Dictionary Entries
Showing 4,481–4,500 of 34,671 words
ခ
ခြိပ်
[kʰɹìaʔ]
Arakanese:
၁၊ သရက်ရွက်နန့် ဆင်တူ၍ အုံဆိုင်းသော အစီးထွက်သော အပင်တမျိုး။ ၂၊ ယင်းအပင်မှ ထွက်သော အစီး
Burmese:
၁၊ သရက်ရွက်နှင့် ဆင်တူ၍ ညို့မှိုင်းသော အစေးထွက်သော အပင်တစ်မျိုး။ ၂၊ ယင်းအပင်မှ ထွက်သော အစေး
English:
gum
Grammar Note:
နာမ်
ခြိပ်၂
[kʰɹìaʔ၂]
Arakanese:
မိုက်မဲသော အရောင်အဝါ ထွက်သည်
Burmese:
မည်းမှောင်သော အရောင်အဝါ ထွက်သည်
English:
opalescence
Grammar Note:
ကြိယာ
ခြိပ်ချောင်း
[kʰɹìaʔɕáʊɴ]
Arakanese:
အယင်က ချိတ်ပင်များ ပေါက်ရောက်ပနာ၊ ချိတ်စေးများ ထွက်သော နီရာ။ အရပ်
Burmese:
ယခင်က ချိတ်ပင်များ ပေါက်ရောက်၍၊ ချိတ်စေးများ ထွက်သော နေရာ။ အရပ်
English:
lac
Grammar Note:
နာမ်
ခြိပ်စီး
[kʰɹìaʔsï]
Arakanese:
ချိတ်ပင်မှ ထွက်သော အစီး
Burmese:
ချိတ်ပင်မှ ထွက်သော အစေး
English:
lac
Grammar Note:
နာမ်
ခြိပ်တံဆိပ်
[kʰɹìaʔtံsʰìaʔ]
Arakanese:
ချိတ်စေးထက်မာ ခတ်နှိပ်ထားရေ တံဆိပ်
Burmese:
ချိတ်စေးပေါ်တွင် ခတ်နှိပ်ထားသော တံဆိပ်
English:
seal
Grammar Note:
နာမ်
ခြိပ်ပိတ်
[kʰɹìaʔpeɪʔ]
Arakanese:
၁၊ အရီးကြီးရေ စာအိတ်၊ အထုပ်၊ ဝန်ဝန်ရို့ကို စိတ်သတ်ကတ်မေ လုံခြုံစွာ ချိပ်ဖြင့် ပိတ်ရေ။ ၂၊ ကျောင်း၊ အိမ်အစဟိရေ အဆောက်အအုံ အစဟိစွာရို့ကို အသုံးမပြုနိုင် စိမ့်သောငှာ ဥပဒေအရ (ချိပ်ပိတ်ပနာ) တားမြစ်သည်
Burmese:
၁၊ အရေးကြီးသော စာအိတ်၊ အထုပ်၊ ဝန်ပစ္စည်းတို့ကို စိတ်ချရအောင် လုံခြုံစွာ ချိပ်ဖြင့် ပိတ်သည်။ ၂၊ ကျောင်း၊ အိမ်စသော အဆောက်အအုံ စသည်တို့ကို အသုံးမပြုနိုင် စိမ့်သောငှာ ဥပဒေအရ (ချိပ်ပိတ်၍) တားမြစ်သည်
English:
seal
Grammar Note:
ကြိယာ
ခြိပ်ပေါက်
[kʰɹìaʔpaʊʔ]
Arakanese:
ချိတ်ပင်ကို ခုတ်ထစ်မိ၍သော် ပင်ဖြစ်ဖြစ်၊ ချိတ်စေးကို ကိုင်မိ၍သော် ပင်ဖြစ်ဖြစ်၊ အဖုအသီးထပနာ ပေါက်တတ်ရေ အနာတမျိုး။ (ခြိပ်ကြီး၊ ခြိပ်သျှေ၊ ကြက်ခြိပ် ဆိုပနာလည်း ကွဲပြားရေ။
Burmese:
ချိတ်ပင်ကို ခုတ်ထစ်မိ၍သော် လည်းကောင်း၊ ချိတ်စေးကို ကိုင်မိ၍သော် လည်းကောင်း၊ အဖုအပိမ့်ထ၍ ပေါက်တတ်သော အနာတစ်မျိုး။ (ခြိပ်ကြီး၊ ခြိပ်သျှေ၊ ကြက်ခြိပ် ဟူ၍လည်း ကွဲပြားသည်။
English:
lac
Grammar Note:
နာမ်
ခြိမ့်
[kʰɹḛɪɴ]
Arakanese:
ငြိမ့်ညောင်းရေ။ (တေးသံ) သာယာ ချိုအီးရေ။ သာယာ နာပျော်ဖွယ် ကောင်းရေ
