Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,521–4,540 of 34,671 words

    ခ

    ခြိုးသစ်မြက်

    [kʰɹóθɪʔmɹɛʔ]
    အရိုး ငယ်၍ မြေမာထွား ပေါက်လိဟိရေ မြက်တမျိုး။ (ယင်းမြက်မျိုးကို အများအနိန်နန့် ဂြိုးငှက်များ အသိုက်တင် လိဟိရေ။ တော်ရံတန်ရုံဖြင့် မသီရေ မြက်တမျိုး
    အရိုး သေးငယ်၍ မြေတွင်ထွား ပေါက်လေ့ရှိသော မြက်တစ်မျိုး။ (ယင်းမြက်မျိုးကို များသော အားဖြင့် ချိုးငှက်များ အသိုက်တင် လေ့ရှိသည်။ တော်ရံတန်ရုံဖြင့် မသေသော မြက်တစ်မျိုး
    grass
    နာမ်

    ခြိုးသိမ်း

    [kʰɹóθéɪɴ]
    ကြက်၊ ကြက်ချေ၊ ငှက်ငယ်၊ ဖားသငယ်ရို့ကို ထိုးယူဖမ်းယူ စားသောက်လိဟိရေ ငှက်ရဲ တမျိုး
    ကြက်၊ ကြက်ငယ်၊ ငှက်ငယ်၊ ဖားသငယ်တို့ကို ထိုးသုတ်ဖမ်းယူ စားသောက်လေ့ရှိသော ငှက်ရဲ တစ်မျိုး
    hawk
    နာမ်

    ခြီ

    [kʰɹì]
    လူရို့၏ ကိုယ်ခန္ဓာကို လားလာလှုပ်ရှားနှိုင်ယောင် ထောက်မထားရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း။ လင်မင်ကျော်လီ၊ ခြီတော်ဦးမာ၊ နဖူးခလို့ (ဓမ္မသာ)
    လူတို့၏ ကိုယ်ခန္ဓာကို သွားလာလှုပ်ရှားနိုင်အောင် ထောက်မထားသော ကိုယ်အင်္ဂါ အစိတ်အပိုင်း။ လင်မင်ကျော်လေ၊ ခြီတော်ဦးမှာ၊ နဖူးခလို့ (ဓမ္မသာ)
    leg
    နာမ်

    ခြီး

    [kʰɹï]
    လားလာရာလမ်း
    သွားလာရာလမ်း
    road
    နာမ်

    ခြီ၂

    [kʰɹì၂]
    ၁၊ စားသောက်ပနာ နှစ်သက်ကျီနပ်ရေ။ ခံမားတွိရေ။ မြိန်ယှက်ရေ။ အိပ်စက်မငြိမ်၊ အာဟာရများ၊ ဗျာယပွါးလို့၊ စားမကြိုက်ကေ၊ နီလို့မကောင်း (ကော်)။ တ လည်းတ ရူ‌ နှလုံးဆူကေ၊ စားမူမကြိုက်(ရီလား)။ ၂၊ ပျက်စီး ကြေပြုန်းအောင် လုပ်ရေ။ ၃၊ ကြွီမွ ထွားညက်အောင် ပြုလုပ်ရေ။ မွှေနှောက
    ၁၊ စားသောက်၍ နှစ်သက်ကျေနပ်သည်။ ခံတွင်းတွေ့သည်။ မြိန်ယှက်သည်။ အိပ်စက်မငြိမ်၊ အာဟာရများ၊ ဗျာယပွါးလို့၊ စားမခြီကေ၊ နီလို့မကောင်း (ကော်)။ တ လည်းတ ရူ‌ နှလုံးဆူကေ၊ စားမူမခြီ(ရီလား)။ ၂၊ ပျက်စီး ကြေပြုန်းအောင် လုပ်သည်။ ၃၊ ကြွေမွ ထွားညက်အောင် ပြုလုပ်သည်။ မွှေနှောက
    delicious
    ကြိယာ

    ခြီ၃

    [kʰɹì၃]
    မုန့်မုန့်ညက်ညက် ဖြစ်စီရေ။ ကြေစီရေ။ ထမင်းကိုလားဖြင့် ကြီညက်အောင် ခြီသည်
    မုန့်မုန့်ညက်ညက် ဖြစ်စေသည်။ ကြေစေသည်။ ထမင်းကိုသွားဖြင့် ကြေညက်အောင် ခြီသည်
    be crushed
    ကြိယာ

    ခြီကထောင်

    [kʰɹìktʰàʊɴ]
    ခြီထောက် တချောင်းတည်းနန့်။ ခြေတဖက်တည်းနန့်
    ခြေထောက် တစ်ချောင်းတည်းနှင့်။ ခြေတစ်ဖက်တည်းနှင့်
    be crushed
    ကြိယာဝိသေသန

    ခြီကန်လက်ကန်

    [kʰɹìkàɴlɛʔkàɴ]
    တခုတရီကို ခြေဖြင့် ပင်ဖြစ်ဖြစ်၊ လက်ဖြင့် ပင်ဖြစ်ဖြစ် ထောက်ကန် ထားရေ
    တစ်စုံတစ်ခုကို ခြေဖြင့် လည်းကောင်း၊ လက်ဖြင့် လည်းကောင်း ထောက်ကန် ထားသည်
    press and shove
    ကြိယာ

    ခြီကန်လန်လက်ကန်လန်

    [kʰɹìkàɴlàɴlɛʔkàɴlàɴ]
    ခြေ၊ လက် ကိုးရိုးကားရားဖြင့်
    ခြေ၊ လက် ကိုးရိုးကားရားဖြင့်
    awkwardly
    ကြိယာဝိသေသန

