Dictionary Entries
Showing 4,401–4,420 of 34,671 words
ခ
ခြင့်ထိုး
[kʰɹɪ̰ɴtʰó]
Arakanese:
မီးအဟိန်မပြတ် တောက်လောက်ယောင် ခြင့်ထိုးတံကို ဆွဲပနာ လှုပ်ရှားပီးရေ။ သီရိဂုတ်တောင်၌ ထိုရုပ်ရှင်တော် မဟာမုနိဘုရား မြတ်စွာကို လက်ျာမင်းနန်းကို နန်းတင်သော မြန်မာရို့စွာ တထောင်သော ခြင့်ထိုးပနာ နောက်တော် ကျောသားကိုလေ့ ယူလီ၏(ရှီးထုံး)။ ကန်အလယ်ဝယ် ဖေါင်ကြီး ဖွဲ့
Burmese:
မီးအရှိန်မပြတ် တောက်လောက်အောင် ခြင့်ထိုးတံကို ဆွဲ၍ လှုပ်ရှားပေးသည်။ သီရိဂုတ်တောင်၌ ထိုရုပ်ရှင်တော် မဟာမုနိဘုရား မြတ်စွာကို လက်ျာမင်းနန်းကို နန်းတင်သော မြန်မာတို့သည် တစ်ထောင်သော ခြင့်ထိုး၍ နောက်တော် ကျောသားကိုလည်း ယူလေ၏(ရှေးထုံး)။ ကန်အလယ်ဝယ် ဖေါင်ကြီး ဖွဲ့
English:
none
Grammar Note:
ကြိယာ
ခြင့်ထိုးထိုးလို့
[kʰɹɪ̰ɴtʰótʰólo̰]
Arakanese:
(ဥပစါ) ခြင့်ထိုးတံကိုဆွဲပနာ လှုပ်ရှားပေးပိုင် မငြိမ်မသက် ရက်ပြတ် လှုပ်ရှားပေးဗျာယ်
Burmese:
(ဥပစါ) ခြင့်ထိုးတံကိုဆွဲ၍ လှုပ်ရှားပေးသကဲ့သို့ မငြိမ်မသက် အဆက်မပြတ် လှုပ်ရှားပေးလျက်
English:
none
Grammar Note:
ကြိယာဝိသေသန
ခြင်းထူး
[kʰɹɪ́ɴtʰùး]
Arakanese:
၁၊ လူမှုရီးအားဖြင့် သင့်တင့်လျော်ကန်မှု မဟိရေ အပြုအမူ။ အပြောအဆို။ ၂၊ မဖွယ်မရာ။ အလိုတူရုပ်၊ ခြင်းထူးပျင်ပျာ၊ ထင်အရှားလျင်၊ မယားလုပ်လို့ (ဝိဇယ)
Burmese:
၁၊ လူမှုရေးအားဖြင့် သင့်တင့်လျော်ကန်မှု မရှိသော အပြုအမူ။ အပြောအဆို။ ၂၊ မဖွယ်မရာ။ အလိုတူရုပ်၊ ခြင်းထူးပျင်ပျာ၊ ထင်အရှားလျင်၊ မယားလုပ်လို့ (ဝိဇယ)
English:
improper
Grammar Note:
နာမ်
ခြင်းထူး၂
[kʰɹɪ́ɴtʰùး၂]
Arakanese:
လူမှုရီးအားဖြင့် သင့်တင့်လျော်ကန်မှု မဟိရေ အပြုအမူတိကို ပြုလုပ်ရေ
Burmese:
လူမှုရေးအားဖြင့် သင့်တင့်လျော်ကန်မှု မရှိသော အပြုအမူများကို ပြုလုပ်သည်
English:
improper
Grammar Note:
ကြိယာ
ခြင်းထူးခြင်းရာ
[kʰɹɪ́ɴtʰùးkʰɹɪ́ɴɹà]
Arakanese:
လူမှုရီးသတ်မှတ်ချက် စည်းကမ်းအရ မျှတမှန်ကန်ခြင်း မဟိရေ
Burmese:
လူမှုရေးသတ်မှတ်ချက် စည်းကမ်းအရ မျှတမှန်ကန်ခြင်း မရှိသော
English:
improper
Grammar Note:
နာမဝိသေသန
ခြင်းထူးခြင်းရာ၂
[kʰɹɪ́ɴtʰùးkʰɹɪ́ɴɹà၂]
Arakanese:
လူမှုရီး စည်းကမ်းအရ မျှတမှန်ကန်ခြင်း မဟိဘဲ
Burmese:
လူမှုရေး စည်းကမ်းအရ မျှတမှန်ကန်ခြင်း ကင်းမဲ့စွာ
English:
improper
Grammar Note:
ကြိယာဝိသေသန
ခြင်ထောင်
[kʰɹɪ̀ɴtʰàʊɴ]
Arakanese:
လူရို့ အိပ်ရေအခါ ခြင်မကိုက်ရယောင် အကာအရံအဖြစ် ပြုလုပ်ထားရေ ပါးလွှာသော ပိတ်ဖျင်၊ ဇာထည်အစဟိစွာ
Burmese:
လူတို့ အိပ်သည့်အခါ ခြင်မကိုက်ရအောင် အကာအရံအဖြစ် ပြုလုပ်ထားသော ပါးလွှာသော ပိတ်ဖျင်၊ ဇာထည်စသည်
English:
mosquito net
Grammar Note:
နာမ်
ခြင်ပြောက်
[kʰɹɪ̀ɴpɹɔ́ɛʔ]
Arakanese:
တုပ်ကွေးရောဂါကို ဖြစ်ပွားစီနှိုင်ရေ အရောင်အဆင်း ပြောက်ကျားသော ခြင်တမျိုး
Burmese:
တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော အရောင်အဆင်း ပြောက်ကျားသော ခြင်တစ်မျိုး
English:
mosquito
Grammar Note:
နာမ်
ခြင်ဖိ
[kʰɹɪ̀ɴpʰì]
Arakanese:
အိမ်မိုး အခြင်အစဟိစွာရို့ကို မရွိရယောင် အထက်မှ ဖိညှပ်ထားရေ သစ်သားတန်း၊ ဝါးလုံးတန်း
Burmese:
အိမ်မိုး အခြင်စသည်တို့ကို မရွေ့လျားရအောင် အထက်မှ ဖိညှပ်ထားသော သစ်သားတန်း၊ ဝါးလုံးတန်း
English:
principal rafter
Grammar Note:
နာမ်
ခြင်းရာ
[kʰɹɪ́ɴɹà]
Arakanese:
ကိုယ့် ဖြစ်ပျက်ခ သမျှသော အကြောင်းအရာ
Burmese:
မိမိ ဖြစ်ပျက်ခဲ့ သမျှသော အကြောင်းအရာ
English:
fact or matter about an event person
Grammar Note:
နာမ်
ခြင်းရာသွယ်
[kʰɹɪ́ɴɹàθwɛ̀]
Arakanese:
ဖြစ်ပျက်ခသမျှသော အကြောင်းအရာတိကို စိငစုံလင်စွာ လျှောက်တင် ပြောဆိုရေ စကား
Burmese:
ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို စေ့ငစုံလင်စွာ လျှောက်တင် ပြောဆိုသော စကား
English:
talk back-narrate
Grammar Note:
နာမ်
ခြင်းရာသွယ်၂
[kʰɹɪ́ɴɹàθwɛ̀၂]
Arakanese:
ယင်းပိုင် အကြောင်းအရာ တိကို စိငစုံလင်စွာ လျှောက်တင် ပြောဆိုရေ
Burmese:
ယင်းကဲ့သို့ အကြောင်းအရာ များကို စေ့ငစုံလင်စွာ လျှောက်တင် ပြောဆိုသည်
English:
talk back-narrate
Grammar Note:
ကြိယာ
ခြံစည်းရိုး
[kʰɹံsɛ́ɹó]
Arakanese:
အိမ်ဝင်း ၊ ကျောင်းဝင်း အစဟိစွာရို့ကို ပတ်ဝန်းထားရေ အကာအရံ
Burmese:
အိမ်ဝင်း ၊ ကျောင်းဝင်း စသည်တို့ကို ပတ်ဝန်းထားသော အကာအရံ
English:
fence
Grammar Note:
နာမ်
ခြစား
[kʰɹsá]
Arakanese:
(ဥပစါ) ၁၊ အလဟဿ ဆုံးယှုံးနစ်နာမှု ခံရရေ။ ၂၊ အကျင့်စာရိတ္တ ပျက်စီးရေ။
Burmese:
(ဥပစါ) ၁၊ အလဟဿ ဆုံးရှုံးနစ်နာမှု ခံရသည်။ ၂၊ အကျင့်စာရိတ္တ ပျက်စီးသည်။
English:
န) အကျင့်စာရိတ္တပျက်စီးသူ
Grammar Note:
ကြိယာ
ခြစ်
[kʰɹɪʔ]
Arakanese:
၁၊ လက်သည်း၊ ခြီသည်း စစွာတိနန့် ဆွဲငင်ရေ။ ၂၊ ထက်မြက်ရေ ပိုင်စွန်းမျိုးဖြင့် အရီးအကြောင်း ပေါ်ယောင်၊ ပဲ့ကျလှာယောင် ငင်ဆွဲရေ။ နောက်ကုန်း အရီကိုပစ်၊ ရင်အသားကိုခြစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (နတ်သိုက်)
Burmese:
၁၊ လက်သည်း၊ ခြေသည်း စသည်တို့ဖြင့် ဆွဲငင်သည်။ ၂၊ ထက်မြက်သော အသွားစွန်းမျိုးဖြင့် အရေးအကြောင်း ပေါ်အောင်၊ ပဲ့ကျလာအောင် ငင်ဆွဲသည်။ နောက်ကုန်း အရီကိုပစ်၊ ရင်အသားကိုခြစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (နတ်သိုက်)
English:
scrape-shred
Grammar Note:
နာမ်
ခြစ်၂
[kʰɹɪʔ၂]
Arakanese:
အုန်းသီး၊ သခွားသီးရို့ကို ခြစ်ပိုင် ခြစ်ရရေ ကိရိယာ
Burmese:
အုန်းသီး၊ သခွားသီးတို့ကို ခြစ်သကဲ့သို့ ခြစ်ရသော ကိရိယာ
English:
coconut scraper
Grammar Note:
နာမ်
ခြစ်ခြစ်ခြာခြာ
[kʰɹɪʔkʰɹɪʔkʰɹàkʰɹà]
Arakanese:
အလွန်နည်းပါးစွာ လက်ဝယ်ထားဟိရေ ဝန်ဝတ္တု တိနန့်။ မဟိမဲ့ဟိမဲ့။ ခြိုးခြိုးခြံခြံ။ ချို့တဲ့မှု၊ ပင်ပန်းဆင်းရဲမှု အစဟိစွာရို့ကို သည်းခံနှိုင်ရေ အနိန်နန့်။ ၂၊ ချွေတာဗျာယ်
Burmese:
အလွန်နည်းပါးစွာ လက်ဝယ်ထားရှိသော ပစ္စည်းဝတ္တု များဖြင့်။ မရှိမဲ့ရှိမဲ့။ ခြိုးခြိုးခြံခြံ။ ချို့တဲ့မှု၊ ပင်ပန်းဆင်းရဲမှု စသည်တို့ကို သည်းခံနိုင်သော အားဖြင့်။ ၂၊ ချွေတာလျက်
English:
be economical
Grammar Note:
ကြိယာဝိသေသန
ခြည်
[kʰɹɛ]
Arakanese:
၁၊ ဝါကို ကျစ်ထားရေ ငယ်ရေ ကြိုးလွန်း။ ၂၊ သိုးမွှီး၊ ပိုးမျှင် အစဟိစွာရို့ကို ကျစ်ထားရေ အမျှင်။ အာကာပြည်မာ၊ ဗုံနန့်ပတ်၊ ယိုင်စင်မာ၊ ခြည်နန့်နှတ် (ပန်းဝှက်)
Burmese:
၁၊ ဝါကို ကျစ်ထားသော သေးငယ်သော ကြိုးလွန်း။ ၂၊ သိုးမွှေး၊ ပိုးမျှင် စသည်တို့ကို ကျစ်ထားသော အမျှင်။ အာကာပြည်မှာ၊ ဗုံနှင့်ပတ်၊ ရက်ကန်းစင်မှာ၊ ခြည်နန့်နှတ် (ပန်းဝှက်)
English:
thread
Grammar Note:
နာမ်
ခြည်၂
[kʰɹɛ၂]
Arakanese:
အကွင်းဖြစ်ရေ လက်ကောက်၊ လက်စွပ်ရို့ကို ရွီတွက်ရာမာ အသုံးသော စကားလုံး။ လက်စွပ်တခြည်၊ ပျောက်ခရေ (တေး)
Burmese:
အကွင်းဖြစ်သော လက်ကောက်၊ လက်စွပ်တို့ကို ရေတွက်ရာ၌ အသုံးသော စကားလုံး။ လက်စွပ်တစ်ခြည်၊ ပျောက်ခရေ (တေး)
English:
counting handchain ring etc...
Grammar Note:
ပစ္စည်း
ခြည်ကင်ပေါင်း
[kʰɹɛkɪ̀ɴpèàɪ́ɴ]
Arakanese:
(ကြောင်ကစပ်သော ခြည်ခင်ပိုင်) အစရှာမရယောင် သပွတ်အူလိုက်
Burmese:
(ကြောင်ကစားသော ချည်ခင်ကဲ့သို့) အစရှာမရအောင် ရှုပ်ထွေးသော
English:
unclear
Grammar Note:
နာမဝိသေသန