Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 621–640 of 34,671 words

    က

    ကလန့်ကျင်

    [kla̰ɴt͡ɕɪ̀ɴ]
    တန်းခါးကို မြဲမြံအောင် ပိတ်ရရေ တုတ်ချောင်း
    တံခါးကို မြဲမြံအောင် ပိတ်ရသော တုတ်ချောင်း
    bolt
    နာမ်

    ကလန့်ခြွန်း

    [kla̰ɴkʰWɹáɴ]
    မားထဲမာ ဟိနိန်ရေ ကဏန်းကောင်ကို ဆွဲငင် ထုတ်ယူရန် အဖျား ကောက်ထားရေ သံချောင်း
    တွင်းထဲတွင် ရှိနေသော ကဏန်းကောင်ကို ဆွဲငင် ထုတ်ယူရန် အဖျား ကောက်ထားသော သံချောင်း
    crooked stick
    နာမ်

    ကလန့်စိမ်းပင်

    [kla̰ɴséɪɴpɪ̀ɴ]
    ဆားပျာရည် မှီရာမာ ပေါက်သော နွယ်ပင် တမျိုး
    ဆားငံရည် မှီရာတွင် ပေါက်သော နွယ်ပင် တစ်မျိုး
    grass grows in the salty water
    နာမ်

    ကလန့်ထိုး

    [kla̰ɴtʰó]
    တုတ်ချောင်းနန့် တန်းခါးကို မြဲအောင် ပိတ်ထားရေ။ ဖီလာဆန့်ကျင်သည်
    တုတ်ချောင်းဖြင့် တံခါးကို မြဲအောင် ပိတ်ထားသည်။ ဖီလာဆန့်ကျင်သည်
    latch
    ကြိယာ

    ကလန့်နွှဲ

    [kla̰ɴnW̯ɛ]
    အရေခွံ အသစ်လဲသော ကဏန်း
    အရေခွံ အသစ်လဲသော ကဏန်း
    new shell crab
    နာမ်

    ကလန့်နှိုက်

    [kla̰ɴn̥aɪʔ]
    မားထဲမာ ဟိနိန်ရေ (ကဏန်း) ကုလားမသိတ်းကို လက်နန့် ကေပင်ဖြစ်ဖြစ် အဖျားကောက်ထားရေ သံချောင်းနန့် ကေပင်ဖြစ်ဖြစ် ထွတ်သည်
    တွင်းထဲတွင် ရှိနေသော (ကဏန်း) ပုဇွန်လုံးကို လက်ဖြင့် သော်လည်းကောင်း အဖျားကောက်ထားသော သံချောင်းဖြင့် သော်လည်းကောင်း နှိုက်သည်
    crooked stick
    ကြိယာ

    ကလန့်ဖြတ်

    [kla̰ɴpʰɹaʔ]
    အလျားမဟုတ်၊ ဖီလာအနိန်နန့်
    အလျားမဟုတ်၊ ဖီလာအားဖြင့်
    flout
    ကြိယာဝိသေသန

    ကလန့်လက်မ

    [kla̰ɴlɛʔm]
    လူကို ညှပ်တတ်ရေ ကဏန်း၏ လက်မ အစုံ
    လူကို ညှပ်တတ်သော ကဏန်း၏ လက်မ အစုံ
    [fig.] spanner - wrench
    နာမ်

    ကလယ်ကလတ်

    [klɛ̀klaʔ]
    နှောင့်ယှက်ပွီလီရေ။ ခြူရေ။ ကကျီကကျောင် လုပ်ရေ
    နှောင့်ယှက်ပွေလီသည်။ ရှုပ်ပွေသည်။ ကကျီကကျောင် လုပ်သည်
    be disorganized - be in disorder - be in a mess interfere
    ကြိယာ

    ကလဝီမ

    [klwím]
    ကြမ်းတမ်း ရိုင်းဖျင်းသော မမာ့။ အကျင့် ယုတ်သော မမာ့။ ဘဘီမဟု နိမ့်ချ ပြောဆိုရေ စကား
    ကြမ်းတမ်း ရိုင်းဖျင်းသော မိန်းမ။ အကျင့် ယုတ်သော မိန်းမ။ မိန်းမရွှင်ဟု နိမ့်ချ ပြောဆိုသော စကား
    virago
    နာမ်

