Dictionary Entries
Showing 4,161–4,180 of 34,671 words
ခ
ချီးပူး
[ɕïpùး]
Arakanese:
ဆံပင်ကို ရိတ်ထားပနာ ခေါင်းပြောင်နိန်ရေ သူအားခေါ်သော စကားလုံး
Burmese:
ဆံပင်ကို ရိတ်ထား၍ ခေါင်းပြောင်နေသော သူအားခေါ်သော စကားလုံး
English:
clean shaven head
Grammar Note:
ကြိယာ
ချီးပူးမ
[ɕïpùးm]
Arakanese:
ဆံပင်ကို ရိတ်ထားပနာ ခေါင်းပြောင်နိန်ရေ သူအားခေါ်သော စကားလုံး။ အဂေါင်း၌ ဆံပင်မပေါက် ပြောင်ချောနိန်ရေ သူအား ခေါ်သော စကားလုံး
Burmese:
ဆံပင်ကို ရိတ်ထား၍ ခေါင်းပြောင်နေသော သူအားခေါ်သော စကားလုံး။ ဦးခေါင်း၌ ဆံပင်မပေါက် ပြောင်ချောနေသော သူအား ခေါ်သော စကားလုံး
English:
clean shaven head
Grammar Note:
နာမ်
ချီးပေါက်
[ɕïpaʊʔ]
Arakanese:
ချီးပုရေ။ ချီးပေါက်သည်
Burmese:
အီးပေါက်သည်။ လေလည်သည်
English:
break wind
Grammar Note:
ကြိယာ
ချီးပေါက်၂
[ɕïpaʊʔ၂]
Arakanese:
အာသရ၊ ဦသရ၊ ဤသရရို့ကို ရွက်ဆိုရာမာ လီးနက်စီရန် အစက်ပေါက်ငယ် နှစ်လုံး။ (း) ကား၊ ကီး၊ ကူး
Burmese:
အာသရ၊ ဦသရ၊ ဤသရတို့ကို ရွက်ဆိုရာ၌ လေးနက်စေရန် အစက်ပေါက်ငယ် နှစ်လုံး။ (း) ကား၊ ကီး၊ ကူး
English:
none
Grammar Note:
နာမ်
ချီးပေါက်မပိုး
[ɕïpaʊʔmpó]
Arakanese:
လူကိုင်မိလျှင် ချီးပုပိုင် မြည်ပြီး အနံ့အသက်ဆိုးဝါးသော အနက်ရောင်မာ အဝါကွက်ပါရေ မြေမားနေပိုးကောင် တမျိုး
Burmese:
လူကိုင်မိလျှင် အီးပေါက်သကဲ့သို့ မြည်ပြီး အနံ့အသက်ဆိုးဝါးသော အနက်ရောင်တွင် အဝါကွက်ပါသော မြေတွင်းနေပိုးကောင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ချီးပေါက်ဝမ်းသန်
[ɕïpaʊʔwáɴθàɴ]
Arakanese:
အလွန်အကျွံ။ အလွန်အကျွံ(စားသည်)
Burmese:
အလွန်အမင်း။ အလွန်အကျွံ(စားသည်)
English:
excessively-exceedingly
Grammar Note:
ကြိယာဝိသေသန
ချီးပေါက်ဝမ်းသန်၂
[ɕïpaʊʔwáɴθàɴ၂]
Arakanese:
ပစ်သုံးကျ။ လူန။ လူအ။ လူနုံ။ လူချာ
Burmese:
အသုံးမကျသူ။ လူန။ လူအ။ လူနုံ။ လူချာ
English:
blockhead-dullard
Grammar Note:
နာမ်
ချီးပေါက်သန်
[ɕïpaʊʔθàɴ]
Arakanese:
ပါးချပ်ချပ် တပေခန့်ရှည် ရီချိုငါးတမျိုး
Burmese:
ပါးချပ်ချပ် တစ်ပေခန့်ရှည် ရေချိုငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ချီးပေါက်အောက်မြစ်
[ɕïpaʊʔʔɔ́ɛʔmɹɪʔ]
Arakanese:
စာအရီးအသား သတ်ပုံ၊ သတ်ညွှန်း၊ အပင့်၊ အမြစ်၊ ဝစ္စပေါက် မှန်မမှန်ကို (မီးမြန်း) ရာမာ သုံးသော စကားလုံး
Burmese:
စာအရေးအသား သတ်ပုံ၊ သတ်ညွှန်း၊ အပင့်၊ အမြစ်၊ ဝစ္စပေါက် မှန်မမှန်ကို (မေးမြန်း) ရာ၌ သုံးသော စကားလုံး
English:
orthography
Grammar Note:
နာမ်
ချီးပါစား
[ɕïpàsá]
Arakanese:
(အစာကို) အလွန်အကျွံစားသောအနိန်နန့် ။ အလွန့်အလွန့် စားသည်ဖြစ်ပနာ
