Dictionary Entries
Showing 4,421–4,440 of 34,671 words
ခ
ခြည်ကင်ပေါင်း၂
[kʰɹɛkɪ̀ɴpèàɪ́ɴ၂]
Arakanese:
၁၊ ယင်းပိုင် အစရှာမရယောင် သပွတ်အူလိုက် ခြည်ခင်။ ၂၊ ယင်းပိုင် သပွတ်အူလိုက် ပြဿနာကို ဖြီယှင်းရန် အခြင်းအရာ
Burmese:
၁၊ ယင်းကဲ့သို့ အစရှာမရအောင် ရှုပ်ထွေးသော ချည်ခင်။ ၂၊ ယင်းကဲ့သို့ ရှုပ်ထွေးသော ပြဿနာကို ဖြေရှင်းရန် အခြင်းအရာ
English:
unclear
Grammar Note:
နာမ်
ခြည်ကပ်စက္ကူ
[kʰɹɛkaʔskə́kəù]
Arakanese:
(အယင်က ခြည်အကတ် အထက်အောက်မာပါရေ) မာတောင့်သော စက္ကူချပ် အထူ။ ဂျပ်စက္ကူ
Burmese:
(ယခင်က ချည်အကတ် အထက်အောက်တွင်ပါသော) မာတောင့်သော စက္ကူချပ် အထူ။ ဂျပ်စက္ကူ
English:
packet
Grammar Note:
နာမ်
ခြည်ကျော်
[kʰɹɛt͡ɕɔ̀]
Arakanese:
ရက်ကန်းရက်ရာမာ အတိုင်ခြည်သည် ပင်ဖြစ်ဖြစ်၊ အဖါခြည်သည် ပင်ဖြစ်ဖြစ် အစိုင်မလားပဲ ကျော်လွန်နိန်ရေ
Burmese:
ယက်ကန်းရက်ရာတွင် အတိုင်ခြည်သည် လည်းကောင်း၊ အဖါခြည်သည် လည်းကောင်း အစဉ်မသွားပဲ ကျော်လွန်နေသည်
English:
none
Grammar Note:
ကြိယာ
ခြည်ခင်
[kʰɹɛkʰɪ̀ɴ]
Arakanese:
ခြည်မျှင်တိကို အစုပြုထားရေ ယင်းခြည်စု၏ အကွင်း
Burmese:
ချည်မျှင်များကို အစုပြုထားသော ယင်းချည်စု၏ အကွင်း
English:
hank skein (of yarn)
Grammar Note:
နာမ်
ခြည်ခင်စွပ်ငှက်
[kʰɹɛkʰɪ̀ɴswaʔŋ̊ɛʔ]
Arakanese:
လိုင်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစမာ ကျက်စားလိဟိရေ ငှက်တမျိုး။ (နှမများငှက် လို့လေ့ ခေါ်ရေ။
Burmese:
လည်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစပ်တွင် ကျက်စားလေ့ရှိသော ငှက်တစ်မျိုး။ (နှမများငှက် ဟုလည်း ခေါ်သည်။
English:
bird
Grammar Note:
နာမ်
ခြည်ခေါင်း
[kʰɹɛkʰèàɪ́ɴ]
Arakanese:
ပစမာထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရရေ ကိရိယာတမျိုး။ (ဝါးကိုဖြစ်စီ၊ ကြီးပြားကိုဖြစ်စီ၊ အလျား၆လက်မ၊ အနံ တလက်မလောက်ကို အလယ်ခင်ရိုးတဖက်ကို စပါးလုံးတထောက်လောက် ပိုင်းပစ်ရရေ။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားမာ ကြိုးချိုင်၍ ခင်ကို ပစမာထည့်ကာ၊ န
Burmese:
ပါးစပ်တွင်ထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရသော ကိရိယာတစ်မျိုး။ (ဝါးကိုဖြစ်စေ၊ ကြေးပြားကိုဖြစ်စေ၊ အလျား၆လက်မ၊ အနံ တစ်လက်မခန့်ကို အလယ်ခင်ရိုးတစ်ဘက်ကို စပါးလုံးတစ်ထောက်လောက် ဖြတ်ပစ်ရသည်။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားတွင် ကြိုးချည်၍ ခင်ကို ပါးစပ်မှာထည့်ကာ၊ န
