Dictionary Entries
Showing 4,501–4,520 of 34,671 words
ခ
ခြိုးခြံ
[kʰɹókʰɹံ]
Arakanese:
၁၊ ပင်ပန်း ဆင်းရဲမှုရို့ကို သည်းခံနိုင်စွမ်း ဟိရေ။ ၂၊ ဖေသာ ကြီးငွီ အစဟိစွာရို့ကို အားလုံးအကျ နည်းပါးအောင် ဆင်ခြင်၍ သုံးစွဲရေ။ ချွေစွာရေ
Burmese:
၁၊ ပင်ပန်း ဆင်းရဲမှုတို့ကို သည်းခံနိုင်စွမ်း ရှိသည်။ ၂၊ ပိုက်ဆံ ကြေးငွေ စသည်တို့ကို အကုန်အကျ နည်းပါးအောင် ဆင်ခြင်၍ သုံးစွဲသည်။ ချွေတာသည်
English:
be economical
Grammar Note:
ကြိယာ
ခြိုးခြီ
[kʰɹókʰɹì]
Arakanese:
ဆားငန်ရည် မှီရာမာ ပေါက်လိဟိရေ ဟင်းချက်စားရရေ မြီကပ်ပင်ငယ် တမျိုး
Burmese:
ဆားငန်ရည် မှီရာတွင် ပေါက်လေ့ရှိသော ဟင်းချက်စားရသည့် မြေကပ်ပင်ငယ် တစ်မျိုး
English:
none
Grammar Note:
နာမ်
ခြိုးငယ်တစ်ထိုး
[kʰɹóŋɛ̀tɪʔtʰó]
Arakanese:
ချိုးငယ်တဟုန်ထိုး အထက်ကို ပျံတက်ရေ့ထိတောင် ကာလ အပိုင်းအရာ။ ပျံတက်လီကေ၊ ခြိုးငယ်တထိုး၊ ရောက်ခါတုံလေ၊ တောင်ဟုန်ထိုးလို့ (ဒွေး)
Burmese:
ချိုးငယ်တဟုန်ထိုး အထက်သို့ ပျံတက်သည့်တိုင်အောင် ကာလ အပိုင်းအခြား။ ပျံတက်လေကေ၊ ခြိုးငယ်တထိုး၊ ရောက်ခါတုံလေ၊ တောင်ဟုန်ထိုးလို့ (ဒွေး)
English:
none
Grammar Note:
နာမ်
ခြိုင်
[kʰɹàɪɴ]
Arakanese:
စိမ်းလန်းစိုပြေပြီး အပင်၏ အခက်အလက် အရွက်ရို့စွာ ဝေဆာ အုပ်ဆိုင်းဗျာယ် ကျီးငှက်များ သံသာကျူးရင့်ဗျာယ် ဟိနီခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာဖြစ်တေ
Burmese:
စိမ်းလန်းစိုပြေပြီး သစ်ပင်၏ အခက်အလက် အရွက်တို့သည် ဝေဆာ အုပ်ဆိုင်းလျက် ကျေးငှက်များ သံသာကျူးရင့်လျက် ရှိနေခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာဖြစ်သည်
English:
feeling sorry about sense
Grammar Note:
ကြိယာ
ခြိုင့်
[kʰɹa̰ɪɴ]
Arakanese:
ထမင်း၊ ဟင်းအစဟိရေ စားသောက်ဖွယ်ရို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင်ယူရရေ ဝန်
Burmese:
ထမင်း၊ ဟင်းစသော စားသောက်ဖွယ်တို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင်ယူရသော ပစ္စည်း
English:
pail-bucket
Grammar Note:
နာမ်
ခြိုင်း
[kʰɹáɪɴ]
Arakanese:
၁၊ (အပင်) ညီညာရစ်ဝိုင်း အုပ်ဆိုင်းဗျာယ် ဟိရေ။ ၂၊ တပင်နှင့် တပင် မနီးလွန်း မဝီးလွန်းသော
Burmese:
၁၊ (သစ်ပင်) ညီညာရစ်ဝိုင်း အုပ်ဆိုင်းလျက် ရှိသော။ ၂၊ တစ်ပင်နှင့် တစ်ပင် မနီးလွန်း မဝေးလွန်းသော
English:
perry
Grammar Note:
နာမဝိသေသန
ခြိုင့်၂
[kʰɹa̰ɪɴ၂]
Arakanese:
တောရိုင်း သတ္တဝါတိကို ပင်ဖြစ်ဖြစ်၊ မင်းပြစ် မင်းဒဏ်သင့်ရေ သူတိကို ပင်ဖြစ်ဖြစ် သွင်းလောင်းာင် ထားရာဖြစ်ရေ အခန်း။ လောင်းာင်အိမ်။ ဖမ်းထားချိုင်နှောင်၊ ငှက်ချိုင့်လောင်းာင်သို့ (ရခိုင်ကာ)။ ကျီးသားငယ်လေ၊ ခြိုင့်မာလောင်းာင်ကေ၊ စမရ(စန္ဒြားဖွဲ့)။ ခြိုင့်လက်လွတ်၊ ငှက
Burmese:
တောရိုင်း သတ္တဝါများကို လည်းကောင်း၊ မင်းပြစ် မင်းဒဏ်သင့်သော သူများကို လည်းကောင်း သွင်းလှောင် ထားရာဖြစ်သော အခန်း။ လှောင်အိမ်။ ဖမ်းထားချိုင်နှောင်၊ ငှက်ချိုင့်လှောင်သို့ (ရခိုင်ကာ)။ ကျီးသားငယ်လေ၊ ခြိုင့်မှာလှောင်ကေ၊ စမရလေ(စန္ဒြားဖွဲ့)။ ခြိုင့်လက်လွတ်၊ ငှက
English:
cage
Grammar Note:
နာမ်
ခြိုင်ခြိုင်
[kʰɹàɪɴkʰɹàɪɴ]
Arakanese:
စိမ်းလန်းစိုပြေပြီး အပင်၏ အခက်အလက် အရွက်ရို့စွာ ဝေဆာ အုပ်ဆိုင်းဗျာယ် ကျီးငှက်များ သံသာကျူးရင့်ဗျာယ် ဟိနီခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာ ဖြစ်တေ။ သစ်တောမာရီကြိုင်၊ ကျီးခြိုင်ခြိုင်၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီဇောင်တလေ၊ ဂနိုင်တောမာ၊ သာယာဝမ်းနည်းဖွ
Burmese:
စိမ်းလန်းစိုပြေပြီး သစ်ပင်၏ အခက်အလက် အရွက်တို့သည် ဝေဆာ အုပ်ဆိုင်းလျက် ကျေးငှက်များ သံသာကျူးရင့်လျက် ရှိနေခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာ ဖြစ်သည်။ သစ်တောမှာရီကြိုင်၊ ကျီးခြိုင်ခြိုင်၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီဇောင်တလေ၊ ဂနိုင်တောမှာ၊ သာယာဝမ်းနည်းဖွ
English:
feeling sorry about sense
Grammar Note:
ကြိယာ
ခြိုင်းခြိုင်း
[kʰɹáɪɴkʰɹáɪɴ]
Arakanese:
တောတောင်၊ အပင် ဝါးပင်စရေ သာယာပုံ တင့်ရေပုံကို အထူးပြုပနာ ပြောသော စကား
Burmese:
တောတောင်၊ သစ်ပင် ဝါးပင်စသည့် သာယာပုံ တင့်တယ်ပုံကို အထူးပြု၍ ပြောသော စကား
English:
take pleasure in
Grammar Note:
နာမ်
ခြိုင့်ခွက်
[kʰɹa̰ɪɴkʰwɛʔ]
Arakanese:
အစားအစာရို့ကို ထည့်ရရေ စောက်နက်ရေ ခွက်တမျိုး
Burmese:
အစားအစာတို့ကို ထည့်ရသော စောက်နက်သော ခွက်တစ်မျိုး
English:
bowl
Grammar Note:
နာမ်
ခြိုင့်ဆွဲ
[kʰɹa̰ɪɴsʰwɛ]
Arakanese:
ထမင်း၊ ဟင်း အစဟိစွာရို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူရရေ ဝန်။ ဆွဲချိုင့်
Burmese:
ထမင်း၊ ဟင်း စသည်တို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင် သယ်ယူရသော ပစ္စည်း။ ဆွဲချိုင့်
English:
food carrier
Grammar Note:
နာမ်
ခြိုင့်တံ
[kʰɹa̰ɪɴtံ]
Arakanese:
ဆွမ်းဂျိတ် အနားပေါက်မာ သွင်း၍ ထည့်ရေ လက်ကိုင်တံ
Burmese:
ထမင်းချိုင့် အနားပေါက်တွင် သွင်း၍ ထည့်သည့် လက်ကိုင်တံ