Burmese:
(အစာကို) အလွန်အမင်းစားသော အားဖြင့် ။ အလွန့်အလွန့် စားသည်ဖြစ်၍
English:
excessively-exceedingly
Grammar Note:
ကြိယာဝိသေသန
ချီးပါထမ်း
[ɕïpàtʰáɴ]
Arakanese:
(အင်အားမမျှ) အလွန့်အကျွံလီးလံသော ဝန်ထုပ်ဒါဏ်ပိုးကို ထမ်းရွက်သည်
Burmese:
(အင်အားမမျှ) အလွန့်အကျွံလေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်သည်
English:
carry
Grammar Note:
ကြိယာ
ချီးပါရွက်
[ɕïpàɹwɛʔ]
Arakanese:
(အင်အားမမျှ) အလွန့်အကျွံလီးလံသော ဝန်ထုပ်ဒါဏ်ပိုးကို ထမ်းရွက်သည်
Burmese:
(အင်အားမမျှ) အလွန့်အကျွံလေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်သည်
English:
carry
Grammar Note:
ကြိယာ
ချီးပါသီးပါ
[ɕïpàθïpà]
Arakanese:
အလွန့်အလွန့်။ (ထမ်းရွက်သည်)
Burmese:
အလွန့်အလွန့်။ (ထမ်းရွက်သည်)
English:
carry
Grammar Note:
ကြိယာဝိသေသန
ချီးပါသီးပါ၂
[ɕïpàθïpà၂]
Arakanese:
ချီးရောသိမ့်ပါ ရောနှောဗျာယ်။ စကားမရှင်းမလင်း မပြေမပြစ် ထွီးရောယှက်တင် ပြောသောအနိန်နန့်။ အရောအနှော
Burmese:
ချေးရောသေးပါ ရောနှောလျက်။ စကားမရှင်းမလင်း မပြေမပြစ် ထွေးရောယှက်တင် ပြောသော အားဖြင့်။ အရောအနှော
English:
mixture
Grammar Note:
ကြိယာဝိသေသန
ချီးဖတ်
[ɕïpʰaʔ]
Arakanese:
(ဥပစာ) ဗဟရီ၊ အသုံးမပြုရေ အရာ၊ ဘိဇာညံ့သော အရာ
Burmese:
(ဥပစာ) အသုံးမကျ၊ အသုံးမပြုသော အရာ၊ အလွန်ပျော့ညံ့သော အရာ
English:
weak
Grammar Note:
နာမ်
ချီးဖတ်၂
[ɕïpʰaʔ၂]
Arakanese:
(ဥပစာ) ဗဟရီ၊ အသုံးမဝင် ဖြစ်တေ။ ဘိဇာညံ့ရေ။ မုန့်မုန့် ညက်ညက်။ သိသိမှုန့်မှုန့်
Burmese:
(ဥပစာ) အသုံးမကျ၊ အသုံးမဝင် ဖြစ်သည်။ အလွန်ပျော့ညံ့သည်။ မုန့်မုန့် ညက်ညက်။ ညက်ညက်ကြေသည်
English:
weak
Grammar Note:
ကြိယာ
ချီဖား
[ɕípʰá]
Arakanese:
ချေသတ္တဝါအဖို၊ အထီး
Burmese:
ချေသတ္တဝါအဖို၊ အထီး
English:
male barking deer
Grammar Note:
နာမ်
ချီးဖေါင်သာ
[ɕïpʰèàɪ̀ɴθà]
Arakanese:
အိမ်သာ
Burmese:
အိမ်သာ
English:
toilet-latrine
Grammar Note:
နာမ်
ချီးဖြိန့်တုန်
[ɕïpʰɹèɪɴ့tòʊɴ]
Arakanese:
အသည်းကြွီလုတမျှ တုန်လှုပ် ချောက်ချားဗျာယ်။ ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တမျှ
Burmese:
အသည်းကြွေလုတစ်မျှ တုန်လှုပ် ချောက်ချားလျက်။ ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တစ်မျှ
English:
horrify
Grammar Note:
ကြိယာဝိသေသန
ချီးများ
[ɕïmrá]
Arakanese:
(ဥပစာ) အရွီအတွက်ရာ များတွက်နန့် အရည်အခြင်း မဟိရေ။ ဗဟရီသော
Burmese:
(ဥပစာ) အရေအတွက်သာ များ၍ အရည်အချင်း မရှိသော။ အသုံးမကျသော
English:
base
Grammar Note:
နာမဝိသေသန