English:
none
Grammar Note:
နာမ်
ခြည်ငင်
[kʰɹɛŋɪ̀ɴ]
Arakanese:
ဗိုင်းတောင့်မှ ခြည်စပေါ်ယောင် ဝါမျှင်တိကို ဆွဲထုတ်ပနာ ရစ်ဖြင့်လှည့်ပနာ ကျစ်သည်
Burmese:
ဗိုင်းတောင့်မှ ချည်စပေါ်အောင် ဝါမျှင်များကို ဆွဲထုတ်ကာ ရစ်ဖြင့်လှည့်၍ ကျစ်သည်
English:
spin
Grammar Note:
ကြိယာ
ခြည်စာချ
[kʰɹɛsàɕ]
Arakanese:
ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့်ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့်ပင်ဖြစ်ဖြစ် ဆွတ်ဖျန်းသည်
Burmese:
ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့်လည်းကောင်း၊ ကော်ရည်ဖြင့်လည်းကောင်း ဆွတ်ဖျန်းသည်
English:
starch a skein of yarn
Grammar Note:
ကြိယာ
ခြည်စာနယ်
[kʰɹɛsànɛ̀]
Arakanese:
ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့် ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့် ပင်ဖြစ်ဖြစ် နယ်ပီးရရေ
Burmese:
ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့် လည်းကောင်း၊ ကော်ရည်ဖြင့် လည်းကောင်း နယ်ပေးရသည်
English:
starch a skein of yarn
Grammar Note:
ကြိယာ
ခြည်စာပီး
[kʰɹɛsàpï]
Arakanese:
ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့် ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့် ပင်ဖြစ်ဖြစ် ဆွတ်ဖျန်းသည်
Burmese:
ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့် လည်းကောင်း၊ ကော်ရည်ဖြင့် လည်းကောင်း ဆွတ်ဖျန်းသည်
English:
starch a skein of yarn
Grammar Note:
ကြိယာ
ခြည်ထည်
[kʰɹɛtʰɛ̀]
Arakanese:
ဝါခြည်ဖြင့် ရက်ထားရေ အထည်
Burmese:
ဝါချည်ဖြင့် ရက်ထားသော အထည်
English:
cotton cloth
Grammar Note:
နာမ်
ခြည်ထုံး
[kʰɹɛtʰóʊɴ]
Arakanese:
၁၊ အလုံးဖြစ်ယောင် ရစ်ပတ်ထားရေ ခြည်မျှင်စု။ ၂၊ ခြည်လုံး
Burmese:
၁၊ အလုံးဖြစ်အောင် ရစ်ပတ်ထားသော ချည်မျှင်စု။ ၂၊ ချည်လုံး
English:
spindle
Grammar Note:
နာမ်
ခြည်ထွီး
[kʰɹɛtʰwï]
Arakanese:
၁၊ ထွီးလုံးရစ်ပတ်၍ ပူးတွဲရောယှက် ခြူနိန်ရေ ခြည်မျှင်အစု။ ၂၊ ခြည်လုံး
Burmese:
၁၊ ထွေးလုံးရစ်ပတ်၍ ပူးတွဲရောယှက် ရှုပ်ပွေနေသော ချည်မျှင်အစု။ ၂၊ ချည်လုံး