    ခြီကုပ်

    [kʰɹìkoʊʔ]
    ၁၊ ခိုင်မြဲစွာ နီရာယူရေ။ ၂၊ ချော်ဖို့လဲရယောင် ခြေဖြင့် ချိတ်ကုပ်ထားရေ
    ၁၊ ခိုင်မြဲစွာ နေရာယူသည်။ ၂၊ ချော်မလဲရအောင် ခြေဖြင့် ချိတ်ကုပ်ထားသည်
    grip
    ကြိယာ

    ခြီကောက်

    [kʰɹìkɔ́ɛʔ]
    ဒူးဆစ်ကွေး အထဲဘက်နီရာ
    ဒူးဆစ်ကွေး အတွင်းဘက်နေရာ
    Knee bent inward
    နာမ်

    ခြီကျ

    [kʰɹìt͡ɕ]
    ခါတိုင်းပိုင် ကောင်းစွာမလားနှိုင်၊ မဗြီးနှိုင်ဖြစ်တေ။ ခြီထောက်ကို ချီလားပနာ မရနှိုင်ဖြစ်တေ။ ကျွဲခြီကျပနာ၊ လယ်မထွန်နိုင် ဖြစ်တေ
    ခါတိုင်းကဲ့သို့ ကောင်းစွာမသွားနိုင်၊ မပြေးနိုင်ဖြစ်သည်။ ခြေထောက်ကို ချီသွား၍ မရနိုင်ဖြစ်သည်။ ကျွဲခြီကျ၍၊ လယ်မထွန်နိုင် ဖြစ်သည်
    cannot normal run
    ကြိယာ

    ခြီကျ၂

    [kʰɹìt͡ɕ၂]
    အမြဲတမ်းလားလာ (လေ့ကျက်) နိန်ပြီးကေဖြစ်ရေ အရာ။ ငါရို့လားလာနီကတ်လို့ ခြီကျနီဗျာလ်
    အမြဲတမ်းသွားလာ (လေ့ကျက်) နေပြီးဖြစ်သော အရာ။ ငါရို့သွားလာနီကတ်လို့ ခြီကျနီဗျာလ်
    used to
    နာမ်

    ခြီကျင်

    [kʰɹìt͡ɕɪ̀ɴ]
    ဂါရီ၊ ယာဉ်၊ ရထားအစဟိစွာရို့ကို အသုံးမပြုပဲ ခြေဖြင့် လားရေဖြစ်ပနာ။ ကုန်းကြောင်းခရီးဖြင့်။ ရဂုံမြိုင်အောက်၊ မောင်နန့်မေရို့၊ ခြီကျင်လှမ်းကေ၊ လမ်းတလျောက်မာ (ပန်း)
    လှည်း၊ ယာဉ်၊ ရထားစသည်တို့ကို အသုံးမပြုပဲ ခြေဖြင့် သွားသည်ဖြစ်၍။ ကုန်းလမ်းခရီးဖြင့်။ ရဂုံမြိုင်အောက်၊ မောင်နှင့်မေတို့၊ ခြီကျင်လှမ်းကေ၊ လမ်းတလျောက်မှာ (ပန်း)
    on foot
    ကြိယာဝိသေသန

    ခြီကျင်း

    [kʰɹìt͡ɕɪ́ɴ]
    ခြီမျက်စိ အထက်မာဝတ်ရရေ အဆင်တန်ဆာ
    ခြေမျက်စိ အထက်တွင်ဝတ်ရသော အဆင်တန်ဆာ
    foot chain
    နာမ်

    ခြီကျင်းခတ်

    [kʰɹìt͡ɕɪ́ɴkʰaʔ]
    အကျိုင်းထောင်သမား၏ ခြီမာ ခြေချင်းတပ်ပြီးကေ သော့ဖြင့် နှောင်ဖွဲ့ထားရေ
    အကျဉ်းထောင်သမား၏ ခြေတွင် ခြေချင်းတပ်၍ သော့ဖြင့် နှောင်ဖွဲ့ထားသည်
    imprisonment
    ကြိယာ

    ခြီကျင်းဝတ်

    [kʰɹìt͡ɕɪ́ɴwaʔ]
    (ခြီထောက်မာ) ခြီမျက်စိအထက်ဟိ အစိတ်အပိုင်းနီရာ
    (ခြေထောက်တွင်) ခြေမျက်စိအထက်ရှိ အစိတ်အပိုင်းနေရာ
    angle
    နာမ်

    ခြီကျင်းဝတ်၂

    [kʰɹìt͡ɕɪ́ɴwaʔ၂]
    ခြီမာ(ခြီကျင်း) တန်ဆာဆင်သည်
    ခြေတွင်(ခြေကျင်း) တန်ဆာဆင်သည်
    foot chain
    ကြိယာ

    ခြီကျဉ်

    [kʰɹìt͡ɕɪ̀ɴ]
    ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွိကို မသိပိုင် ဖြစ်တေ
    ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွေ့ကို မသိသကဲ့သို့ ဖြစ်သည်
    tingle-be numbed
    ကြိယာ

    ခြီကျဉ်း

    [kʰɹìt͡ɕɪ́ɴ]
    ဒူးဆစ်၏ အောက်ခြီမျက်စိ အထက်ဖြစ်ရေ အစိတ်အပိုင်း။ ခြေသလုံး
    ဒူးဆစ်၏ အောက်ခြေမျက်စိ အထက်ဖြစ်သော အစိတ်အပိုင်း။ ခြေသလုံး
    calf
    နာမ်