Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 4,901–4,920 of 34,671 words

    ခ

    ခွတ်ခွတ်၂

    [kʰwaʔkʰwaʔ၂]
    တခွတ်ခွတ် မပြတ်ခြီာင်းဆိုးရေ
    တခွတ်ခွတ် မပြတ်ချောင်းဆိုးသည်
    cough
    ကြိယာ

    ခွတ်ဆတ်ခွတ်လတ်

    [kʰwaʔsʰaʔkʰwaʔlaʔ]
    ၁၊ တခုထက်တခု မကြီးမငယ်။ ၂၊ တဆင့်ပြီး တဆင့်။ အဆင့်ဆင့်။ အထပ်ထပ်
    ၁၊ တစ်ခုထက်တစ်ခု မကြီးမငယ်။ ၂၊ တစ်ဆင့်ပြီး တစ်ဆင့်။ အဆင့်ဆင့်။ အထပ်ထပ်
    step by step
    နာမ်

    ခွတ်တောက်

    [kʰwaʔtɔ́ɛʔ]
    အပိုင်းပိုင်း ဖြစ်ယောင် ခွပ်ရေ
    အပိုင်းပိုင်း ဖြစ်အောင် ခုတ်သည်
    cut
    ကြိယာ

    ခွတ်ပြင်

    [kʰwaʔpɹɪ̀ɴ]
    တောခြုံတိကို ကိုယ်တိုင်ကိုယ်ကျ ခွတ်ထွင်ယှင်းလင်းရေ လယ်မြီ
    တောချုံများကို ကိုယ်တိုင်ကိုယ်ကျ ခုတ်ထွင်ရှင်းလင်းသော လယ်မြေ
    paddy land
    နာမ်

    ခွတ်လတ်ခွတ်လတ်

    [kʰwaʔlaʔkʰwaʔlaʔ]
    ဂြိုးဂြား ဂြိုးဂြား။ ရံဖိရံခါ။ ကွက်ကျား ကွက်ကျား။ အကြားအကြား
    ကြိုးကြား ကြိုးကြား။ ရံဖန်ရံခါ။ ကွက်ကျား ကွက်ကျား။ အကြားအကြား
    sometimes
    ကြိယာဝိသေသန

    ခွတ်လီခွတ်လတ်

    [kʰwaʔlíkʰwaʔlaʔ]
    ၁၊ မြီမျက်နှာပြင် အာ့လုံး ပြင်နိန်ရေ မဟုတ်ခြင်း။ ၂၊ နိမ့်တုံတခါ မြင့်တုံတချက်၊ လှိုင်းတက် လှိုင်းသက်ပိုင်ယှောင် လမ်းခရီး
    ၁၊ မြေမျက်နှာပြင် တပြေးတည်း ပြန့်ပြူးသည် မဟုတ်ခြင်း။ ၂၊ နိမ့်တုံတစ်ခါ မြင့်တုံတစ်ချက်၊ လှိုင်းတက် လှိုင်းသက်ကဲ့သို့သော လမ်းခရီး
    rough road
    နာမ်

    ခွတ်သတ်

    [kʰwaʔθaʔ]
    သီယောင် ပြုရေ။ ဒေစွားဖြင့် သတ်ဖြတ်ရေ။ ငါမာပါရေ သန်ဗျာယ် ဒေစွားနန့်၊ ငါရာခွတ်သတ်မည် (ဓမ္မက)
    သေအောင် ပြုသည်။ ဒါးဖြင့် သတ်ဖြတ်သည်။ ငါမှာပါရေ သန်လျက် ဒါးနန့်၊ ငါလျှင်ခွတ်သတ်မည် (ဓမ္မက)
    kill
    ကြိယာ

    ခွန်

    [kʰʊ̀ɴ]
    လယ်ယာ ဥယျာဉ်ခြံမှ ထွက်ရေ ပစ္စည်း
    လယ်ယာ ဥယျာဉ်ခြံမှ ထွက်သော ပစ္စည်း
    Home-grown
    နာမ်

    ခွန်း

    [kʰʊ́ɴ]
    နှုတ်ဖြင့် ထုတ်ဖေါ် ပြောဆိုရေ စကားလုံး
    နှုတ်ဖြင့် ထုတ်ဖေါ် ပြောဆိုသော စကားလုံး
    speech
    နာမ်

    ခွန်း၂

    [kʰʊ́ɴ၂]
    စကားလုံးကို ရွီတွက်ရာမာ အသုံးပြုရရေ စကားလုံး။ တခွန်းခေါ် ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ် ကျော်ကျော်မထူး(ဇမ်း)
    စကားလုံးကို ရေတွက်ရာတွင် အသုံးပြုရသော စကားလုံး။ တခွန်းခေါ် ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ် ကျော်ကျော်မထူး(ဇမ်း)
    counting speech
    ပစ္စည်း