    ကလဝီမသား

    [klwímθá]
    ကြမ်းတမ်း ရိုင်းဖျင်းသော မမာ့။ အကျင့် ယုတ်သော မမာ့။ ဘဘီမမာ ရရေ သားဟု ကော်ချပြောဆိုရေ စကား
    ကြမ်းတမ်း ရိုင်းဖျင်းသော မိန်းမ။ အကျင့် ယုတ်သော မိန်းမ။ မိန်းမရွှင်တွင် ရသော သားဟု ဆဲရေးပြောဆိုသော စကား
    virago
    နာမ်

    ကလဝါတိုင်

    [klwàtàɪɴ]
    အလောင်းကောင်ကို သဂြိုလ်ရန် လောင်တိုက် တလား၌ အလောင်းကောင် တင်ရန် လေးဖက်၌ စိုက်ထားရေ အမာခံတိုင်
    အလောင်းကောင်ကို သဂြိုလ်ရန် လောင်တိုက် တလား၌ အလောင်းကောင် တင်ရန် လေးဖက်၌ စိုက်ထားသော အမာခံတိုင်
    four pillars
    နာမ်

    ကလာ

    [klà]
    အငှား လုပ်သူ။ အလုပ်သမား
    အငှား လုပ်သူ။ အလုပ်သမား
    workman
    နာမ်

    ကလာသား

    [klàθá]
    အသည်သားနှင့် အလာ သားရို့ စပ်ယက်၍ မွီးဖွားသော သူ။ လူဘန်ဒတ်
    အသည်သားနှင့် အလာ သားတို့ စပ်ယက်၍ မွေးဖွားသော သူ။ ကပြား
    Half-caste
    နာမ်

    ကလိ

    [klì]
    သရော်လောင်းာင်ပြောင်ရေ။ ပျက်ချော်ပြုရေ။ မြှံရေ
    သရော်လှောင်ပြောင်သည်။ ပျက်ချော်ပြုသည်။ ကျီစားသည်
    mickey
    ကြိယာ

    ကလိ၂

    [klì၂]
    တဖက်သား မခံချိမခံသာယောင် ကျီးစားပြောဆိုရေ။ မခံမရပ်နှိုင်ယောင် ပြူမူ ပြောဆိုရေ
    တစ်ဖက်သား မခံချိမခံသာအောင် ကျီးစားပြောဆိုသည်။ မခံမရပ်နိုင်အောင် ပြူမူ ပြောဆိုသည်
    guy
    ကြိယာ

    ကလိကထ

    [klìktʰ]
    ထွိမိထွိရာ။ အမျိုးမျိုး အဖုံဖုံ။ စိတ်ခြူပွေစွာ။ ကြောင့်ကြစိုက်ဗျာယ်
    ထွေထွေရာရာ။ အမျိုးမျိုး အဖုံဖုံ။ စိတ်ရှုပ်ပွေစွာ။ ကြောင့်ကြစိုက်လျက်
    miscellaneous
    ကြိယာဝိသေသန

    ကလိန်သီး

    [klèɪɴθï]
    အစာ စားနီသာ အခါမှ ပင်ဖြစ်ဖြစ်၊ ရီသောက်သော အခါမှ ပင်ဖြစ်ဖြစ်၊ နခေါင်းထဲကို တက်လားခလို့ ဖြစ်ရရေ အရာ
    အစာ စားနေသာ အခါတွင် လည်းကောင်း၊ ရေသောက်သော အခါတွင် လည်းကောင်း၊ နှာခေါင်းထဲသို့ တက်သွားသဖြင့် ဖြစ်ရသော အရာ
    choke while drinking
    နာမ်

    ကလိမ်ကဉာဏ်

    [klèɪɴkɲàn်]
    အထဲလားသော ဉာဏ်။ ဉာဏ်နက်။ ပွီလီ သပွတ်အူလိုက် ဉာဏ်
    ကောက်ကျစ်သော ဉာဏ်။ ဉာဏ်နက်။ ပွေလီ ရှုပ်ထွေးသော ဉာဏ်
    cunning
    နာမ်

    ကလိမ်ကထိန်

    [klèɪɴktʰèɪɴ]
    မပြေမပြစ် မညီမညွတ်။ အနိမ့်အမြင့်။ ကြက်တက်ကြက်ဆင်း။ ထော်ခရာဝလန့်ဆန့်
    မပြေမပြစ် မညီမညွတ်။ အနိမ့်အမြင့်။ ကြက်တက်ကြက်ဆင်း။ ထော်လော်ကန့်လန့်
    unevenly
    ကြိယာဝိသေသန