

    [ɕÒɕó]
    အချိုလွန်သော အရသာ
    အချိုလွန်သော အရသာ
    sweet
    နာမ်

    ချိုချိုသာသာ

    [ɕÒɕÒθàθà]
    ၁၊ သာယာ နာပျော်ဖွယ်ဖြစ်ရေ (စကား)။ ၂၊ ကြည်လင်ရွှင်ပြသော (မျက်ကြောဖြင့်)
    ၁၊ သာယာ နာပျော်ဖွယ်ဖြစ်သော (စကား)။ ၂၊ ကြည်လင်ရွှင်ပျသော (မျက်နှာထားဖြင့်)
    tuneful
    နာမဝိသေသန

    ချိုချောင်း

    [ɕÒɕáʊɴ]
    အသင့်အတင့်လောင်းာက်ရာ ချိုရေအရသာမျိုး
    အသင့်အတင့်မျှသာ ချိုသောအရသာမျိုး
    sweet
    နာမ်

    ချိုင်

    [ɕàɪɴ]
    ၁၊ အပင်၊ သစ်ကိုင်း စစွာကို ကြိုးဖြင့် ချိုင်ရေ။ ၂၊ နှိမ်နင်းရေ။ ရန်စဖြတ်နိုင်၊ ဖမ်း၍ချိုင်က (ရခိုင်ကာ)
    ၁၊ သစ်ပင်၊ သစ်ကိုင်း စသည်ကို ကြိုးဖြင့် ချည်သည်။ ၂၊ နှိမ်နင်းသည်။ ရန်စဖြတ်နိုင်၊ ဖမ်း၍ချိုင်က (ရခိုင်ကာ)
    cut
    ကြိယာ

    ချိုင်

    [ɕàɪɴ]
    နက်ဟိုင်းသော အရပ်။ စောက်နက်ရေ အရပ်။ အထဲကို ခွက်ဝင်နိန်ရေ အရာ
    နက်ရှိုင်းသော အရပ်။ စောက်နက်သော အရပ်။ အတွင်းသို့ ခွက်ဝင်နေသော အရာ
    depression
    နာမ်

    ချိုင်း

    [ɕáɪɴ]
    ၁၊ ချမ်းရေ။ ချမ်းအီးရေ။ မောင်တော်ချိုင်းလို့၊ တပိုင်းခြုံမည်၊ ဆိုတုံငြားက၊ ကမ္ပလာကို၊ လှမ်းကာလွယ်ကူ၊ ယူတော်မူပြီးကေ (ထာနု)။ ၂၊ (အချိန်အခါလွန်၍) အေးရေ။ သူရို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါကေ(ပဒုမ္မ)
    ၁၊ ချမ်းသည်။ ချမ်းအေးသည်။ မောင်တော်ချိုင်းလို့၊ တစ်ပိုင်းချုံမည်၊ ဆိုတုံငြားက၊ ကမ္ပလာကို၊ လှမ်းကာလွယ်ကူ၊ ယူတော်မူ၍ (ထာနု)။ ၂၊ (အချိန်အခါလွန်၍) အေးသည်။ သူတို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါကေ(ပဒုမ္မ)
    cold
    ကြိယာ