English:
spindle
Grammar Note:
နာမ်
ခြည်ပင့်ကူ
[kʰɹɛpɪ̰ɴkù]
Arakanese:
ရက်ကန်းရက်ရာမာ အတိုင်ခြည်သည် ပင်ဖြစ်ဖြစ်၊ အဖါခြည်သည် ပင်ဖြစ်ဖြစ် တမျှင်နန့်တမျှင် ပင့်ကူအိမ်ပိုင် ယှက်သန်းနိန်ရေ အရာ
Burmese:
ယက်ကန်းရက်ရာတွင် အတိုင်ခြည်သည် လည်းကောင်း၊ အဖါခြည်သည် လည်းကောင်း တစ်မျှင်နှင့်တစ်မျှင် ပင့်ကူအိမ်သဖွယ် ယှက်သန်းနေသော အရာ
English:
none
Grammar Note:
နာမ်
ခြည်ပတ်
[kʰɹɛpaʔ]
Arakanese:
ချားမာဟိရေ ခြည်ခင်မှ ခြည်မျှင်ကို လုတ်တွား ခေါ်ဘီးမာထည့်၍ ရစ်ပတ်သည်
Burmese:
ချားတွင်ရှိသော ချည်ခင်မှ ချည်မျှင်ကို လုတ်တွား ခေါ်ဘီးတွင်ထည့်၍ ရစ်ပတ်သည်
English:
none
Grammar Note:
ကြိယာ
ခြည်ပူး
[kʰɹɛpùး]
Arakanese:
ချားမာဟိရေ ခြည်ခင်မှ ခြည်မျှင်ကို လုတ်တွား ခေါ်ဘီးမာထည့်၍ ရစ်ပတ်သည်
Burmese:
ချားတွင်ရှိသော ချည်ခင်မှ ချည်မျှင်ကို လုတ်တွား ခေါ်ဘီးတွင်ထည့်၍ ရစ်ပတ်သည်
English:
none
Grammar Note:
နာမ်
ခြည်ဖီး
[kʰɹɛpʰï]
Arakanese:
ခြည်စာကျွေးရာမာ ထမင်းအိုးအရည်တနည်း ကော်ရည် များလားပနာ တမျှင်နန့်တမျှင် ခွဲမရယောင် ပူးကပ်နီရေ
Burmese:
ချည်စာကျွေးရာတွင် ထမင်းရည်သို့မဟုတ် ကော်ရည် များသွား၍ တစ်မျှင်နှင့်တစ်မျှင် ခွဲမရအောင် ပူးကပ်နေသည်
English:
none
Grammar Note:
ကြိယာ
ခြည်ဖြီး
[kʰɹɛpʰɹï]
Arakanese:
အထည်ရက်ရန် ရက်ကန်းစင်မာ တင်ထားရေ ခြည်မျှင်စုတိကို မရှုပ်ထွီးစီရန် ပင်ဖြစ်ဖြစ်၊ သိပ်သည်းစီရန် ပင်ဖြစ်ဖြစ် (ဆပ်သွားဘီးပိုင်) ကကျစ်သီးဘီးဖြင့် ဖြီးပီးရေ
Burmese:
အထည်ရက်ရန် ယက်ကန်းစင်တွင် တင်ထားသော ချည်မျှင်စုများကို မရှုပ်ထွေးစေရန် လည်းကောင်း၊ သိပ်သည်းစေရန် လည်းကောင်း (ဆပ်သွားဘီးကဲ့သို့) ကကျစ်သီးဘီးဖြင့် ဖြီးပေးသည်
English:
none
Grammar Note:
နာမ်
ခြည်ဖြီးသီး
[kʰɹɛpʰɹïθï]
Arakanese:
ခြည်မျှင်တိကို ခြည်စာ ကျွေးပြီးကေ ဖြီးရရေ ကကျစ်သီး
Burmese:
ချည်မျှင်များကို ခြည်စာ ကျွေးပြီးနောက် ဖြီးရသော ကကျစ်သီး
English:
none
Grammar Note:
နာမ်
ခြည်မျက်စု
[kʰɹɛmrɛʔsoʊ]
Arakanese:
ခြည်ခင်ကို မရှုပ်ထွီးရယောင် ခြည်ထိန်းကြိုးဖြင့် ပိုင်းခြာထားရေ ခြည်မျှင်စု
Burmese:
ချည်ခင်ကို မရှုပ်ထွေးရအောင် ချည်ထိန်းကြိုးဖြင့် ပိုင်းခြားထားသော ချည်မျှင်စု
English:
none
Grammar Note:
နာမ်