English:
handle of lunch box
Grammar Note:
နာမ်
ခြိုင့်တုံ
[kʰɹa̰ɪɴtòʊɴ]
Arakanese:
ထမင်း၊ ဟင်း အစဟိစွာရို့ကို ထည့်ရေချိုင့်
Burmese:
ထမင်း၊ ဟင်း စသည်တို့ကို ထည့်သည့်ချိုင့်
English:
food carrier
Grammar Note:
နာမ်
ခြိုင့်အံ
[kʰɹa̰ɪɴʔံ]
Arakanese:
ဆွဲချိုင့်၏ အဆင့်(တခု)။ (ဆွဲချိုင့်တချိုင့်မာ ငါးဆင့်ဟိကေ တဆင့်ကို ခေါ်သော စကား)
Burmese:
ဆွဲချိုင့်၏ အဆင့်(တစ်ခု)။ (ဆွဲချိုင့်တစ်ချိုင့်တွင် ငါးဆင့်ရှိလျှင် တစ်ဆင့်ကို ခေါ်သော စကား)
English:
food carrier
Grammar Note:
နာမ်
ခြိုးညို
[kʰɹóɲÒ]
Arakanese:
အညိုရောင်ဟိရေ ဂြိုးငှက်မျိုး။ ခြိုးညိုလင်းပြာ၊ ကျီးဇရက်ကေ၊ ငှက်ဟင်္သာ (ရာမ)
Burmese:
အညိုရောင်ရှိသော ချိုးငှက်မျိုး။ ခြိုးညိုလင်းပြာ၊ ကျီးဇရက်ကေ၊ ငှက်ဟင်္သာ (ရာမ)
English:
dove
Grammar Note:
နာမ်
ခြိုးညှင်း
[kʰɹóɲ̯ɪ́ɴ]
Arakanese:
၁၊ ဂြိုးငှက်အချေစား တမျိုး။ ၂၊ အဖြူနှင့် အပြာရောင်ဟိရေ ဂြိုးငှက်တမျိုး
Burmese:
၁၊ ချိုးငှက်အငယ်စား တစ်မျိုး။ ၂၊ အဖြူနှင့် အပြာရောင်ရှိသော ချိုးငှက်တစ်မျိုး
English:
dove
Grammar Note:
နာမ်
ခြိုးညှင်း၂
[kʰɹóɲ̯ɪ́ɴ၂]
Arakanese:
လူ၏ ကိုယ်ခန္ဓာမာ အဖြူ အကွက်ပြောက်များ ပေါ်တတ်ရေ အရီပြားရောဂါ တမျိုး
Burmese:
လူ၏ ကိုယ်ခန္ဓာတွင် အဖြူ အကွက်ပြောက်များ ပေါ်တတ်သော အရေပြားရောဂါ တစ်မျိုး
English:
Ring-worm
Grammar Note:
နာမ်
ခြိုးတည်ကျင်
[kʰɹótɛ̀t͡ɕɪ̀ɴ]
Arakanese:
၁၊ မခြားခြိုးငှက်တိကို ထောင်ဖမ်းရေ့ ရေချိုး။ ၂၊ တခြား ဂြိုးငှက်ထက် ငယ်သည့် အချေစား ဂြိုးငှက်တမျိုး
Burmese:
၁၊ မခြားခြိုးငှက်များကို ထောင်ဖမ်းသည့် တယ်ချိုး။ ၂၊ တစ်ခြား ချိုးငှက်ထက် ငယ်သည့် အငယ်စား ချိုးငှက်တစ်မျိုး
English:
dove
Grammar Note:
နာမ်
ခြိုးမလိုင်ဘီ
[kʰɹómlàɪɴbʱí]
Arakanese:
ဝါးခြမ်းကို အထက်ကို နှစ်ချောင်းစီတင်ပနာ အောက်ကို တချောင်းစီချပနာ ရက်ရရေ ဝါးထရံ တမျိုး
Burmese:
ဝါးခြမ်းကို အထက်သို့ နှစ်ချောင်းစီတင်၍ အောက်သို့ တစ်ချောင်းစီချ၍ ရက်ရသော ဝါးထရံ တစ်မျိုး
English:
bamboo wall
Grammar Note:
နာမ်
ခြိုးလင်းပြာ
[kʰɹólɪ́ɴpɹà]
Arakanese:
အုပ်ဖွဲ့နီလေ့ဟိပြီးကေ ပြာမွဲရောင်ဟိရေ ဂြိုးငှက်တမျိုး။ ခြိုးငယ်လင်းပြာ၊ စက္ကဝါနှင့် (ရာမ)။ ဇရက်တမာ၊ ခြိုးလင်းပြာနှင့် (ဓမ္မသာ
Burmese:
အုပ်ဖွဲ့နေလေ့ရှိ၍ မွဲပြာရောင်ရှိသော ချိုးငှက်တစ်မျိုး။ ခြိုးငယ်လင်းပြာ၊ စက္ကဝါနှင့် (ရာမ)။ ဇရက်တမာ၊ ခြိုးလင်းပြာနှင့် (ဓမ္မသာ
English:
dove
Grammar Note:
နာမ်