    ခွန်စိုက်

    [kʰʊ̀ɴsaɪʔ]
    ကြိုးစား အားထုတ်ရေ
    ကြိုးစား အားထုတ်သည်
    with might and main
    ကြိယာ

    ခွန်းတိုက်

    [kʰʊ́ɴtaɪʔ]
    ပစ္စည်းရောင်းချရာမာ စျီးမှန်၊ ပစ္စည်းမှန်၊ တခွန်းတိုက်စကား။ (စျီးဆိုက်စရာ မလို)
    ပစ္စည်းရောင်းချရာ၌ ဈေးမှန်၊ ပစ္စည်းမှန်၊ တစ်ခွန်းတိုက်စကား။ (ဈေးဆိုက်စရာ မလို)
    prevailing price
    နာမ်

    ခွန်းတိုင်းချီချ

    [kʰʊ́ɴtáɪɴɕíɕ]
    စကားပြောတိုင်း ပြောတိုင်းသော အခါရို့မာ ရုန့်ရင်း ကြမ်းတမ်းရေ စကားတိကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုပနာ
    စကားပြောတိုင်း ပြောတိုင်းသော အခါတို့၌ ရုန့်ရင်း ကြမ်းတမ်းသော စကားများကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုလျက်
    rude-violent-rough-harsh
    ကြိယာဝိသေသန

    ခွန်းတိုင်းပြန်

    [kʰʊ́ɴtáɪɴpɹàɴ]
    စကားပြောသမျှ ပြန်လှန် ပြောဆိုရေ
    စကားပြောသမျှ ပြန်လှန် ပြောဆိုသည်
    talk back
    ကြိယာ

    ခွန့်တုံကြီးငယ်

    [kʰʊ̀ɴ့tòʊɴt͡ɕïŋɛ̀]
    တယောက်နှင့် တယောက် မာန်လိုမာန်ပါ ဒေါနှင့်မောနှင့် အတုံအပြန် ပြောရေ စကားအစု
    တစ်ယောက်နှင့် တစ်ယောက် မာန်လိုမာန်ပါ ဒေါနှင့်မောနှင့် အတုံအပြန် ပြောသော စကားအစု
    talk back
    နာမ်

    ခွန့်တုံကြီးငယ်၂

    [kʰʊ̀ɴ့tòʊɴt͡ɕïŋɛ̀၂]
    တယောက်နှင့် တယောက် စိတ်လက်မာန်ပါ အပြန်အလှန် စကားပြောဆို ကတ်တေ
    တစ်ယောက်နှင့် တစ်ယောက် စိတ်လိုက်မာန်ပါ အပြန်အလှန် စကားပြောဆို ကြသည်
    talk back
    ကြိယာ

    ခွန်းတုတ်

    [kʰʊ́ɴtoʊʔ]
    (တခုတရီသို့ လားဖို့) ခေါ်ဆောင်ရေ။ ပြည်တော်နန်းကို၊ ခွန်းတုတ်ခေါ်ကေ (ကော်)
    (တစ်စုံတစ်ခုသို့ သွားရန်) ခေါ်ဆောင်သည်။ ပြည်တော်နန်းကို၊ ခွန်းတုတ်ခေါ်ကေ (ကော်)
    summon
    ကြိယာ

    ခွန်းဟချီချ

    [kʰʊ́ɴhɕíɕ]
    စကားပြောတိုင်း ပြောတိုင်းသော အခါရို့မာ ရုန့်ရင်း ကြမ်းတမ်းရေ စကားတိကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုပနာ
    စကားပြောတိုင်း ပြောတိုင်းသော အခါတို့၌ ရုန့်ရင်း ကြမ်းတမ်းသော စကားများကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုလျက်
    rude-violent-rough-harsh
    ကြိယာဝိသေသန

    ခွန်အား

    [kʰʊ̀ɴá]
    ထမ်းချီ ရွက်ဆောင်နှိုင်ရေ အင်အား။ အရည်အခြင်း။ ဖင်ပါးသို့
    ထမ်းချီ ရွက်ဆောင်နိုင်သော အင်အား။ အရည်အချင်း။ သတ္တိ
    strength
    နာမ်

    ခွန်အားစိုက်

    [kʰʊ̀ɴásaɪʔ]
    မနားမနီ ကြိုးကုတ်လုံ့လ အားထုတ်ဗျာယ်
    မနားမနေ ကြိုးကုတ်လုံ့လ အားထုတ်လျက်
    with might and main
    ကြိယာဝိသေသန