Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 34,671 words

    က

    ကပျာကယာ

    [kpràkjà]
    နှောင့်နှေးခြင်းမဟိဘဲ။ ဆုတ်ဆိုင်းခြင်းမဟိဘဲ။ အယင့်ယင်။ အဂု။ ကကောင်းလျင်စေလိုရေ အနိန်နန့်။ အရီးတကြီး။ ကမန်းကတန်း
    နှောင့်နှေးခြင်းမရှိဘဲ။ ဆုတ်ဆိုင်းခြင်းမရှိဘဲ။ လျင်မြန်စွာ။ ချက်ချင်း။ လျင်မြန်စေလိုသော အားဖြင့်။ အရေးတကြီး။ ကမန်းကတန်း
    hurriedly - fastest
    ကြိယာဝိသေသန

    ကပျာကရီ

    [kpràkɹí]
    ကကောင်းလျင်စေလိုရေအနိန်နန့်။ နှောင့်နှေးခြင်းမဟိဘဲ
    လျင်မြန်စေလိုသောအားဖြင့်။ နှောင့်နှေးခြင်းမရှိဘဲ
    swiftness
    ကြိယာဝိသေသန

    ကပျာချိတ်ချွတ်

    [kpràɕeɪʔɕwaʔ]
    ကကောင်းလျင်စေလိုရေအနိန်နန့်။ အဆောင်တလျင်။ ကမန်းကတန်း
    လျင်မြန်စေလိုသောအားဖြင့်။ အဆောင်တလျင်။ အလျင်စလို
    swiftness
    ကြိယာဝိသေသန

    ကပျိုကယို

    [kprÒkjÒ]
    ပြုပျင်ခြင်းမဟိဘဲ။ တင်းကျပ်မြဲမြံခြင်းမဟိဘဲ။ အဆင်ပြေပိုင်
    ပြုပြင်ခြင်းမရှိပဲ။ တင်းကျပ်မြဲမြံခြင်းမရှိပဲ။ ဖြစ်သလို
    sloppy
    ကြိယာဝိသေသန

    ကပြိုင်

    [kpɹàɪɴ]
    ပင်လယ်ကမ်းစ ဆားပျာရည် မှီရာမာ ပေါက်တတ်ရေ အပင်တမျိုး
    ပင်လယ်ကမ်းစပ် ဆားငံရည် မှီရာတွင် ပေါက်တတ်သော သစ်ပင်တစ်မျိုး
    tree of the mangrove family Ceriops roxburghiana - plant grows in the salty water
    နာမ်

    ကပြောင်းကပြန်

    [kpɹáʊɴkpɹàɴ]
    မငြိမ်မသက် စောက်ထိုးမောက်လှန်။ အောက်နှင့်အထက် ပြောင်းပြန်ဖြစ်ဗျာယ်
    မငြိမ်မသက် စောက်ထိုးမောက်လှန်။ အောက်နှင့်အထက် ပြောင်းပြန်ဖြစ်လျက်
    reverse above and below
    ကြိယာဝိသေသန

    ကဖုကဆစ်

    [kpʰoʊksʰɪʔ]
    နားလည်ရန်ခက်ခဲသော အချက်
    နားလည်ရန်ခက်ခဲသော အချက်
    confused point
    နာမ်

    ကဖုကထစ်

    [kpʰoʊktʰɪʔ]
    ခန္ဓကိုယ်၏ အသားရီထက်မာ စူထွက် မို့ဖောင်းနိန်ရေ အရာ
    ခန္ဓကိုယ်၏ အသားရေပေါ်တွင် စူထွက် မို့ဖောင်းနေသော အရာ
    tumour of body
    နာမ်

    ကဖုကထစ်၂

    [kpʰoʊktʰɪʔ၂]
    (ဥပစာ) ပြေပြစ်ခြင်း၊ ချောမွိ့လွယ်ကူခြင်းမဟိရေ အဖြစ်အနေသဘော
    (ဥပစာ) ပြေပြစ်ခြင်း၊ ချောမွေ့လွယ်ကူခြင်းမရှိသော အဖြစ်အနေသဘော
    difficult
    နာမဝိသေသန

    ကဖုကရု

    [kpʰoʊkɹoʊ]
    ပြေပြစ်ခြင်း၊ ချောမွိ့လွယ်ကူခြင်းမဟိရေ အဖြစ်အနေသဘော
    ပြေပြစ်ခြင်း၊ ချောမွေ့လွယ်ကူခြင်းမရှိသော အဖြစ်အနေသဘော
    difficult
    နာမ်

    ကဖုကရု၂

    [kpʰoʊkɹoʊ၂]
    ပြေပြစ်ခြင်း၊ ချောမွိ့လွယ်ကူခြင်းမဟိရေ အဖြစ်အနေသဘော
    ပြေပြစ်ခြင်း၊ ချောမွေ့လွယ်ကူခြင်းမရှိသော အဖြစ်အနေသဘော
    difficult
    နာမဝိသေသန