Burmese:
ငြိမ့်ညောင်းသည်။ (တေးသံ) သာယာ ချိုအေးသည်။ သာယာ နာပျော်ဖွယ် ကောင်းသည်
English:
melodiously
Grammar Note:
ကြိယာ
ခြိမ်း
[kʰɹéɪɴ]
Arakanese:
၁၊ (မိုး) ထစ်ချုန်း (ရွာ)ရေ။ မြည်ဟည်းရေ။ ၂၊ ခြောက်ရေ။ လှန့်ရေ။ အသံဖြင့် ကြောက်လှန့် စီရေ
Burmese:
၁၊ (မိုး) ထစ်ချုန်း (ရွာ)သည်။ မြည်ဟည်းသည်။ ၂၊ ခြောက်သည်။ လှန့်သည်။ အသံဖြင့် ကြောက်လှန့် စေသည်
English:
thunder roll
Grammar Note:
ကြိယာ
ခြိမ့်ခြိမ့်
[kʰɹḛɪɴkʰɹḛɪɴ]
Arakanese:
ပြင်းထန်စွာ (မြည်ဟည်းလျှက်)။ ဘင်ခံမြောက်၊ လက်ခုပ်ဖြောက်သည်၊ ကျော်မြောက်အသံ၊ ခြိမ့်ခြိမ့်တည်း(ရခိုင်ကာ)
Burmese:
ပြင်းထန်စွာ (မြည်ဟည်းလျှက်)။ ဘင်ခံမြောက်၊ လက်ခုပ်ဖြောက်သည်၊ ကျော်မြောက်အသံ၊ ခြိမ့်ခြိမ့်တည်း(ရခိုင်ကာ)
English:
sound loudly
Grammar Note:
ကြိယာဝိသေသန
ခြိမ့်ခြိမ့်သဲသဲ
[kʰɹḛɪɴkʰɹḛɪɴθɛθɛ]
Arakanese:
၁၊ (ပွဲလမ်း သဘင်မာလူ) အလွန်စည်ကား များပြားသည် ဖြစ်ပနာ။ ၂၊ ပြင်းထန်စွာ မြည်ဟည်းလျှက်
Burmese:
၁၊ (ပွဲလမ်း သဘင်တွင်လူ) အလွန်စည်ကား များပြားသည် ဖြစ်၍။ ၂၊ ပြင်းထန်စွာ မြည်ဟည်းလျှက်
English:
sound loudly
Grammar Note:
ကြိယာဝိသေသန
ခြိမ်းခြောက်
[kʰɹéɪɴkʰɹɔ́ɛʔ]
Arakanese:
အသံဖြင့် ကြောက်စေ၊ လှန့်စီရေ။ လှန့်သည်
Burmese:
အသံဖြင့် ကြောက်စေ၊ လှန့်စေသည်။ လှန့်သည်
English:
frighten
Grammar Note:
ကြိယာ
ခြိမ့်ညောင်း
[kʰɹḛɪɴɲáʊɴ]
Arakanese:
ငြိမ့်ညောင်းရေ။ (တေးသံ) သာယာ ချိုအီးရေ။ သာယာ နာပျော်ဖွယ် ကောင်းရေ
Burmese:
ငြိမ့်ညောင်းသည်။ (တေးသံ) သာယာ ချိုအေးသည်။ သာယာ နာပျော်ဖွယ် ကောင်းသည်
English:
melodiously
Grammar Note:
ကြိယာ
ခြိမ်းပ
[kʰɹéɪɴp]
Arakanese:
ကိုယ့်ဂုဏ်ကို ကျယ်သောအသံဖြင့် ထုတ်ဖေါ် မြွက်ဟပြောဆိုဗျာယ်။ ၂၊ တံပက်လူ ကြောက်လန့်အောင် ကျွီး ပြောဆိုဗျာယ်။ လောင်းတော်ကုသ၊ အာလုပ်ဟ၍၊ ခြိမ်းပြခင်းရာက (ကုသရ)။ သိန်းဇိုဠ်ပြည်က၊ ဂေါင်းဆယ်ခွမာ၊ ခြိမ်းပခြင်းရာ (ရာမ)
Burmese:
မိမိ၏ဂုဏ်ကို ကျယ်သောအသံဖြင့် ထုတ်ဖေါ် မြွက်ဟပြောဆိုလျက်။ ၂၊ တစ်ဘက်သား ကြောက်လန့်အောင် အော်ဟစ် ပြောဆိုလျက်။ လောင်းတော်ကုသ၊ အာလုပ်ဟ၍၊ ခြိမ်းပြခင်းရာက (ကုသရ)။ သိန်းဇိုဠ်ပြည်က၊ ဂေါင်းဆယ်ခွမှာ၊ ခြိမ်းပခြင်းရာ (ရာမ)
English:
shout loudly
Grammar Note:
ကြိယာဝိသေသန
ခြိမ်းမောင်း
[kʰɹéɪɴmáʊɴ]
Arakanese:
၁၊ သတ်ပုတ်ရေ။ ညှဉ်းဆဲ နှိပ်စက်ရေ။ ၂၊ အသံဖြင့် ကြောက်လှန့် စီရေ။ ၃၊ တဖက်သား ကြောက်လန့်အောင် မျိုးက်ခြောက်ခြောက်ရေ။ ကလူနှိပ်စက်၊ ကလဝီမဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို၊ ရိုက်ပတ်ဆို၍ (မျိုးက်)
Burmese:
၁၊ သတ်ပုတ်သည်။ ညှဉ်းဆဲ နှိပ်စက်သည်။ ၂၊ အသံဖြင့် ကြောက်လှန့် စေသည်။ ၃၊ တစ်ဖက်သား ကြောက်လန့်အောင် ခြိမ်းခြောက်သည်။ ကလူနှိပ်စက်၊ မိန်းမပျက်ဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို၊ ရိုက်ပတ်ဆို၍ (မျောက်)
English:
frighten
Grammar Note:
ကြိယာ
ခြို့
[kʰɹo̰]
Arakanese:
ငေါက်ငမ်းရေ။ မာန ခက်ထန်ရေ။ မာန်ပါရေ
Burmese:
ငေါက်ငမ်းသည်။ မာန ခက်ထန်သည်။ ဒေါသထွက်သည်
English:
angry
Grammar Note:
ကြိယာ
ခြိုး
[kʰɹó]
Arakanese:
၁၊ တကူကူဆိုပနာ ကူတတ်ရေ ဂြိုးငှက်။ ရွှီကျီးချီသုတ်၊ ခြိုးစွန်ဘုတ်နန့် (ဘောင်)။ တကြူကြူ ခြိုးကူလတ်တေ (တေး)။ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ယင်း)။ ၂၊ ထမင်းအကျက်လွန်၍ အိုးမာကပ်နိန်ရေ ဘောက်ခြိုး
Burmese:
၁၊ တကူကူဟူ၍ ကူတတ်သော ချိုးငှက်။ ရွှေကျီးချီသုတ်၊ ခြိုးစွန်ဘုတ်နှင့် (ဘောင်)။ တကြူကြူ ခြိုးကူလတ်တေ (တေး)။ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (၎င်း)။ ၂၊ ထမင်းအကျက်လွန်၍ အိုးတွင်ကပ်နေသော ထမင်းခြိုး
English:
crust of cooked rice
Grammar Note:
နာမ်
ခြိုးကပ်
[kʰɹókaʔ]
Arakanese:
၁၊ ထမင်း အလွန်ကျက်၍ အိုးမာ ကပ်တွယ်နိန်ရေ။ ၂၊ ချီးထူရေ
Burmese:
၁၊ ထမင်း အလွန်ကျက်၍ အိုးတွင် ကပ်တွယ်နေသည်။ ၂၊ ချေးထူသည်
English:
be overcooked
Grammar Note:
ကြိယာ
ခြိုးကပ်၂
[kʰɹókaʔ၂]
Arakanese:
၁၊ ဟောင်းနွမ်း နိန်ရေ။၂၊ နှစ်ပေါင်းများစွာ ကြာလွန်းနိန်ရေ။ (အရာဝတ္တု)။ မင်းဝန်ကား ဇာလက်ထက်က ဝန်မှန်းမသိ ခြိုးကပ်နီဗျာယ်
Burmese:
၁၊ ဟောင်းနွမ်း နေသော။၂၊ နှစ်ပေါင်းများစွာ ကြာလွန်းနေသော။ (အရာဝတ္တု)။ မင်းပစ္စည်းကား ဇာလက်ထက်က ပစ္စည်းမှန်းမသိ ခြိုးကပ်နီဗျာယ်
English:
clap
Grammar Note:
နာမဝိသေသန
ခြိုက်နှစ်
[kʰɹaɪʔn̥ɪʔ]
Arakanese:
သဖောကျနှစ်သက်ရေ။ အားရပါးရ၊ အားပါးရတရ ဖြစ်တေ
Burmese:
သဘောကျ နှစ်သက်သည်။ အားရပါးရ၊ အားပါးရတရ ဖြစ်သည်
English:
like
Grammar Note:
ကြိယာ