    ကဖျက်ကယက်

    [kpʰrɛʔkjɛʔ]
    ဖျက်ဆီး ပျက်စီးစီလိုရေစိတ်နန့်။ ဆင်းရဲငြိုးငြင်အောင်။ ရန်ပြု၊ ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော အနိန်နန့်
    ဖျက်ဆီး ပျက်စီးစေလိုသောစိတ်နှင့်။ ဆင်းရဲငြိုးငြင်အောင်။ ရန်ပြု၊ ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော အားဖြင့်
    baulk
    ကြိယာဝိသေသန

    ကဗျာ

    [kbrà]
    စာလုံး စာပိုဒ် အရွီအတွက်အနိန်နန့် ကာရန်အချိတ်အဆက် အစဟိစွာရို့နန့် စီကုံးထားရေ အဖွဲ့အနွဲ့ (ပါ)
    စာလုံး စာပိုဒ် အရေအတွက်အားဖြင့် ကာရန်အချိတ်အဆက် စသည်တို့ဖြင့် စီကုံးထားသော အဖွဲ့အနွဲ့ (ပါ)
    poem - verse [Sans ကာဝျ]
    နာမ်

    ကမကထ

    [kmktʰ]
    အကူအညီ။ အစောင့်အမ။ ရှေ့ဆောင် ရှေ့ရွက်ပြုပနာ။ ဦးစီး ကွပ်ကဲသော အနိန်နန့်
    အကူအညီ။ အစောင့်အမ။ ရှေ့ဆောင် ရှေ့ရွက်ပြု၍။ ဦးစီး ကွပ်ကဲသော အားဖြင့်
    help
    ကြိယာဝိသေသန

    ကမကျနမကျ

    [kmt͡ɕnmt͡ɕ]
    ဆားမရရီမရ။ ထွိမိထွိရာ။ အစီစိုင်မဟိဘဲ။ ဘာဘာညာညာရယ်လို့မသိပဲနန့်။ တွိ့ကရာ စိတ်ကူးပေါက်ရာ
    ပေါက်ကရ။ ထွေထွေရာရာ။ အစီစဉ်မရှိဘဲ။ ဘာဘာညာညာရယ်လို့မသိဘဲ။ တွေ့ကရာ စိတ်ကူးပေါက်ရာ
    disarrangement
    ကြိယာဝိသေသန

    ကမန်

    [kmàɴ]
    ရခိုင်ဘုရင်လက်ထက် လေးသည်တော်အဖြစ် ခန့်ထားရေ လေးစွဲသူရဲ
    ရခိုင်ဘုရင်လက်ထက် လေးသည်တော်အဖြစ် ခန့်ထားသော လေးစွဲသူရဲ
    bowmen
    နာမ်

    ကမန်း

    [kmáɴ]
    နီးပါး။ လုနီး။ လုလု။ လုနီးနီး။ ဘနန်း
    နီးပါး။ လုနီး။ လုလု။ လုနီးနီး။ ဘနန်း
    approximate
    ပစ္စည်း

    ကမန်းကစမ်း

    [kmáɴksáɴ]
    ကကောင်းလျင်စေလိုရေ အနိန်နန့်။ ကြိုးစားပန်းစားဗွေယူဗျာယ်။ သရူးမရူး။ စမ်းစမ်းတမ်းတမ်း။ မတိမကျ။ မသေမချာ။ မပီကလာ။ မပိုင်မနိုင်
    လျင်မြန်စေလိုသော အားဖြင့်။ အထူးတလည် အလေးထားလျက်။ အလောတကြီး။ စမ်းစမ်းဝါးဝါး။ မတိမကျ။ မသေမချာ။ မပီမသ။ မပိုင်မနိုင်
    hurry up
    ကြိယာဝိသေသန

    ကမန်းကတန်း

    [kmáɴktáɴ]
    ကကောင်းလျင်စေလိုရေ အနိန်နန့်။ ကြိုးစားပန်းစားဗွေယူဗျာယ်။ သရူးမရူး။ စမ်းစမ်းတမ်းတမ်း။ မတိမကျ။ မသေမချာ။ မပီကလာ။ မပိုင်မနိုင်
    လျင်မြန်စေလိုသော အားဖြင့်။ အထူးတလည် အလေးထားလျက်။ အလောတကြီး။ စမ်းစမ်းဝါးဝါး။ မတိမကျ။ မသေမချာ။ မပီမသ။ မပိုင်မနိုင်
    hurry up
    ကြိယာဝိသေသန

    ကမရနမရ

    [kmɹnmɹ]
    အစီအစိုင် မဟိဘဲ။ စိတ်ကူးပေါက်ရာ။ ပြတ်ပြတ်သတ်သတ် မဟိဘဲ။ သိသာ ထင်ရှား ခြားနားမှု မဟိဘဲ
    အစီအစဉ် မရှိဘဲ။ စိတ်ကူးပေါက်ရာ။ ပြတ်ပြတ်သတ်သတ် မရှိဘဲ။ သိသာ ထင်ရှား ခြားနားမှု မရှိဘဲ
    disarrangement
    ကြိယာဝိသေသန